ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား

 close-icon

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား

ယုန်မွေးတာ ကျန်းမာရေးကို ထိခိုက်စေသလား။

အိမ်မွေးတိရိစ္ဆာန်လို့ ဆိုလိုက်ရင် ခွေးလေး ကြောင်လေးတွေသာမက ငါးလေးတွေ၊ ငှက်လေးတွေ၊ ယုန်လေးတွေကိုပါ မွေးမြူတတ်ကြပါသေးတယ်။ ဒီတစ်ခေါက်တော့ အိမ်မွေး တိရစ္ဆာန် အနေနဲ့ ယုန်လေးတွေကို မွေးမြူသင့်လား။ ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ယုန်ကလေးတွေကို မွေးမြူသင့်လား။

ယုန်လေးတွေက ပုံမှန်အားဖြင့်တော့ ချစ်စရာကောင်းသလို သေသေချာချာ သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုတောင် ပေးစွမ်းနိုင်ပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို မွေးမြူသင့်လားဆိုတော့ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မွေးပါလို့ ရတယ်လို့ ပြောပါရစေ။

ယုန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး၊ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ကျန်းမာရေး အာနိသင်ကို ပေးပါတယ်။ အခြား အိမ်မွေးတိရစ္ဆာန်တွေထက် ထိန်းသိမ်းရလွယ်တာကြောင့် မွေးရလွယ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်မျိုးပါ။

ယုန်လေးတွေ မွေးမယ်ဆိုရင် ဘာတွေသတိထားရမလဲ……………

ယုန်လေးတွေက ချစ်စရာ ကောင်းပေမယ့် အခုလို ကျန်းမာရေး ပြဿနာလေးတွေ ရှိနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

ဓာတ်မတည့်မှု

ယုန်လေးတွေကို ခံတွင်း နဲ့ အစာခြေစနစ် ကျန်းမာစေဖို့ ပုံမှန် ဂရုစိုက်ပေးဖို့ လိုသလို ခြံကို ပုံမှန် သန့်ရှင်းပေးတာ အမွေးတွေကို သေချာ သန့်စင်ပေးတာတွေ သိမ်းတာတွေ လုပ်ဖို့ လိုပါမယ်။ ဒီလိုလုပ်တာက ယုန်လေးတွေကို ကျန်းမာစေသလို လူတွေမှာလည်း ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယုန်တွေကို အိမ်ထဲမှ မွေးမယ်ဆိုရင် ဓာတ်မတည့်ဖြစ်နိုင်ခြက ပိုများလို့ ဝရန်တာ ဒါမှမဟုတ် ခြံထဲမှာ အိမ်လေး သီးသန့်ထားပြီး မွေးပါ။

ကိုက်ခံရနိုင်တယ်။ ကုတ်ခံရနိုင်တယ်။

ယုန်လေးတွေက လက်သည်းတွေ၊ သွားတွေ ရှိနေတာကြောင့် အခန့်မသင့်ရင် ကိုက်ခံရတာ၊ ကုတ်ခံရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီ အနာတွေကနေတဆင့် ပိုးဝင် ကူးစက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ယုန် ကုတ်ခံရရင်ဖြစ်ဖြစ် ကိုက်ခံရရင်ဖြစ်ဖြစ် အနာကို ရေနွေးနွေးလေးနဲ့ ဆေးကြောပါ။ အနာကို ခြောက်အောင် သုတ်ပြီး ပလာစတာ ကပ်ပါ။ ပြီးရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူဖို့ ပြောပါရစေ။ မေးခိုင်ကာကွယ်ဆေး ထိုးဖို့ မမေ့ပါနဲ့။

ဘက်တီးရီးယားတွေ ကူးစက်ခံရနိုင်တယ်။

တိရစ္ဆာန်တိုင်းမှာ ဘက်တီးရီးယား များစွာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေကို အိမ်ထဲမှာ မွေးမယ်။ ကိုယ်တွယ်မယ်ဆိုရင် သူတို့ဆီက ဘက်တီးရီးယားတွေက လူဆီကို ကူးစက်နိုင်ပါတယ်။ ယုန်လေးတွေဆီကနေ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေကို ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ သုံးလို့ သေချာ သန့်စင်စေချင်ပါတယ်။

