ခေါင်းဆောင်

ခေါင်းဆောင်တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုတွင် အရေးပါသော Skills များ
--------------------------
အဖွဲ့အစည်းတစ်ခု တိုးတက်ရေး နှင့် ခေါင်းဆောင်တစ်ယောက် အောင်မြင်ရေးတွင် အလွန်အရေးပါသော၊ မရှိမဖြစ်သော ကျွမ်းကျင်မှု Skills များကို လေ့လာသိရှိထားရမည် ဖြစ်သည်။ ကျွမ်းကျင်ထားရမည် ဖြစ်သည်။

 ၄င်း Skills များသည် ၂၁ရာစု မျက်မှောက်ခေတ်၏ ဆိုင်ရာ အဖွဲ့အစည်းများ။ လုပ်ငန်းမျာ၏ ရှင်သန်ခြင်း၊ ကျရှုံးခြင်းတွင် ပင်မအသက်သွေးကြောကြီးများအဖြစ် တွေ့ရသည်။   ထို Skills များမှာ …

1. ခေါင်းဆောင်မှုပြောင်မြောက်ခြင်း (Leadership skill)
2. စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း (Management skill)
3. ဆုံးဖြတ်ချက်ချမှု ကျွမ်းကျင်ခြင်း (Decision making skill)
4. ပြဿနာဖြေရှင်းမှု ပိုင်နိုင်ခြင်း (Problem solving skill)
5. စေ့စပ်ညှိနှိုင်းအဖြေရှာမှု ကျွမ်းကျင်ခြင်း (Negotiation skill)
6. ဆက်ဆံရေး ကောင်းမွန်ခြင်း (Communication skill)
7. ဒေါင့်စုံဘက်စုံ စဉ်းစားနိုင်စွမ်း ရှိခြင်း (Analytical skill/Conceptual skill)
8. အနာဂတ်မဟာဗျူဟာအမြင် စွမ်းရည်ရှိခြင်း (Strategic thinking/ Planning skill)

----------------
(၁) ခေါင်းဆောင်မှု ပြောင်မြောက်ခြင်း (Leadership Skill)

Leadership skill is an essential component in organization to achieve mission, vision, objectives and goal. 

ခေါင်းဆောင်မှု ပြောင်မြောက်ခြင်းသည် အဖွဲ့အစည်းတစ်ခု အောင်မြင်ရေးတွင် အရေးအကြီးဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယင်းသည် အနာဂတ်မျှော်မှန်းချက်နှင့် ပစ္စက္ခရည်ရွယ်ချက်များကို အကောင်ထည်ဖေါ်နိုင်ရေးနှင့် ပန်းတိုင်သို့ ရောက်ရှိရေးတို့တွင်လည်း အဓိက အကျဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အဖွဲ့အစည်းတစ်ခု (နိုင်ငံတစ်နိုင်ငံ)၏ ဆိုးခြင်း၊ ကောင်းခြင်းကို တာ၀န်ယူ တာ၀န်ခံရသော ခေါင်းဆောင်သည်. . .

- ကောင်းမွန်သော ဆက်ဆံရေးများဖြင့် တခြားလူများ၏ စိတ်၀င်စားမှုကို ဖမ်းစား ဆုပ်ကိုင်ထားနိုင်ခြင်း (effectively communicate and inspire) ရှိရမည်။

- အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များနှင့် အံ၀င်သော အလားအလာကောင်းသော အရည်အသွေးရှိသူ (Resource Persons) များကို စုဆောင်းတတ်ရမည်။

- ထိုအလားအလာကောင်း အရည်အသွေးရှိသူများကို တာ၀န် ခွဲပေးတတ်သော စွမ်းရည်ကောင်း(the ability to delegate) ပိုင်ဆိုင်ထားရမည်။

- လမ်းစဉ်သစ် အခွင့်အလမ်းသစ်များဖြင့် အောင်ပွဲအလီလီ စွမ်းဆောင်လျက် အဖွဲ့အစည်း/ လုပ်ငန်းနှင့်၊ ယင်း၏ အလုပ်သမားများအား အားသစ်လောင်း တက်ကြွ ပျော်ရွှင်စေခြင်း (Motivate team through  triumphs) ရှိရမည်. .
--------------------------------

(၂) စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း (Management skill)

Management skill is the ability to understand concepts, develop ideas and implement strategies. Competencies include communication ability, response behavior and negotiation tactics.

