Hacker ဖြစ်ချင်လား

 ☣️Hacker ဖြစ်ချင်လား ⁉️

☣️Hacker ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ ⁉️
☣️Hacker တစ်ယောက်ဖြစ်ဖို့က မလွယ်ပါဘူး။ Hacker တစ်ယောက်လို သဘောထားနဲ့ သိချင်စိတ်ပြင်းထန်နေရပါမယ်။
1. C programming ကိုလေ့လာပါ။
☣️Programmer တိုင်းက Hacker တွေမဟုတ်ကြပေမယ့် Hacker တိုင်းကတော့ programmer တွေဖြစ်ကြပါတယ်။ C programming က powerful အဖြစ်ဆုံး language ဖြစ်တာကြောင့် C programming ကိုရရင် တခြား programming တွေကိုလေ့လာဖို့ လွယ်သွားပါလိမ့်မယ်။
2. တစ်ခုထက်ပိုတဲ့ Programming Language တစ်ခုလေ့လာပါ။
☣️ကျွန်တော်တို့ Hack မယ့်အရာ‌ေတာ်‌ေတာ်များများက Program တွေနဲ့တည်ဆောက်ထားတာပါ။ Program ရဲ့အားနည်းချက်ကိုရှာချင်ရင် Programming ကိုတတ်ထားဖို့လိုပါတယ်။ Programming မှာမှ Web Application တွေကို hacking လုပ်ချင်တယ်ဆိုရင် HTML, PHP, JavaScript စတဲ့ language တွေလေ့လာထားရမယ်။ Mobile Application ဘက်ဆိုရင် Java, Swift, C#၊ Desktop based တွေအတွက်ဆိုရင် Java, C#, C++
ဘယ်လမ်းကြောင်းကို စ၀င်ရမလဲမသိရင် Python ကို လုပ်ဖို့အကြံပေးချင်ပါတယ်။ ဒီနေ့ထိ အသုံးအများဆုံး Language တစ်ခုတွေထဲက တစ်ခုဖြစ်ပါတယ်။
Programming ကိုလေ့လာတဲ့အခါ အခြေခံ concepts တွေဖြစ်တဲ့ data types, variable manipolation, syntax, pattern တွေကိုသိနားလည်ရင် တစ်ခြား programming တွေလေ့လာတဲ့အခါ နားလည်လွယ်အထောက်အကူပြုပါတယ်။
3. Learn UNIX
☣️UNIX ဆိုတာက Operating System တစ်ခုပါ။ OS တစ်ခုရဲ့ internal ပိုင်းကိုလေ့လာပါ။ Linux commands line တွေလေ့လာပါ။ Open Source ဖြစ်တဲ့အတွက်ကြောင့် လေ့လာရတာလွယ်ကူပါတယ်။ Unix မသိပဲ Hacker တစ်ယောက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
4. Operating System တစ်ခုထက်ပိုပြီး လေ့လာပါ
☣️UNIX ကလွဲပြီး တစ်ခြား Operating System တွေအများကြီးရှိပါသေးတယ်။ အဲ့ထဲကမှ Windows Operating System အကြောင်းလေ့လာကြည့်ပါ။ သူကတော့ closed-source system တစ်ခုပါ။
National Vulnerability Databae အရ Microsoft OS မှာ ယိုပေါက်အများအပြားရှိနေတယ်လို့သိရပါတယ်။
5. Networking အကြောင်းလေ့လာပါ
☣️Hacker တစ်ယောက်ဖြစ်ဖို့ဆိုရင် Networking knowledge လိုအပ်ပါတယ်။ TCP/IP နဲ့ UDP protocol အကြောင်းတွေသိထားရင် world wide web ရဲ့ ယိုပေါက်တွေကို ထိုးဖောက်နိုင်မှာပါ။
subnet ဆိုတာလဲ၊ LAN, WAN နဲ့ VPN ဆိုတာ ဘာလဲ။
HTTP protocol တွေအကြောင်းတွေလေ့လာပါ။
6. ရိုးရိုးရှင်းရှင်းပဲစပါ၊
☣️ hacking tutorial တွေဖတ်ပါ
Hacker တွေ သုံးလေ့ရှိတဲ့ tools တွေအကြောင်းသိလာပါလိမ့်မယ်
7. Cryptography အကြောင်းလေ့လာပါ။
☣️ကျွမ်းကျင်တဲ့ Hacker တစ်ယောက်ဖြစ်ဖို့ cryptography အကြောင်းနားလည်ထားဖို့လိုပါတယ်။ cryptography technology နဲ့ encryption တွေက internet နဲ့ Networking တွေအတွက်အရေးကြီးပါတယ်။ secure communication ဖြစ်ဖို့ ဒေတာတွေပို့တဲ့အခါ အသုံးပြုပါတယ်။ ဥပမာ ATM cards, computer password နဲ့ e-commerce၊ hacking လုပ်တဲ့အချိန်မှာ ရလာတဲ့ encrypted codes တွေကို ပြန်ဖြည်ဖို့လိုပါတယ်၊ ဒီ process ကို decryption လို့ခေါ်ပါတယ်
8. စမ်းသပ်ပါ
☣️ကျွမ်းကျင် Hacker တစ်ယောက်ဖြစ်ဖို့ ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။ Laboratory တစ်ခု ကိုယ့်စက်ပေါ်မှာ တည်ဆောက်ပြီး လေ့ကျင့်ပါ၊ လေ့လာပါ။
9. စာဖတ်ပါ
☣️စာဖတ်ခြင်းက သင့်ရဲ့ အသိပညာကိုတိုးပွားစေပါတယ်။ ethical hacking နဲ့ enterprise security နယ်ပယ်က ရေးသားထားတဲ့ စာတွေဖတ်နိုင်သမျှကြိုးစားဖတ်ပါ။ စာဖတ်နှုန်းနှေးနေရင် ဒီ နယ်ပယ်ထဲမှာ တိုးတက်ဖို့ နှောင့်နှေးနေပါမယ်
10. Hacking challenge တွေ၀င်ရောက်ဖြေကြည့်ပါ။
☣️Real life experience တွေလည်းရနိုင်တဲ့အတွက် သင့်ရဲ့ hacking knowledge ပိုတိုးတက်လာနိုင်ပါတယ်။
11. Next Level: Vulnerability တွေရေးပါ။
☣️Program တစ်ခုရဲ့ယိုပေါက်ဆိုတာ program တစ်ခုရဲ့အားနည်းချက်ပါ။ ရှိပြီးသား program ရဲ့အားနည်းချက်ကိုရှာဖွေပြီး တစ်ခြားသူတွေထံမျှဝေပါ။
မည်သည့် software တွင်မဆို အားနည်းချက်အသစ်တစ်ခုကို ဖော်ထုတ်ခြင်းသည် ကျွမ်းကျင်သောဟက်ကာများလုပ်ဆောင်မည့် အစစ်အမှန်မလုပ်ဖြစ်သည်။
12. Open Source Security Project တြေထဲ ၀င်ရောက်ရေးသားပါ။
ဒီနည်းလမ်းကလည်း သင့်ရဲ့ skill ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။
13. အဆက်မပြတ် လေ့လာပြီး မျက်စိဖွင့် နားဖွင့်နေပါ။
Hacking career မှာ အောင်မြင်ဖို့သော့ချက်က အဆက်မပြတ်လေ့လာခြင်းပါပဲ။
မူရင်းpostပိုင်ရှင်အား credit ပေးပါသည်။
ဗဟုသုတအတွက်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