သန်ထစေနိုင်တယ်

ယုန်လေးတွေကို မွေးမြူမယ်ဆိုရင် ပုံမှန် သန်ချပေးဖို့ လိုပါမယ်။ သူတို့လေးတွေကို သန်မချပေးဘူးဆိုရင် ယုန်ကနေတဆင့် လူဆီကို ကူးစက်တာတွေ ဖြစ်လာနိုင်ပါတယ်။ salmonella၊ listeria နဲ့ pseudotuberculosis ဘက်တီးရီးယားတွေက ယုန်ကနေဆင့် လူတွေဆီကို ကူးစက်နိုင်ပါတယ်။

ယုန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတာက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ယုန်လေးတွေရော ကိုယ်ပါ ကျန်းမာစေဖို့ သန့်ရှင်းရေးကို ဂရုစိုက်ပြီး ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးရင်း မွေးမြူကြဖို့ ပြောပါရစေ။ ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေ ရှိမယ်ဆိုရင်တော့ ယုန်လေးတွေနဲ့ ဝေးဝေးနေစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

နောက််ထပ်ဆောင်းပါး

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အပြင်ကနေ အိမ်ပြန်ရောက်လို့ ဘယ်သူစောင့်စောင့်၊ မစောင့်စောင့် သူတို့ကတော့စောင့်တယ်နော်။ ဘာတွေပဲဖြစ်နေဖြစ်နေ ဝမ်းပန်းတသာနဲ့ကြိုတတ်တာက သူတို့လေးတွေပါပဲ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် မလျှော့တဲ့အချစ်တွေနဲ့ ချစ်တတ်သူတွေပေါ့။ အပျင်းပြေရုံတင်မဟုတ် သူတို့ကြောင့်ပါ ခွန်အားတွေရသေးတယ်နော်။ အိမ်နားရောက်တာနဲ့ ကြိုဖို့ အသင့်ဖြစ်နေတဲ့ အသည်းကျော်လေးတွေ ပိုင်ဆိုင်ထားတာကလည်း ဘဝရဲ့ပျော်စရာတွေထဲကတစ်ခုပါ။

စိန်ခေါ်မှုများစွာနဲ့ ဘဝကိုအကောင်းဆုံးကျော်ဖြတ်နေရချိန်မှာ ပင်ပန်းမှုတွေကို အသေးအဖွဲပါလို့တွေးမိတဲ့အထိ အင်အားပေးတတ်သူလေးတွေက အခြားသူတွေမဟုတ်ပါဘူး။ဘေဘီဆွီတီရယ်လို့ ခေါ်မိလောက်တဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါနော်။ သူတို့ရဲ့ တီတီတာတာချှွဲနွဲ့မှုတွေက ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးရှိနေတာက အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်

အလုပ်ကနေအိမ်ပြန်ရချိန်မှာ ပင်ပန်းနွမ်းနယ်နေပေမယ့် လက်ထဲမှာပါလာတဲ့ အထုပ်ကို သယ်မလို့ဆိုပြီးပြေးလာကြိုတဲ့ခွေးလေးရဲ့နှုတ်ဆက်မှုက ဝမ်းသာကြည်နူးမှုကိုဖြစ်စေတယ်ဟုတ်။ ဒီခံစားမှုကပြောပြတာထက် လက်တွေ့ကြုံဖူးသူတွေက ပိုသိမှာပါ။ ဒီအချိန် စိတ်မှာရလိုက်တဲ့ ခံစားမှုက အရမ်းကိုကောင်းတာပါ။ ဒီပျော်ရွှင်မှုကနေ့တိုင်းရနေရင်တောင် ရိုးမသွားနိုင်ဘူးနော်။

ဒီလိုရိုးမသွားတဲ့ပျော်ရွှင်မှုလေးတွေက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်

ဓါတ်မတည့်မှုကင်းဝေးစေတယ်

အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေသူတွေက အခြားသူတွေထက် ဓါတ်မတည့်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ သူတို့ရဲ့ အမွှေးတွေနဲ့ထိတွေ့နေရတာကြောင့်တော်ရုံဓါတ်မတည့်မှုလောက်ကို အသာလေးကျော်သွားနိုင်ပြီပေါ့။