စီမံခန့်ခွဲမှုမှု ကောင်းမွန်ခြင်း..ဆိုသည်မှာ ဆိုင်ရာလုပ်ငန်း၏ သဘောတရားများအား သဘောပေါက်ထားခြင်း။ 
အတွေးအခေါ်ကောင်းခြင်း။ လုပ်ငန်းစဉ်များကို ပြီးမြောက် အောင်မြင်အောင် သွားနိုင်ခြင်းတို့ပင် ဖြစ်သည်။

လုပ်ငန်းခွင်အတွင်း ဆက်ဆံရေးကို အကောင်းဆုံး ထိမ်းထားနိုင်ခြင်း။ ပြေပြစ်ချောမောစွာ ပြုမူတတ်ခြင်းနှင့် အချင်းချင်း ကြားတွင် ရှိသော အက်ကွဲရာများကို ကုစားရာတွင် နည်းဗျူဟာ ကောင်းတစ်ရပ် ရှိခြင်း။ ဒီအချက်များသည် စီမံ ခန့်ခွဲမှုဆိုင်ရာ စွမ်းရည်များ ဖြစ်သည်။

စီမံခန့်ခွဲမှု ကောင်းတဲ့သူတွေမှာ ပိုင်ဆိုင်ထားကြတဲ့ စကေး ၃-မျိုး ရှိပါတယ်။ ၄င်းတို့ကတော့ …

1. Human skills - လုပ်ငန်းခွင်တွင် ဆိုင်ရာအလုပ်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရန် လှုံ့ဆော်ပေးရာတွင် ကျွမ်းကျင်ခြင်း။ 
2. Technical skills - လုပ်ငန်းယန္တရား အားကောင်းကောင်းဖြင့် လည်ပတ်နိုင်ရန် လိုအပ်သော နည်းပညာများ။ ဆက်စပ်ဗဟုသုတများအား Update လုပ်ပေးနိုင်ခြင်းနှင့်။ 
3. Conceptual skills - ဆိုင်ရာလုပ်ငန်းတစ်ခုလုံး၏ ကောင်းကွက်။ ဟာကွက်များကို သိမြင်နိုင်စွမ်းရှိခြင်း။ အချိန်မီ ပြင်ဆင်နိုင်ခြင်း တို့ပဲ ဖြစ်တယ်။

တဖန် စီမံခန့်ခွဲမှုပညာရပ်မှာ စွမ်းဆောင်ရည်ကို ပြသရသော အဓိက အစိတ်အပိုင်းတွေကတော့ - 

- လူ(လူ၏ စွမ်းရည်)ကို စီမံခန့်ခွဲ နေရာတကျ ချပေးခြင်း။ (Human resource management)
- အချိန်ကို ဖြုန်းတီးမှု မဖြစ်စေပဲ စနစ်တကျ စီမံခန့်ခွဲပေးခြင်း။ (Time management)
- ငွေကို စနစ်တကျ တွက်ချက်၍ စီမံခန့်ခွဲ ပေးခြင်း။ ( Money management)
- လူမှန်၊ နေရာမှန်၊ အချိန်မှန်နှင့် ယင်းတို့၏ အကျိုး/အပြစ် ဖြစ်နိုင်ခြေတို့ကို သုံးသပ် ဆုံးဖြတ်ပေးရခြင်း တို့ဖြစ်သည်။ (Right person, right job, right time, and its impacts)

လူအများစုသည် ခေါင်းဆောင်နှင့် မန်နေဂျာကို ရောထွေး နားလည်ထားကြသည်ကို တွေ့ရပြန်ပါသည်။

ယင်းကို လို၊တို၊ရှင်း ခွဲပြရရင် - 

ခေါင်းဆောင်သည် 
ကိုယ်ပိုင် အမြင်သစ်များဖြင့် လမ်းကြောင်းသစ်ဖောက်သွားကာ ရလာဒ်သစ်များကို သယ်ဆောင်ပေးနိုင်သော စွမ်းရည်တစ်ရပ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ( Good leader has the ability to create new vision with new results)

