Protocols
Protocols
Protocols ဆိုတာကို IT သမားတိုင်းကြားနေကြပါ ထဲ့လဲပြောဆိုနေကြတာပါပဲဒါပေမဲ့သေချာသိတဲ့သူရှိသလိုအရမ်းနားမလည်တဲ့သူတွေလည်းရှိပါတယ်။ခုလဲ network protocols တွေနဲ့ပတ်သတ်တဲ့အခြေခံ Knowledgeလေးတွေ Share ပေးလိုက်ပါတယ်။
protocols ဆိုတာဘာလဲ protocols ဆိုတာ Rules တနည်းပြောရရင် စည်းမျဉ်းသက်မှတ်ချက်တစ်ခုပေါ့
ဥပမာအနေနဲ့ပြောရင် ရက်၊လ၊နှစ် သက်မှတ်ချက်လိုပါပဲ တစ်ပတ် ၇ ရက် တစ်နှစ် ၁၂ လ ရှိတယ်ဆိုတာကို ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတိုင်းကလက်ခံကျင့်သုံးကြပါတယ် အားလုံးသဘောတူတယ်ပေါ့ အဲ့လိုမှမဟုတ် ကိုယ့်ဟာကို တစ်ပတ် ၂ ရက် စနေ၊တနင်္ဂနွေ ပဲထားမယ်ဆိုရင်
IP: Internet Protocol
=====================
Internet Protocol ကတော့ Network လောကရဲ့အစပဲဖြစ်ပါတယ်။ IP ရဲ့အဓိကကတော့ အားလုံးသောကွန်ပျူတာနဲ့ network ပစ္စည်းတွေချိတ်ဆက်တဲ့အခါမှာ တစ်ခုချင်းစီရဲ့ network address နံပါတ်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါ IP Address ပေါ့
ဥပမာ- -192.168.1.1- တို့ဘာတို့လိုပေါ့ ခုနောက်ပိုင်းမှာတော့အသုံးပြုတဲ့အရေအတွက်များလာလို့ နံပါတ်တွေအလွတ်လျော့နည်းလာတာနဲ့ IP version အသစ် IPV6 ကို စတင်အသက်သွင်းသုံးစွဲနေကြပါပြီ (ဥပမာ- 2001:0db8:85a3:0000:0000:8a2e:0370:7334)
FTP:File Transfer Protocol
==========================
FTP protocol ကတော့ရှေးကျတဲ့ protocol တွေတည်းကတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး device တစ်ခုနှင့်တစ်ခု TCP/IP network ထဲမှာဖိုင်တွေဒေတာတွေပို့ဆောင်ရာမှာလိုက်နာရမည့်စည်းမျဉ်းသက်မှတ်ချက်တစ်ခုပါ။ယေဘူယပြောရရင်တော့ FTPကိုdataတွေ Sever ပေါ်ကိုပို့တာ Server ကနေဒေါင်းတာတွေမှာအဓိကသုံးတဲ့ standard တစ်ခုအနေနဲ့သုံးပါတယ်။ FTP ဟာလွယ်ကူတဲ့နည်းတစ်ခုဖြစ်သလိုရိုးရှင်းတာကြောင့်အသုံးများပေမဲ့ FTP ဟာသူ့ရဲ့မူလ Defautl setting အတိုင်း implement လုပ်သုံးရင်တော့ လုံခြုံရေအရမ်းအားနည်းပါတယ်။လုံခြုံရေးကောင်းအောင် usear access တွေနဲ့ server ကနေသေချာ control လုပ်သုံးကြသော်လည်းနောက်ပိုင်းမှာပိုပြီး security ကောင်းအောင် SFTP (Secure FTP protocol)ဒါမှမဟုတ် SSH File Transfer protocol တွေကိုသုံးလာကြပါတယ်။
SSH:Secure Shell
=================