သွေးတိုးကျစေနိုင်တယ်

တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးတယ်၊လို့လေ့လာမှုတွေအရသိရပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်မွေးထားတာက အဆင်ပြေဆုံးဖြစ်မှာပါ။

သွေးတွင်းကိုလက်စထရောကျစေတယ်

အိမ်မှာခွေးလေးတစ်ကောင်လောက်ပဲမွေးထားကြည့်လိုက် သူ့အတွက်စားရေးသောက်ရေးနေရေးထိုင်ရေးစီစဉ်ပေးတာ၊ သူနဲ့အတူဆော့ကစားပေးရတာနဲ့တင် ခန္ဓါကိုယ်အတွက်လေ့ကျင့်ခန်းအထွေအထူးလုပ်နေစရာမလိုတော့ဘဲ လှုပ်ရှားပြီးသားဖြစ်နေရော။ ဒီလိုလှုပ်ရှားမှုတွေကသွေးတွင်းကိုလက်စထရောတွေကို ကျစေမှာပြောနေစရာမလိုအောင်ပါ။

စိတ်ဖိစီးမှုကင်းစေတယ်

တစ်နေ့တာ စိတ်ဖိစီးမှုက အိမ်ပြန်ရောက်လို့ သူတို့လေးတွေ မျက်နှာမြင်လိုက်ရင် အလိုလိုပျောက်သွားတာပါနော်။ လုံးဝမေ့မသွားရင်တောင် ခဏတဖြုတ်တော့ သက်သာရာရသွားတာပါပဲ။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေဖို့ အကောင်းဆုံးသောဖြေဆေးက သူတို့လေးတွေပါ။

စိတ်ကျန်းမာစေနိုင်တယ်

လေ့လာတွေ့ရှိချက်တွေအရ သိရတာက တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတွေက အခြားသူတွေထက်ပိုပြီး စိတ်ကျန်းမာကြတယ်ဆိုတာပါ။နေ့စဉ်ပျော်ရွှင်မှုတွေကိုခံစားနေရသူတွေအဖို့ စိတ်ကျန်းမာမယ်ဆိုတာကပြောနေစရာမလိုအောင်ပါ။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကျန်းမာသူတွေမှာ သူတို့အချစ်တော်လေးတွေရှိတတ်ကြစမြဲပါနော်။

နှလုံးကျန်းမာစေနိုင်တယ်

အိမ်မွေးတိရစ္ဆာန်လေးတွေက သူတို့ပိုင်ရှင်တွေကို နှလုံးကျန်းမာစေနိုင်ပါတယ်။ အကြောင်းရင်းကတော့ သူတို့လေးတွေနဲ့ လမ်းလျှောက်ထွက်တာ၊ အတူဆော့ပေးရတာတွေကြောင့်ပါ။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ အိမ်မွေးတိရစ္ဆာန်ရှိသူတွေက အဝလွန်နိုင်ခြေနည်းကြသလိုသွေးတိုး နဲ့သွေးတွင်းကိုလက်စထရောများတာတွေပါ ကင်းကြပါတယ်။ စိတ်ဖိစီးမှုတွေပါကင်းလို့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ရောဂါတွေပါကင်းဦးမှာပါ။

အမြဲတက်ကြွလန်းဆန်းပြီး စိတ်ခံစားမှုကောင်းကောင်းနဲ့ အရာရာကိုကျော်ဖြတ်ချင်တယ်ဆိုရင်တော့ အမြဲတမ်းသစ္စာရှိရှိနဲ့ကိုယ့်ကို ချစ်မယ့် အသည်းကျော်လေးတစ်ကောင်လောက်တော့ဘေးမှာရှိမှဖြစ်မှာပါနော်။ သူတို့လေးတွေရော ကိုယ်ပါ ကျန်းမာအောင် အမြဲမပြတ် ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဖို့တော့ မမေ့ပါနဲ့။

ဒီအချက်လေးတွေတော့ သတိထားပါ

  • ကုတ်ခံရတာ၊ ကိုက်ခံရတာတွေမဖြစ်အောင် ဂရုစိုက်ပါ။
  • ကာကွယ်ဆေးပုံမှန်ထိုးပေးပါ။
  • ၆ လတစ်ကြိမ် သန်ချပါ။
  • ကုတ်ခံ၊ ကိုက်ခံရရင် ချက်ချင်းကုသမှုခံယူပါ။
  • အညစ်အကြေးတွေကို တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ပါ။
  • ဆော့ကစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ဆေးကြောပါ။
  • ပါးစပ်၊ အနာနဲ့ အရေပြားပွန်းပဲ့ရာတွေကို လျှာနဲ့ ပေးမလျက်ပါနဲ့။
  • ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။
  • ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

