ကွန်ပျူတာ
ကွန်ပျူတာဆိုတာဘာလဲ..?
ဒီဘက်ခေတ်မှာ computer ဆိုတာ လူတိုင်းအသုံးပြုနေကြပြီဖြစ်ပါတယ်
ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ ဖုန်းတွေဟာလဲ ကွန်ပျူတာအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာဆိုတာဘာလဲလို့မေးလိုက်ရင် တော်တော်များများက သေချာမသိကြပါဘူး
အဲ့တာကြောင့် ကွန်ပျူတာဆိုတာဘာလဲ ဘယ်လို အလုပ်လုပ်လဲသိချင်ရင်စာလေးကို ဆုံးအောင်ဖတ် ကြည့်လိုက်ပါခင်ဗျ...😀
ကွန်ပျူတာဆိုတာ Electronic ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ် အဲ့တာကြောင့် ကွန်ပျူတာကို လျှပ်စစ်မီးရှိမှသာ အသုံးပြုလို့ရပါမယ်။ သူ့မှာ ထူးခြားတာ တစ်ခုကတော့ လူနဲ့ တူနေတာပါ။ ဘာကြောင့်လူနဲ့ တူလဲပြောရင် သူ့ မှာလူလို မှတ်ဉာဏ်တွေ အလုပ်လုပ်ဆောင်မှုတွေ တွက်ချက်မှုတွေ အချက်အလက်( Data )တွေကိုလဲ သိမ်းဆည်းထားနိုင်ပြီး ပြန်လည်ထုတ်ယူ သုံးစွဲနိုင်တာတွေ အဲ့လို လုပ်ဆောင်ချက်တွေက လူနဲ့တူပါတယ်။ မတူတာ တစ်ခုတော့ရှိပါတယ် အဲ့တာ ကတော့ ကွန်ပျူတာတွေမှာ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ် နိုင်တဲ့ဉာဏ်တော့မရှိပါဘူး။ ကျွန်တော်တို့ကခိုင်းစေ မှ သာသူက အလုပ်လုပ်မှာ ဖြစ်ပါတယ်။
အောက်က ပုံမှာတော့ ကွန်ပျူတာတည်ဆောက်ပုံ နဲ့ လူတည်ဆောက်ပုံ ကိုပြထားပါတယ်။ ပုံနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် လူမှာ ခန္ဓာကိုယ် နဲ့ စိတ် ဆိုပြီးရှိသလို ကွန်ပျူတာမှာလဲ Hardware နဲ့ Software ဆိုပြီးရှိတာကို တွေ့ရမှာပါ။ Hardware ဆိုတာဘာလဲ Software ဆိုတာဘာလဲ ပြောရမယ်ဆိုရင် ကွန်ပျူတာမှာ လက်နဲ့ ထိတွေ့ ကိုင်တွယ် လို့ရတဲ့အရာမှန်သမျှကို Hardware လို့ခေါ်ပြီး လက်နဲ့ ထိတွေ့ ကိုင်တွယ် လို့မရတဲ့ အရာကိုတော့ Software လို့ခေါ်ပါတယ် လူမှာဆိုရင် ခန္ဓာကိုယ်ကို ကိုင်တွယ်နိုင်ပြီး စိတ်ကိုတော့ ကိုင်တွယ်လို့မရနိုင်ပါဘူး အဲ့တာကြောင့် Hardware က လူ ရဲ့ခန္ဓာကိုယ် နဲ့ တူပြီး Software ကတော့ လူ ရဲ့စိတ်နဲ့တူပါတယ်။
နောက်တစ်ဆင့် ထပ်ခွဲရမယ်ဆိုရင် Hardware မှာ Input devices နဲ့ Output devices ဆိုပြီးခွဲလို့ရပါတယ် Input devices ဆိုတာကတော့ ကွန်ပျူတာကို ခိုင်းစေဖို့အတွက် ကျွန်တော်တို့က ရိုက်ထည့် ညွှန်ကြားပေး နိုင်တဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဥပမာ ပေးရရင် Mouse တို့ keyboard တို့ပဲဖြစ်ပါတယ်။ Output devices ဆိုတာ ကတော့ ကျွန်တော်တို့က ခိုင်းစေလိုက် တာတွေ ကို ကွန်ပျူတာလုပ်ဆောင်ပြီး ကျွန်တော်တို့ ဆီကိုပြန်ပေးပို့ လိုက်တဲ့အရာတွေကိုခေါ်ပါတယ် ဥပမာ Monitor တို့ Speaker တို့ Printer