SSH နှင့် FTP ဟာတကယ်တော့လုပ်ဆောင်ချက်စံဆင်တူပါပဲ။ဒါပေမဲ့ပိုမိုလုံခြုံစိတ်ချရတဲ့ cryptographic system ကိုအသုံးပြုထားတာြဖစ်ပြီးdata communication လုပ်တဲ့အခါမှာ လျှို့ဝှက်စကားဝှက်ပုံစံမျိုးနဲ့ပို့တာပေါ့။အဲ့တာကြောင့်သာမန်ဖိုင်တွေပို့ရုံ၊ဒေါင်းရုံတင်မဟုတ်ပဲ အဝေးကနေပြုလုပ်တဲ့ remote access and remote command တွေလုပ်တဲ့အခါမှာအသုံးများကြပါတယ်။အဝေကနေ server တွေဘာတွေလှမ်းပြီး access လုပ်တာ service လုပ်တာတွေတွေ့ဖူးကြမှာပါ PuTTY တို့ OpenSSH တို့စတဲ့ SSH software လေးတွေသုံးဖူးကြမှာပါ command line နဲ့ remote လုပ်တာပါ GUI ကတော့ Team Viewer တို့ဘာတို့ကအသုံးများပါတယ်။
SSL:Secure Socket Layer
=======================
SSL ကတော့ကျွန်တော်တို့wbsite တေကြည့်တဲ့နေရာမှာတွေ့ကြမှာပါ အဓိက ကတော့ web clinets နှင့် web server ကြားမှာ secure connection ရအောင်လုပ်ပေးတဲ့ protocol တစ်ခုပါ data communication ကို encrypted လုပ်ထားပေးတာပေါ့ နောက်ပိုင်းမှာတော့ SSL ကိုအခြခံပြီး TLS ဆိုပြီးထက်ပေါ်လာပါတယ် ဒါပေမဲ့
ကျွန်တော်တို့ setting တွေမှာတွေ့ရရင် SSL/TLS ဆိုပြီးပေါင်းရေးထားတာတွေ့နိုင်ပါတယ် ယေဘူယအားဖြင့်တော့ web security အတွက်အသုံးပြုတဲ့စံသက်မှတ်ချက်လို့မှတ်ထားလို့ရပါတယ်။နောက်ပိုင်း SSL methodကို eamil တွေ file transfer တွေ chat တွေမှာပါအသုံးပြုလာကြပါတယ်။ခုပြောပြတာက အကြမ်းဖြင်းပါ SSL ရဲ့တဆင့်ခြင်းအလုပ်လုပ်ပုံနဲ့ဘယ်လို secure ဖြစ်အောင်လုပ်လဲဆိုတာနောက်မှတစ်ခုချင်းအကျယ်ရေးပါမယ်။
TELNET(telnet)
==============
telnet လေးကိုထဲ့ရေးရတာကတော့သူလည်း SSH လိုပါပဲ remote access လုပ်တဲ့ protocol လေးပါ ဘယ်လောက်ပဲ server,computer နဲ့ဝေးကွာနေပါစေ ရှေ့မှာထိုင်ပြီး contorl လုပ်နေရသလိုလွယ်ကူမြန်ဆန်တဲ့ protocol လေးပါ။အရင်ကကျွန်တော်တို့အရမ်းအသုံးပြုခဲ့ကြပါတယ်။ဒါပေမယ့် သူက data ပို့တဲ့အခါမှာတော့ဘာ encrypt မှမလုပ်ထားပါဘူးအဲ့တွက်ကြောင့် security အတွက်တော့အဆင်မပြေပါဘူး။
SMTP: Simple Mail Transfer Protocol
===================================
SMTP ကတော့ကျွန်တော်တို့အင်တာနတ် email တွေပို့တဲ့နေရာမှာအသုံးပြုတဲ့စံသက်မှတ်ချက်တစ်ခုပါ။ Email တစ်စောင်စပို့တာနဲ့ အဆင့်ဆင့်ဘယ်လိုပို့လိုက်တယ်ဆိုတဲ့ဟာပေါ့ အဲ့တော့ကျွန်တော်တို့ Web Browser ကနေ webmail တွေသုံးနေရင်တော့ကိစ္စမရှိပါဘူး အဲ့ webmail တွေကို email software တခုခုနှင့်သုံးတော့မယ် file တွေ data တွေကိုယ့်ကွန်ပျူတာထဲကျန်အောင်သုံးတော့မယ် ဥပမာ microsoft outlook တို့ Thunderbird တို့ eM Client တို့လိုဟာတွေသုံးရင် mail ပို့ဖို့အတွက် SMTP setting ထဲ့ပေးရပါတယ်။ ဥပမာ mail server,user,password,ports စသဖြင့်ပေါ့သက်ဆိုင်ရာ webmail အလိုက်ထဲ့ပေးရပါတယ်။