နောက််ထပ်ဆောင်းပါး

ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း

ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း

အိမ်ဆိုတာက ရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးတယ်ဆိုတာထက်ပိုတဲ့ မိသားစုအသိုက်အမြုံလေးပါ။ တစ်နေ့တာ ပင်ပန်းလာသမျှ အိမ်ရောက်မှပဲ အမောပြေသွားတယ်လို့ရေရွတ်မိဖူးလား။ ဒါဆိုရင်တော့ သင်ကအိမ်ချစ်တတ်သူတစ်ဦးပါ။ အပြင်ကပြန်လာရင် ချစ်ရတဲ့မိသားစုတွေမျက်နှာကိုမြင်ရတာ စိတ်ချမ်းသာစရာနော်။ ဒီကြားထဲ အသည်းကျော်လေးတွေကများ အမြီးလေးနှံ့လို့ ဆီးကြိုရင် ပင်ပန်းတာက ကြက်ပျောက် ငှက်ပျောက်ပါပဲ။

ဒီလိုချစ်စရာကောင်းတဲ့ မိသားစုအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားသူတွေက အခြားသူတွေထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုကျန်းမာကြပါတယ်နော်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာဖြစ်ဖြစ်အောင်မြင်နေကြသူတွေကပျော်ရွှင်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါနော်။

ပျော်ရွှင်စရာအသိုက်အမြုံကို ပိုင်ဆိုင်ထားသူတွေသာ ရရှိမယ့်အကျိုးကျေးဇူးတွေ

ပျော်ရွှင်စရာအသိုက်အမြုံလေးပိုင်ဆိုင်ထားသူတွေက ကံကောင်းသူတွေလို့ဆိုရမှာပါ။ မိသားစုရှိနေတော့ တီးတိုးတိုင်ပင်ဖော်ရသလို ရင်ဖွင့်ခွင့်လည်း အပြည့်အဝရနိုင်ပါတယ်။ကောင်းတာ ဆိုးတာတွေကို မျှဝေခံစားပေးသူတွေရှိနေတဲ့အတွက် စိတ်ညစ်စရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ရကြသူတွေပေါ့။

အလုပ်ခွင်မှာ စွမ်းဆောင်နိုင်စွမ်းကောင်းကြတယ်

အလုပ်ခွင်မှာလန်းဆန်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းဆောင်တာတိုင်းကိုအောင်မြင်နေအောင်လုပ်ဆောင်နိုင်စေဖို့ အကြည်ဓါတ်လေးတွေပေးနေတာက ချစ်ရတဲ့ မိသားစုဝင်တွေပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ်

ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေကို ဆန်းစစ်ကြည့်လိုက်ရင် သူတို့မှာ အရမ်းချစ်ရတဲ့ မိသားစုဝင်တွေရှိသလို သူတို့ကို အရမ်းချစ်တဲ့ မိသားစုဝင်တွေပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း တွေ့ရမှာပါ။ မိသားစုဝင်တွေနဲ့ ပြေလည်အဆင်ပြေတဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားမှတော့ အခြားသူတွေနဲ့လည်းပြေပြေလည်လည်ဆက်ဆံတတ်မယ်ဆိုတာ အသေအချာပါ။

စိတ်ဖိစီးမှုကင်းကြတယ်

ပျော်စရာကောင်းတဲ့ မိသားစုလေးကို အချိန်ပေးနေရတာနဲ့တင် အခြားစိတ်ညစ်စရာတွေကိုတွေးဖို့ အချိန်မရတော့ဘူးလေ။ ရင်ဖွင့်မျှဝေစရာရှိနေမှတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို နှိမ်နှင်းပြီးသားဖြစ်ပြီလေ။

