"သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Soft Skills (၈) မျိုး"
"သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Soft Skills (၈) မျိုး" လုပ်ငန်းခွင်မှာ Hard Skills တွေက ကျွန်တော်တို့ကို အလုပ်ရစေနိုင်ပေမယ့်၊ တကယ့်သြဇာညောင်းတဲ့ ခေါင်းဆောင် တစ်ယောက် (High-Impact Leader) ဖြစ်လာဖို့ကတော့ Soft Skills တွေအပေါ်မှာပဲ မူတည်ပါတယ်။ အခုတစ်ခေါက်မှာတော့ "သြဇာညောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Soft Skills (၈) မျိုး" အကြောင်းကို ပြောပြပေးချင်ပါတယ်။ ထိရောက်တဲ့ ခေါင်းဆောင်မှုပုံစံကို ပိုင်ဆိုင်နိုင်ဖို့ ပျိုးထောင်ရမယ့် အရည်အချင်းတွေကတော့ ၁။ ပွင့်လင်းရိုးသားမှု - ကိုယ့်ရဲ့ ကျရှုံးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို အဖွဲ့သားတွေနဲ့ ပွင့်ပွင့်လင်းလင်း မျှဝေပါ။ ကိုယ်ကလည်း လူသားတစ်ယောက်ပဲဆိုတာကို မြင်တွေ့ရတဲ့အခါ အဖွဲ့သားတွေက ကျွန်တော်တို့အပေါ် ပိုပြီးယုံကြည်လာပါလိမ့်မယ်။ ၂။ သတ္တိရှိခြင်း - အများက မပြောရဲ မဆိုရဲဖြစ်နေရင်တောင် သက်တောင့်သက်သာမဖြစ်စေမယ့် အမှန်တရားတွေကို ပြောဆို ရဲရပါ မယ်။ လူကြိုက်များဖို့ထက် ကိုယ့်ရဲ့ သိက္ခာနဲ့ တည်ကြည်မှု (Integrity) က ပိုပြီး အရေးကြီးပါတယ်။ ၃။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း - ဆုံးဖြတ်ချက်...