မန်နေဂျာ ဟူသည်ကား. . .
သူဌေးက သတ်မှတ်ပေးထားသော စည်းကမ်းပေါ်က လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် စွမ်းဆောင်ပြရသူ။ 
သို့မဟုတ် ခေါင်းဆောင်က ချမှတ်ပေးထားသော လမ်းစဉ်ကနေ ပန်းတိုင်သို့ အရောက် လျှောက်လှမ်းရသူ ဖြစ်သည်။

ခေါင်းဆောင်တစ်ဦးမှာ မန်နေဂျာ စွမ်းရည်တွေကို တွေ့ရနိုင်ပေမဲ့… မန်နေဂျာတစ်ဦးကတော့ ခေါင်းဆောင်တစ်ဦး၏ စွမ်းရည်မျိုးကို ပြည့်မီဖို့ နောက်တဆင့် တက်လှမ်းရဦးမယ့်သူပဲ ဖြစ်တယ်။
-----------------

(၃) ဆုံးဖြတ်ချက်ချမှု ကျွမ်းကျင်ခြင်း (Decision making skill)

Decision-making skill is regarded as the cognitive process resulting in the selection of a belief or a course of action among several alternative possibilities.

မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်သူ (Right decision maker)တို့သည် အဖွဲ့အစည်းနှင့် ဆက်နွယ်သော အတွင်း/အပြင် အချက်အလက်များကို ကောင်းစွာ နိုးကျေ သဘောပေါက်ထားသူ။ ထိုသို့ နားလည်ထားသည်များထဲမှ အကောင်းဆုံး ဖြစ်နိုင်ခြေများကို အဖွဲ့အစည်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ် ရွေးချယ် သတ်မှတ်ပေးနိုင်ခြင်း စွမ်းရည်တစ်မျိုးပင် ဖြစ်သည်။

- အဖွဲ့အစည်း၏ အတွင်းအားကို သိခြင်း (Internal force)
- အဖွဲ့အစည်းနှင့် ဆက်နွယ်နေသော အပြင်အားကို သိမြင်ထားခြင်း (External force)
- အကောင်းဆုံး အားသာချက်များကို ရှာဖွေနိုင်စွမ်းရှိခြင်း (Strategic Thinking or Ability to select possibilities) 
- ရှေ့ဆက်လုပ်ငန်းစဉ်၏ ရေတို/ရေရှည်စီမံကိန်းများတွင် ထဲ့သွင်း အကောင်ထည်ဖေါ်ခြင်း (Strategic plan in short-turn and long turn)

-----------------------------------

(၄) ပြဿနာဖြေရှင်းမှု ကျွမ်းကျင်ခြင်း (Problem solving skill)

Problem solving skill is a fundamental part of every leaders and every organizations’ role is finding effective ways to solve them. 

ကျွမ်းကျင်သော ပြဿနာဖြေရှင်းနည်းသည် 
 အဖွဲ့သားတို့၏ သဟဇာဖြစ်ရေး(Pluralism/Unity/ strengthens in diversities)နှင့်
 အဖွဲ့အစည်း ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး (Stable/ Sustainable development)တွင်
အခြေခံအကျဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ 

ယင်းသည် အဖွဲ့အစည်း၏ ပြဿနာများကို ဖြေရှင်းရန် အထိရောက်ဆုံးသော နည်းလမ်းများကို ရှာဖွေ၊ ဖြေရှင်းနိုင်သော စွမ်းရည်ဖြစ်သည်။  

The problems, organizations or leaders, face can be large or small, simple or complex, and easy or difficult. 

အဖွဲ့အစည်းအတွင်း ရင်ဆိုင်နေရသော ပြဿနာများသည် ကြီးသော၊ ငယ်သော။ ရိုးရှင်းသော၊ ရှုပ်ထွေးသော။ လွယ်ကူသော၊ ခက်ခက်သော ပြဿနာအမျိုးမျိုး ရှိတတ်သည်။

Problems can also be opportunities: they allow you to see things differently and to do things in a different way: perhaps to make a fresh start. 