ဖျားနာမှုကင်းတယ်

နေ့ရက်တိုင်းကို ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေရတာကြောင့် ကိုယ်ခံအားစနစ်က အခြားသူတွေထက် ပိုကောင်းနေမှာအသေအချာပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေ လျော့နည်းပြီး ပြည့်ဝတဲ့အာဟာရ စိတ်ချမ်းသာစရာကောင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ဖျားနာမှုတွေကိုလည်းခေါက်ထားနိုင်မှာပါ။

နှလုံးကျန်းမာတယ်

မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ အားသာချက်တစ်ခုနဲ့တင် နှလုံးကျန်းမာရေးအတွက်က တော်တော်လေးကောင်းနေပါပြီ။ နေ့ရက်တိုင်းမှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်မယ်၊ အာဟာရမျှတအောင်စားဖြစ်မယ်၊ အိပ်ရေးဝဝအိပ်ဖြစ်မယ် စတဲ့ အလေ့အကျင့်ကောင်းတွေကို မိသားစုနဲ့အတူလိုက်နာကျင့်သုံးမှုကနေတဆင့် နှလုံးကျန်းမာစေနိုင်မှာပါ။ ဒါတင်မကပါဘူး။ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးလေဖြတ်တာနဲ့ နာတာရှည်ရောဂါတော်တော်များများကိုလည်း ကာကွယ်နိုင်မှာပါ။

အသက်ရှည်စေနိုင်တယ်

စိတ်ဆောင်ရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ကြားဖူးတယ်ဟုတ်။ အခုပြောချင်တာကလည်း ဒီအချက်ပါ။ လူတွေက သူတို့ချစ်ရသူတွေနဲ့ အချိန်အကြာကြီးနေချင်ကြတယ်လေ။ ဒါကြောင့် ကျန်းမာအောင် အမြဲနေထိုင်နေကြမှာပါ။ ဒါမှ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနေနိုင်မှာကိုး။ ဒီတော့ပျော်ရွှင်စရာအသိုက်အမြုံရှိသူတွေက အမြဲကျန်းမာနေအောင် ကြိုးစားနေကြတယ်လေ။ ဒီတော့ သူတို့က အခြားအထီးကျန်နေသူတွေထက် အသက်ပိုရှည်မယ်ဆိုတာမေးနေစရာမလိုတဲ့ အမှန်တရားပါ။

အောင်မြင်ကြတယ်

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကနေပေါက်ဖွားဆင်းသက်လာတဲ့ ကလေးငယ်တွေက ဉာဏ်ရည်ဉာဏ်သွေးကောင်းကြသလို အရွယ်ရောက်နေသူတွေက ထက်မြက်အောင်မြင်ကြတယ်။ အကြောင်းကတော့ ပျော်စရာပတ်ဝန်းကျင်လေးက သူတို့ကို ကြိုးစားချင်လာအောင် motivationပေးထားလို့ပါပဲ။ ဒီတော့ အလုပ်ခွင်ထဲမှာ လူမှုရေးနယ်ပယ်ထဲမှာအောင်မြင်နေတယ်ဆိုရင် သိပ်အများကြီးမတွေးနဲ့ သူတို့ကပျော်ရွှင်စရာအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူတွေပဲဆိုတာ သိလိုက်တော့နော်။

ပျော်ရွှင်စရာအသိုက်အမြုံဆိုလို့ RS ရှိဖို့လိုမယ်လို့မတွေးပါနဲ့နော်။ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုနဲ့တင် ဖန်တီးလို့လုံလောက်ပါတယ်။နေ့ရက်တိုင်းမှာမေမေဖေဖေနဲ့မောင်နှမတွေကို ပိုချစ်ပေးရင်းပျော်ရွှင်စရာအသိုက်အမြုံလေးကို ကိုယ်တိုင်ဖန်တီးကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