တို့ဖြစ်ပါတယ်။ လူတွေမှာ ဆို နား မျက်စိ တွေက input devices နဲ့တူပြီး ခြေ လက် တွေက Output devices နဲ့တူပါတယ်။ ဒါဆို Hardware ပိုင်းကိုတော့ အနည်းငယ် သိလောက်ပြီလို့ ထင်ပါတယ် နောက်ထပ် Software ပိုင်းကိုထပ်ခွဲကြည့်ပါမယ်။ Software ပိုင်းမှာလဲ Os ခေါ်တဲ့ Operating System Software နဲ့ Application Software ဆိုပြီး နှစ်မျိုးထပ်ခွဲနိုင်ပါတယ် Os ကတော့ ကျွန်တော်တို့ စက်စ္စည်းတွေကို ခိုင်းစေရာမှာ Software နဲ့ Hardware ကြားခံ ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ OS သာမရှိရင် computer ကိုကျွန်တော်တို့ ခိုင်းစေနိုင်မှာမဟုတ်ပါဘူး ဘာလို့လဲဆိုရင် စက်တွေက Machine code လို့ခေါ်တဲ့ (1,0) ကိုသာနားလည်တာကြောင့်ပါ။ အဲ့တာကြောင့် Os က ကျွန်တော်တို့အစား ကွန်ပျူတာ ရဲ့ စက်ပစ္စည်း တွေကိုခိုင်းစေ ပေးတာဖြစ်ပါတယ်။ လူတွေ မှာ ဆိုရင် စိတ် နဲ့ ခန္ဓာကိုယ် နဲ့ ကိုချိတ်ဆက်ပေးဖို့အတွက် အသက်ဝိဉာဉ် ဆိုတာရှိရပါတယ် အသက်သာ မရှိတော့ရင် လူတွေအလုပ်လုပ် နိုင်မှာမဟုတ်တော့ပါဘူး အဲ့လိုပဲ ကွန်ပျူတာတွေမှာ Os မရှိရင် အလုပ်မလုပ် နိုင်တော့ပါဘူး။ ဒါဆိုရင် တော့ Os အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ် Os မှာလဲ အမျိုးအစားထပ်ရှိပါသေးတယ်
Window Os | Linux Os | Mac Os (OS X) | DOS (Disk Operating System) ဆိုပြီးရှိပါတယ်။
Windows Os ကတော့ လူသုံးအများဆုံး Os ဖြစ်ပါတယ် ဘယ်လောက်ထိလဲဆို ကွန်ပျူတာလို့ ပြောလိုက်တာနဲ့ Windows Os နဲ့ သာတွဲသိကြတဲ့အထိပါပဲ။
နောက်ထပ် Application ကိုဆက်သွား ရအောင် Application ဆိုတာကတော့ ကျွန်တော်တဲ့ခိုင်းစေချင်တဲ့ လုပ်ငန်းအလိုက် ကွန်ပျူတာထဲကို ထည့်သွင်းထားတဲ့ Software တွေကိုပြောတာပါ ကျွန်တော်တို့က Video Edit လုပ်မယ် ဆိုရင် Video Edit လုပ်နိုင်မယ့် sofware ကိုမောင်းနှင်ထားဖို့လိုသလို စာစီစာရိုက် photo shop စသဖြင့် ကိုယ်ရဲ့ ကွန်ပျူတာကိုကိုယ် ခိုင်းစေချင်တဲ့ အပေါ်မူတည်ပြီး Application Software ကိုယ်ရဲ့ ကွန်ပျူတာမှာ မောင်းနှင် ပေးနိုင်ပါတယ်။ လူတွေမှာဆို ကိုယ်က ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲတဲ့ ပညာရပ်ကို လေ့လာရသလို့ အခြား ရေကူးတာ ဘောကန်တာ ဘာလာဘာလာ တွေကို ကိုယ်ဝါသနာပါတဲ့ အရာကိုရွေးချယ် လေ့လာသင်ကြားရသလိုပဲဖြစ်ပါတယ်။ ဒီလောက်ဆိုရင် တော့ Computer ဆိုတာ ကို အနည်းငယ်သိသွားမယ်လို့ ထင်ပါတယ်။ လိုအပ်ချက်တွေ အမှားအယွင်းတွေပါသွားရင်လဲ နားလည်းပေးကြပါ လို့ပြောချင်ပါတယ်ခင်ဗျ...😊😊😊
သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို လေးစားလျှက်....🙏🙏🙏
#khz