ပြဿနာကို ပြဿနာလို့ ကြည့်မြင်တတ်ခြင်းထက်၊ သမရိုးကျလမ်းက ဖေါက်ထွက်လို့ အခွင့်အလမ်း အသစ်များကို ရှာဖွေရန် လမ်းစ အခွင့်အလမ်းဟု ကြည့်မြင်တတ်ခြင်းက အားနည်းချက်များကို ရှောင်၍၊ အားသာချက်ဖက်သို့ ဦးတည်သွားစေ၏။ ဤအမြင်သည် -  

 ခေါင်းဆောင်၏ အရည်အသွေးကို ထပ်လောင်း တိုးတက်စေသည်။ 
 အဖွဲ့အစည်း၏ ဆန်းသစ်သော တိုးတက်မှုများကို တွေ့မြင်ရမည် ဖြစ်သည်။

A problem is rising up while a good answer cannot found. But it is solved when a clear answer find. 

ပြဿနာတစ်ခုသည် လက်သင့်ခံနိုင်လောက်သော အဖြေကောင်းတစ်ခုကို ရှာဖွေ၍ မတွေ့ရှိမီကာလတွင် ကြီးထွားလာနေတတ်၏။ သို့သော် ရှင်းလင်းသော အဖြေကောင်းတစ်ခုကို တွေ့ရှိသောအခါ ထိုပြဿနာသည် ပြေပျောက်သွားတတ်စမြဲပင်။

ထို့ကြောင့် ရှင်းလင်းသော အဖြေကို ရှာဖွေရန် -
 ပြဿနာကို ဦးစွာ သိအောင်လုပ်ပါ (What)
 ဘယ်သူတွေ၊ ဘယ်နေရာမှာ ဖြစ်တယ် (Who/ where)
 ဖြစ်ရသည့် အကြောင်းရင်းကို ရှာပါ (Why) (roots courses) 
 ပြေလည်သွားနိုင်သည့် နည်းလမ်းဟူသမျှကို ဖေါ်ထုပ်ပါ။ (How)
 ထိုထဲမှ အထိရောက်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းရန် ချဉ်းကပ်ပါ (Effective ways)
--------------------------------------

(၅) စေ့စပ်ညှိနှိုင်း အဖြေရှာနည်း (Negotiation skill) 

Negotiation skill is a dialogue between two or more people or organizations intended to reach a beneficial outcome over one or more issues.

ကျွမ်းကျင်သော စေ့စပ်ညှိနိုင်း အဖြေရှာနည်းသည် လူနှစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းများ အကြား သင့်လျော်သော အဖြေတစ်ခုကို ရနိုင်ရန် နှစ်ဖက်စေ့စပ်ညှိနိုင်း အဖြေရှာရာတွင် ကျွမ်းကျင်သော စွမ်းရည် ဖြစ်သည်။

စေ့စပ်ညှိနိုင်းအဖြေရှာနည်း ၃-မျိုး/ 3 types of Negotiation Skills

1. တဖက်နိုင် နည်းလမ်း (Zero sum game/ win-lose)
အားကြီးသူက ရသမျှ အကုန်သိမ်းကြုံး အနိုင်ယူသွားတဲ့ နည်းလမ်း ဖြစ်တယ်။

2. နှစ်ဖက်ရှုံး နည်းလမ်း (Negative Sum Game/ Lose-lose)

နှစ်ဘက်လုံးက အလုပ်ဖြစ်စေမယ့် IQ/EQ ပညာ အားနည်းတယ်။ အလုပ်မဖြစ်တဲ့ အတ္တမာန၊ ဒေါသတွေများပြီးတော့ အငြင်းပွါးအချိန်ကုန်မယ်။ ပဋိပက္ခဖြစ်မယ်။ ဒါသည် နှစ်ဘက်ရှုံး နည်းလမ်း ဖြစ်တယ်။

3. နှစ်ဖက်နိုင် နည်းလမ်း (Positive sum game (win-win)

နှစ်ဖက်လုံးက အလုပ်ဖြစ်စေတဲ့ စိတ်နေစိတ်ထား လုပ်နည်းလုပ်ဟန်နှင့် IQ/EQ ပညာအားကောင်းတဲ့ ကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးမယ်။ 

နှစ်ဖက်လုံးက လက်ခံနိုင်တဲ့ အကျိုးတူ မျှဝေခံစားလိုတဲ့ ဘုံအကျိုးရလာဒ် ပလက်ဖောင်းတစ်ခုမှာ အတူရပ်မယ်။ 