နောက််ထပ်ဆောင်းပါး

အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်

အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်

လူတိုင်းက ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်အလုပ်ကိုယ်စီလုပ်ကိုင်ကြရပါတယ်။ ပညာတတ်တဲ့သူက ဉာဏ်အားကိုသုံးပြီးလုပ်ရတာ သက်သာတယ်၊ ပညာသင်ယူခွင့်မရခဲ့သူတွေက ကျရာနေရာမှာ ကိုယ်တတ်နိုင်တဲ့ ခွန်အားနဲ့ ကာယအားကို သုံးပြီးလုပ်ရတာက ပိုပင်ပန်းတယ်ဆိုတာတော့ပြောနေစရာမလိုအောင်မြင်သာမှာပါ။ ဒါပေမယ့် ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် စိတ်ညစ်စရာ စိတ်ဖိစီးစရာကတော့ ရှိစမြဲပါ။ ဒီလိုစိတ်ညစ်တဲ့အခါ ငါတစ်ယောက်တည်းများဖြစ်နေတာလားလို့မတွေးပါနဲ့။ ဒါကအလုပ်ခွင်ဝင်နေသူတိုင်းတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ အလုပ်ခွင်က အမြဲပျော်ရွှင်နေဖို့ မလွယ်ပါဘူး။

ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီးပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကိုသေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတော့သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေကနေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင်နောက်ထပ် ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကိုဖြေရှင်းကြရအောင်နော်။

ဒီအချက်တွေကြောင့် အလုပ်ခွင်မှာ စိတ်ညစ်စရာတွေဖြစ်နိုင်ပါတယ်

  • လစာနည်းတာ
  • အလုပ်တာဝန်တွေများလွန်းတာ
  • တိုးတက်နိုင်မယ့် အခွင့်အလမ်းနည်းပါးတာ
  • အလုပ်ကနေ အတွေ့အကြုံအသစ်တွေမရနိုင်တာ
  • လုပ်ပိုင်ခွင့်တွေ ထိန်းချုပ်ခံထားရတာ
  • လုပ်ငန်းခွင်ပတ်ဝန်းကျင်က မျှတမှုမရှိတာ
  • အလုပ်ခွင်ထဲမှာ အချင်းချင်းရိုင်းပင်းကူညီမှုမရှိတာ
  • ဝါဿနာမပါတာကို လုပ်နေရတာ

အလုပ်ခွင်ဖိအားတွေကိုသေချာမထိန်းချုပ်နိုင်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်

အလုပ်ခွင်ဖိအားက လူတိုင်းကြုံရနိုင်တယ်ဆိုပေမယ့် အလုပ်ခွင်မှာဖြစ်တဲ့ ဖိအားတွေနဲ့ စိတ်ညစ်စရာတွေက အရမ်းကြီးမားလာတဲ့အခါနေ့စဉ်ဘဝမှာထိခိုက်မှုတွေများလာနိုင်ပါတယ်။ ဒီစိတ်ညစ်စရာတွေကတော်တော်နဲ့ပျောက်မသွားတော့လည်းခက်သားနော်။ ဒါပေမယ့် တတ်နိုင်သမျှမေ့ထားလိုက်ဖို့ပြောပါရစေ။ ဒီစိတ်ဖိစီးမှုကြီးကို အချိန်တိုင်းယူသယ်သွားရင်းက မိသားစုဘဝမှာထိခိုက်လာနိုင်ပါတယ်။

အလုပ်ခွင်ဖိအားတွေကြောင့်ဖြစ်လာနိုင်တဲ့ရေတိုပြဿနာအချို့

အလုပ်ခွင်မှာဖိအားများတာကြောင့် လတ်တလောမှာ ကြုံတွေ့လာရနိုင်တဲ့ပြဿနာတွေက

  • ခေါင်းကိုက်တာ
  • ဗိုက်အောင့်တာ
  • အိပ်ရေးပျက်တာ
  • စိတ်တိုတာ၊
  • အာရုံစိုက်ဖို့ခက်ခဲတာတွေဖြစ်လာနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကို တာရှည်ခံစားရမယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော်တော်လေးကြီးမားပါတယ်။ ကြီးမားတဲ့ပေးဆပ်မှုတွေဖြစ်မလာခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အလုပ်ခွင်ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အသုံးဝင်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြေပေးပါရစေနော်။

အလုပ်ခွင်ဖိအားကြောင့်ဖြစ်လာနိုင်တဲ့ရေရှည်ပြဿနာအချို့

စိတ်ဖိစီးမှုကို တာရှည်ခံစားရတဲ့အခါ ခန္ဓါကိုယ်မှာ ထိခိုက်နိုင်တာတွေအများကြီးပါ။

  • စိတ်ဖိစီးမယ်
  • စိတ်ဓါတ်ကျမယ်
  • အိပ်မပျော်တဲ့ဝေဒနာဖြစ်မယ်
  • သွေးတိုးမယ်
  • ကိုယ်ခံအားနည်းလာမယ်
  • အဝလွန်မယ်
  • နှလုံးရောဂါခံစားရမယ်။