POP3:Post Office Protocol
=========================
POP protocol version 3 ကတော့ SMTP နဲ့ပြောင်းပြန်ပေါ့အပို့ပြီးတော့အဖတ်ပေါ့ email တွေ webmail server ကနေကိုယ့် computer ထဲကိုဆွဲယူပေးတဲ့ protocol ပေါ့။သူလဲအပေါ်ကပြေသလိုပါပဲ setting လိုအပ်ချက်အတူတူပါပဲ။
IMAP4:Internet Message Access Protocol
======================================
IMAP ကတော့ POP3 နဲ့တူတူပါပဲဒါပေမဲ့သူက POP3 ထက်ပိုပြီး features ပိုစုံပါတယ်။ အဲ့တော့ user အနေနဲ့ email လက်ခံတဲ့နေရာမှာ ကြိုက်တဲ့ protocol နဲ့လက်ခံလို့ရပါတယ် ဒါပေမဲ့ ၂ ခုတွဲသုံးလို့တော့မရပါဘူး တခုပဲသုံး ရမှာပါ။
HTTP: Hyper Text Transfer Protocol
==================================
HTTP ဒါကတော့အားလုံးသိပြီးသားထင်ပါတယ် website တွေဝင်ကြည့်နေကြတာ တချိန်လုံးတွေ့နေရတဲ့ Protocol တစ်ခုပါအထူးပြောစရာမလိုပါဘူး။ HTTP ကအင်တာနတ်ထဲမှာ web server ကနေ ကြည့်နေတဲ့ web browser စီကို Hyper Text Markup Language(HTML) တွေနဲ့ သူနဲ့သက်ဆိုင်တဲ့ script တွေ ဥပမာ java script, CSS တို့လိုဟာတွေကို ပို့ဆောင်ပေးတဲ့နေရာမှာသုံးတဲ့ protocol ပါ။ ဘာလို့လဲဆိုတော့အခြခံအားဖြင့် website မှန်သမျှဟာ HTML ပေါ်အခြေခံရေးသားထားပြီး တခြား script တွေနဲ့တံစာဆင်ထားတာမို့လို့ပါပဲ။
HTTPS: Hypettext Transfer Protocol Secure
=========================================
HTTPS ကတော့ အပေါ်မှာပြောထားတဲ့ HTTP ကို secure ဖြစ်အောင်လုပ်ထားတဲ့ protocol ပါပဲ။အကြမ်းဖြင်းပြောရင်တော့ HTTP ပေါ်မျာ SSL သုံးပြီးအပေါ်ကအုပ်ထားပေးတဲ့ပုံစံမျိုးလို့ပြောလို့ရပါတယ်။
SIP:Session Initiation Protocol
===============================
SIP ကိုဘာလို့ထဲ့ရေးတာလည်းဆိုတော့ နောက်ပိုင်းကျွန်တော်တို့စီမှာ အင်တာနတ်တွေကောင်းလားတော့ video call တွေ voice call တွေလုပ်တာ online ကနေ video ကြည့်ကြတာများလာတော့ အဲတာလေးလဲထဲ့လိုက်တာပါ SIP ကတော့ အင်တာနတ်ပေါ်က TCP/IP network ပေါ်ကနေ ခုနကပြောတဲ့ video call တွေ voice call တွေလုပ်တဲ့အခါသုံးတဲ့ signaling communication portocol တစ်ခုဖြစ်ပါတယ်။ လိုင်းစချိတ်တာ authentication လုပ်တာတွေလုပ်ဆောင်ပါတယ်။ အတော်အသင့် secure ဖြစ်တယ်ဆိုပေမဲ့ ကြားဖြတ်ပြီး SIP ကိုချိုးဖောက်ပြီး voice call တွေ video call တွေခိုးဝင်နားထောင်လို့ရတဲ့နည်းတွေ Tools တွေလည်းအများကြီးပေါ်နေတာမို့အရမ်းစိတ်ချရတဲ့ထဲတော့မပါဘာဘူး သတိတော့ထားကြပေါ့