နှစ်ဖက် အတိုးအလျော့နည်းလမ်းတွေနှင့် စားပွဲခုံအပေါ်မှာ လက်သင့်ခံ နှစ်ဘက်ကျေနပ်နိုင်တဲ့ ရလာဒ်အဖြေရလာဒ်တစ်ခုကို ရှာမယ်။ အဖြေကို ရမယ်။ 

ဒါသည် နိုင်ဘက်နိုင် အဖြေဖြစ်တယ်။ 
ခဏတာ ရသမျှအကုန်ယူလိုတဲ့ နည်းလမ်းကို ရှောင်ကြည်ပြီး၊ 

ရေရှည် အကျိုးတူ ရလာဒ်ကောင်းအတွက် လုပ်ဖေါ်ကိုင်ဖက်ဖြစ်ရေးကို ဦးစားပေးတဲ့ နည်းလမ်း ဖြစ်တယ်။
………

စေ့စပ်ညှိနိုင်းမှု Negotiation Skill ကျင့်သုံးရာတွင် အောင်မြင်မှု ရှိ၊ မရှိကို တိုင်းတာတဲ့ သီအိုရီတစ်ခုကတော့ H.L.M ပဲ ဖြစ်တယ်။

၁။ အမြင့်ဆုံး ရလာဒ် - High: achieving highest level 100%

နှစ်ဖက်လုံး ရာခိုင်နှုန်းအပြည့် အောင်မြင်ကျေနပ်တဲ့ အမြင့်ဆုံး ညှိနိုင်းစေ့စပ်နည်း ဖြစ်ပါတယ်။

၂။ အနိမ့်ဆုံး ရလာဒ် - Law: achieving at least 50%

ဒီ ၅၀% က အနိမ့်ဆုံး သဘောတူညီမှု ရလာဒ်တခု ဖြစ်ပါတယ်။ ဆွေးနွေးပွဲ မအောင်မြင်ပဲ ပင်ရင်းအတိုင်း အခွင့်အလမ်း ထူးမလာတဲ့ နည်းဖြစ်ပါတယ်။

၃။ အလယ် ရလာဒ် - Medium: achieving 75% level

ဒါကတော့ တဖက်ဖက် အားနည်း၊အားများ အပေါ်မူတည်လို့ အတိုး/အရှော့ ကစားတဲ့ Bargaining Negotiation Skills ကိုသုံး၍ အလယ်အလတ် လက်သင့်ခံနိုင်တဲ့ ရလာဒ်တစ်မျိုးကို သဘောတူကာ အတူပူးပေါင်း ရှေးသို့ ခရီးဆက်ကြမယ့် နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

-------------------------------------

(၆) ဆက်ဆံရေး ကျွမ်းကျင်ခြင်း (Communication skill)

Communication skill is the ability to convey or to share ideas and feelings effectively.

ဆက်သွယ်ရေး ဆက်ဆံရေး ကျွမ်းကျင်ခြင်း ဟူသည် တဖက်လူကို မိမိ၏ အတွေးအခေါ်နှင့် ထင်မြင်ယူဆချက်များကို ထိထိရောက်ရောက် ဆက်သွယ် ဆက်ဆံနိုင်တဲ့ စွမ်းရည်ပဲ ဖြစ်တယ်။

အကျိုးများတဲ့ တိုးတက်မှုဖြစ်စဉ်ကြီးတစ်ခုကို တစ်ယောက်တည်း မည်သူမျှ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ အများနှင့် ပူးပေါင်းလုပ်ဆောင်ကြရတာချဉ်း ဖြစ်တယ်။ ဒါ့ကြောင့် -

- ကိုယ့်အဖွဲ့ထဲမှာ အချင်းချင်း ဆက်သွယ်မှု၊ ဆက်ဆံရေးတွေ ကောင်းရမယ်။
- တခြားအဖွဲ့နှင့်လည်း အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် ဆက်ဆံရေး ရှိရမယ်။
- ကမ္ဘာကြီးဟာ ရွာလေးမို့ ဘာသာစကား ကျွမ်းကျင်ထားရမယ်။
- အချက်အလက်နှင့် Public Speaking skills လူထုရှေ့မှာ စကားပြော ကောင်းရမယ်။