အလုပ်ခွင်ဖိအားကြောင့်နောက်ထပ်ဖြစ်လာနိုင်တဲ့ပြဿနာအချို့

အလုပ်ခွင်ဖိအားကြောင့်လောလောလတ်လတ်လုပ်မိနိုင်တဲ့ပြဿနာတွေကတော့ စိတ်ဖိစီးမှုကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းတာပါ။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ အလုပ်ခွင်ဖိအားကြောင့် ကိုယ့်ကိုယ်ကိုနှိပ်စက်တာမျိုးပေါ့။

  • အစားတွေအများကြီးစားတာ
  • လုံးဝဘာမှမစားဘဲနေတာ
  • ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေမှန်းသိရက်စားတာ
  • ဆေးလိပ်သောက်တာ
  • မူးယစ်ဆေးတွေသုံးစွဲတာ
  • အရက်သောက်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေရှိပါတယ်

လူဆိုတာ ဉာဏ်အရှိဆုံး သတ္တဝါဆိုတာကိုမေ့မထားပါနဲ့။ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပိုင်ဆိုင်ထားပြီးသားပါ။ အသုံးချတတ်ဖို့ပဲလိုပါမယ်။ ဒါကြောင့် အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်လာတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စဉ်းစားပါ။ ကိုယ်စိတ်ညစ်နေတဲ့အချက်က တကယ်ကိုအရေးကြီးရဲ့လား။ ထိခိုက်မှုကကြီးနိုင်လား။ စိတ်ညစ်နေတဲ့အကြောင်းအရင်းကို အတိအကျသိအောင်လုပ်ပါ။

ဒီအဆင့်တွေကိုကျော်လွန်သွားပြီဆိုရင်တော့ စပြီးဖြေရှင်းဖို့ပြင်ဆင်ရပြီပေါ့။ပြောပြဖြေရှင်းလို့ရမယ့်အရာဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ပြောပြဖြေရှင်းလိုက်ပါ။ အရမ်းအရေးမကြီးဘူး။ ထိခိုက်မှုမရှိနိုင်ဘူးဆိုရင်မေ့လိုက်ပေါ့။ ဒီလိုမှမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေက အသုံးတည့်မှာပါ။

  • လမ်းလျှောက်တာလိုမျိုးလုပ်ပါ
  • ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုလေးကိုကြည့်ရှု့ခံစားပြီး သဘာဝလေကို ခံစားပေးပါ
  • စိတ်ညစ်စရာဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ
  • ယောဂလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးပါ
  • စာအုပ်ဖတ်ပါ
  • ဝါသနာပါရာတစ်ခုခုကိုလုပ်ပါ
  • မိသားစုနဲ့အတူပျော်ရွှင်စရာလှုပ်ရှားမှုတစ်ခုခုလုပ်ပါ
  • ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပါ
  • စိတ်ချယုံကြည်ရသူကို ရင်ဖွင့်ပါ
  • တရားထိုင်ပါ
  • ဝင်သက်ထွက်သက်မှတ်ရင်းမေတ္တာပွားပေးပါ
  • နေ့ခင်းနေ့လည်ကို ခဏတစ်ဖြုတ် ဆိတ်ငြိမ်တဲ့နေရာမှာ အနားယူပေးပါ
  • အိပ်ပျော်အောင်အိပ်စက်ပါ
  • အလုပ်ကပြန်တဲ့အခါ အလုပ်တွေကို ခဏတာမေ့ထားလိုက်ပါ

ဒီနည်းလေးတွေနဲ့ စိတ်သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေက စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ အလုပ်ခွင်က စိတ်ညစ်စရာတွေ ဖိအားတွေကြောင့် အရမ်းစိတ်ညစ်နေရင် အထိရောက်ဆုံးဖရြှင်းနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို သုံးပြီးဖြေရှင်းကြည့်နော်။ အလုပ်ခွင်ဖိအားကင်းပြီးပျော်ရွှင်စရာနေ့သစ်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

x

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