- ကိုယ်အလေးထားတတ်တဲ့ အရာတွေကို သိထားသလို၊ တခြား လူ၊ အဖွဲ့အစည်း၊ ဘာသာ၊နိုင်ငံများက အလေးထားတဲ့ အရာကိုလည်း သိထားရမယ်။ အလေးထား ပြုမူ ဆက်ဆံရမှာ ဖြစ်တယ်။

လူတစ်ဦးနှင့်တစ်ဦးအကြားမှာ။ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုကြားမှာ အကျိုးတူပူးပေါင်း ဆက်ဆံရေးကို ရည်ရှည်ဆက်ထိမ်းထားဖို့ဆိုရင်. . . 

- ကောင်းမွန်သော ဆက်ဆံရေးရှိရမယ် (good communication)
- ယုံကြည်မှုကို အလေးထားရမယ် (Trust building) 

ဒီစကားလုံးနှစ်လုံးကို သတိထားရမှာ ဖြစ်တယ်။
-------------------------------

(၇) ဒေါင့်စုံဘက်စုံ စဉ်းစားနိုင်စွမ်း ရှိခြင်း (Analytical skill/Conceptual skills)

Analytical skill is the ability to visualize, articulate, conceptualize or solve both complex and uncomplicated problems.
 
ဘက်ပေါင်းစုံ စဉ်းစားနိုင်ခြင်း…ဟူသည် ရှုပ်ထွေးသော ပြဿနာ၊ မရှုပ်ထွေးသော အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော၊ ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း ရှိသော အရည်အသွေးတစ်မျိုး ဖြစ်သည်။

ဒီအရည်အသွေးသည် သိန်းငှက်တစ်ကောင်နှင့် အလားသဏ္ဍာန်တူတယ်။ 

သိန်းငှက်ကြီးသည် အမြင့်ဆုံး ကောင်းကင်သို့ ပျံတက်နိုင်စွမ်းရှိတယ်။ သန်မာအားကောင်းသော တောင်ဖံများရှိတယ်။ အပေါ်စီးမှနေ၍ မြင်ကွင်းကို ရှင်းလင်းစွာ ကြည့်မြင်နိုင်စွမ်းရှိတယ်။ 

ဆုံးဖြတ်ချက်ကို တိကျမှန်ကန်စွာ ချမှတ်နိုင်စွမ်းရှိတယ်။ ပစ်မှတ်ကို လျင်မြန်သွက်လက်စွာ ဖမ်းယူ ဆုပ်ကိုင်နိုင်စွမ်းလဲရှိတယ်။ သူ့အသိုက်အမြုံအပေါ်မှာ ကတိသစ္စာ ခိုင်မြဲတယ်။`
 
ဒီသိန်းငှက်တစ်ကောင်ရဲ့ အားသာချက်များသည် အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေဆီမှာ ရှိထားရမှာ ဖြစ်တယ်။ အပေါ်စီးမှနေ ပြဿနာများ၊ အခက်ခဲများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ စွမ်းရည် ရှိရမှာ ဖြစ်တယ်။
-----------------------------------

(၈) အနာဂတ်မဟာဗျူဟာအမြင် စွမ်းရည်ရှိခြင်း (Strategic thinking/planning skill)

Strategic Thinking skill is the ability to come up with effective plans in line with an organization's objectives within a particular organization situation. 

မဟာဗျူဟာ အမြင် ဆိုသည်မှာ အဖွဲ့အစည်းကို ထိရောက်သော စီမံကိန်း လုပ်ဆောင်ချက်များဖြင့် အောင်မြင်သော လမ်းကြောင်းပေါ်ကို ဆွဲတင်ပေးနိုင်သော စွမ်းရည်တစ်မျိုး ဖြစ်သည်။

Strategic thinking helps leaders review policy issues, perform long term planning, set goals and determine priorities, and identify potential risks and opportunities.

မဟာဗျူဟာ အမြင်ရှိသော ခေါင်းဆောင်သည် အရေးကြီးကိစ္စများ၏ ကျင့်သုံးရမည့် ပိုလစီမူဝါဒများကို သိထားတယ်။ ယင်းကို ရည်ရှည် တိုးတက်မှုဖြစ်စဉ် စီမံကိန်းများတွင် လက်တွေ့ ကျင့်သုံးတယ်။ အဖွဲ့၏ ဦးစားပေး အလုပ်များကို စွမ်းဆောင်လျက် ပန်းတိုင်သို့ အရောက်ပို့ရတယ်။ 

အခွင့်အလမ်းနှင့် စိန်ခေါ်မှု စွန့်စားမှု အလားအလာများကို သုံးသပ် ဆုံးဖြတ်ရတယ်။ ဒါတွေသည် မဟာဗျူဟာအမြင် ရှိတဲ့ ခေါင်းဆောင်တစ်ဦးမှာ အဖွဲ့အစည်း ထပ်လောင်း အားကောင်းလာရေးမှာ မရှိမဖြစ် လိုအပ်သော အချက်များပင် ဖြစ်သည်။

အထက်ပါ ကျွမ်းကျင်မှု Skills ၇-ချက်သည် တိုးတက်သော အဖွဲ့အစည်း။ အောင်မြင်လိုသော ခေါင်းဆောင်တိုင်းမှာ လေ့လာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ 

မျက်မှောက်ကာလ ၂၁ ရာစုတွင် အောင်မြင်နေသော အဖွဲ့အစည်း ကြီး/ငယ်များ၏ ခေါင်းဆောင်များသည် အထက်ပါ စကေးများကို လက်တွေ့ ကျွမ်းကျင်စွာ ကျင့်သုံးနေကြသည်ကို လေ့လာတွေ့ရှိရမှာ ဖြစ်တယ်။

ဤအချက်များသည် မျက်မှောက်ခေတ်တွင် အဖွဲ့အစည်းတစ်ခုနှင့် ခေါင်းဆောင်တစ်ဦး၏ ရှင်သန်ခြင်း။ သေဆုံးခြင်းကို အဖြေပေးနိုင်စွမ်းရှိတဲ့ ပင်မအသက်သွေးများသဖွယ်ပင် ဖြစ်တော့သည်။
.........

နောက်ဆုံးအနေဖြင့် အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ရေးမှာ သတိထားရမည့် (S) ၇-လုံးကို Share မျှဝေပါ့မယ်။ 

- Structure - အလုပ်ဖြစ်သော အဖွဲ့အစည်း တည်ဆောက်ပုံ ရှိရမယ်။
- System - အလုပ်ဖြစ်သော၊ ကောင်းမွန်သော စနစ်ရှိရမယ်။
- Skills - ဆိုင်ရာကဏ္ဍများတွင် ကျွမ်းကျင်မှု ရှိနေရမယ်။
- Staffs - ဆိုင်ရာအလုပ်နှင့် အံ၀င်တဲ့ Resources person အလုပ်သမားများ ရှိရမယ်။
- Strategy - မဟာဗျူဟာအမြင်မှာ တခြားသူများထက် ခြေတစ်လှမ်း သာနေရမယ်။
- Shared value/ vision - တန်းဖိုးများ၊ အနာဂတ်အမြင်များကို မျှဝေတတ်ရမယ်။
- Style - ကိုယ်ပိုင် ဆန်းသစ်တဲ့ အသွင်သဏ္ဍာန်တစ်ရပ် ရှိနေရမယ်။ ပုံတူကိုပီ မကူးရဘူး။

ဒီ S- ၇-ချက်လုံးသည် အဖွဲ့အစည်းတစ်ခုအတွက် အရေးကြီးသော အစိတ်အပိုင်းကြီးများပင် ဖြစ်သည်။

 ဒီအချက်တစ်ခုချင်းစီကို အကောင်းဆုံးကြိုးစားပြင်ဆင်လျက် တိုးတက်အောင်မြင်သော အဖွဲ့အစည်းတစ်ခု ဖြစ်အောင် ပေါင်းစပ် ပုံဖေါ်ထားခြင်းပင် ဖြစ်ပါသည်- - -
အောင်မြင်သော ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေလို့. . .
Crd:Ashin Panna
https://m.facebook.com/essentialleadershipforpeople/

Crd: Essential Leadership

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

အငုံစိတ်

အလုပ်အတွက်

မိမိ