Sexual Harassment
Sexual Harassment ဆိုသည်မှာ
"သီတာ နင် နဲ့ သူရနဲ့ကဘာလဲ?"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းသူငယ်ချင်းပါ"
"သူငယ်ချင်းဆိုလဲ ကြည့်လုပ်ဦး ငါတို့အားလုံးက
နင်တို့ ရည်းစားတွေဖြစ်သွားပြီထင်တာ"
"ဟာ မဟုတ်ပါဘူး ဘယ်ကလာ"
"မဟုတ်လို့တော်သေးတယ် နင်တို့နှစ်ယောက်ကြည့်လိုက်ရင်
အမြဲတမ်းပူးပူးကပ်ကပ်နဲ့ ဟိုတို့ဒီဖက်နဲ့
တကယ်သူငယ်ချင်းတွေပဲဆိုရင် ဒါတွေကအမြင်မတော်ဘူးရယ်
ကြိုက်နေကြရင်လဲပေါ်တင်တွဲလိုက်ကြပေါ့ မဟုတ်ဘူးဆိုလဲ
မိန်းကလေးပီပီ ကိုယ့်သိက္ခာနဲ့ကိုယ်နေ"
"နင်က ငါ့အဖေမဟုတ်ဘူး လျှာမရှည်နဲ့၊
ဘာလဲမနာလိုနတောလား?"
......
တချို့မိန်းကလေးတွေက
Male Attention လိုချင်တယ်
ဒါပေမယ့် Male တိုင်းရဲ့ Attentionကိုတော့
မလိုချင်ဘူး သူလိုချင်တဲ့ Certain Male
ဆီကပဲလိုချင်တာ တခြား Male တွေဆီကရရင်
သူတို့အတွက် အနှောက်အယှက်ပဲ
ယောက်ျားလေးတွေက ဒီအချက်ကို
နားလည်ထားဖို့လိုလိမ့်မယ်
■ WHAT is Sexual Harassment?
ပထမဆုံးအနေနဲ့
Sexual Harassment ကို ဒိန်းကနဲ
လိုရင်းတိုရှင်း နားလည်အောင်ပြောရမယ်ဆိုရင်
တဖက်က
+"လိုချင်တဲ့အရာ"
+"လိုချင်တဲ့သူဆီက"
+"လိုချင်တဲ့အတိုင်းအတာ"
+"လိုချင်တဲ့အချိန်"
+"လိုချင်တဲ့နေရာ" နဲ့
ကျန်တခြားတဖက်က
-"ပေးတဲ့ဟာ"
-"ပေးတဲ့သူ"
-"ပေးတဲ့အတိုင်းအတာ"
-"ပေးတဲ့အချိန်"
-"ပေးတဲ့နေရာ" တွေရဲ့ ကွဲလွဲမှုပါပဲ
ကောင်မလေးတစ်ယောက်ကို သူစိမ်းတစ်ယောက်က
"ဟေ့ ယူလှနေတယ်နော်"လို့ပြောတာ
Sexual Harassment ပါ
"လှတယ်မလှဘူး"ဆိုတဲ့အမြင်ကို
သူမကိုယ်တိုင်ကိုက "မလိုချင်ပါဘူး"
ဒါပေမယ့် သူစိမ်းမဟုတ်ဘဲနဲ့ သူ့ရဲ့ Crush က
"ဟေ့ ဒီနေ့လှနေတယ်နော်" လို့ပြောတာဟာ
Sexual Harassment မဟုတ်ပါဘူး
ဒါဟာ သူ့အတွက် Compliment တစ်ခုဖြစ်သွားပြီပေါ့
ဒါပေမယ့် ဒီသူ့ရဲ့ Crush ကပဲ
"ဟေ့ ဒီနေ့အရမ်း Sexyကျတာပဲ"လို့
ပြောလိုက်တာကတော့
Sexual Harassment ဖြစ်သွားပါပြီ
"လိုချင်တဲ့ဟာ" "လိုချင်တဲ့သူ" မှန်နေပေမယ့်လဲ
Sexyကျတယ်ဆိုတဲ့ "အတိုင်းအတာ"ထိ လက်ခံပေးဖို့
ဒီကောင်မလေးနဲ့ ကောင်လေးကြားမှာ
သူငယ်ချင်း Platonic Rs ဆိုတဲ့
Social Boundary ရှိနေသေးလို့ပါပဲ
ဟုတ်ပြီ သူတို့နှစ်ယောက် ချစ်သူရည်းစားတွေ
ဖြစ်သွားပြီထားပါတော့ Dinnerစားနေတယ်ဆိုပါစို့
"မင်းဒီနေ့ အရမ်း Sexy ကျနေတယ်" လို့
ဘေးကလူတွေကြားအောင်ကျယ်ကြီးပြောလိုက်ရင်
ဒါဟာ Sexual Harassment ပါပဲ
သူ့ကို လူပုံလည်မှာအရှက်ခွဲတာပေါ့
ဒါပေမယ့် ကောင်မလေးရဲ့ နားနားလေးကိုကပ်ပြီး
"Hey မင်းဒီနေ့အရမ်း Sexyကျနေတယ်"လို့ပြောရင်
သူမအနေနဲ့ စိတ်လှုပ်ရှားဖွယ်စကားတစ်ခုဖြစ်သွားနိုင်တယ်
(ဒါတောင် မိန်းကလေးပေါ်မူတည်သေးတာပေါ့)
ဒီတော့ Sexual Harassment ဆိုတာက
သူစိမ်းလူတွေကပဲ လမ်းပေါ်မှာမှ
Harass လုပ်လို့ရတာမဟုတ်ပါဘူး
ကိုယ်နဲ့ အရင်းနှီးဆုံး ချစ်သူနဲ့
ကိုယ်လက်ထပ်ထားတဲ့ ကိုယ့်ယောက်ျားကလဲ
ကိုယ့်ကို Harassလုပ်လို့ရပါတယ်
ကြားထဲက ကိုယ့်အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဘက်၊
ဆရာနဲ့တပည့်၊ အတန်းဖော်သူငယ်ချင်း
စသဖြင့် Interaction တွေမှာလဲ
အကုန်ပါနိုင်တာပေါ့
ဒီတော့့ Sexual Harassment ဆိုတာ
တဖက်ရဲ့ အပြုအမူ၊အပြောအဆိုနဲ့လုပ်ရပ်တွေကို
တဖက်လက်ခံတဲ့သူက On Board
ဖြစ်နေလားမဖြစ်နေလားပေါ်မှာ
အများကြီးမူတည်နေတယ်
ဒါကို "Unwelcome Advances"
မကြိုဆို၊မလက်ခံတဲ့ ကြူးကျော်မှုလို့
Dictonary တွေမှာ Define လုပ်ထားတယ်
■ Ways of Harassment
ဒါကတော့ လူတွေဘယ်လို Harass လုပ်ကြလဲပေါ့
Sexual Harassment လုပ်တဲ့နည်းလမ်းသုံးမျိုးရှိတယ်
➊ Verbal စကားဖြင့်
➋ Non-Verbal အပြုအမူဖြင့် (ထိရောက်မှုမရှိသေး)
➌ Physical ကိုယ်ထိလက်ရောက်
Verbal Sexual Harassment ဥပမာများ
၁) "လန်းလိုက်တာ" "ကိတ်နေတာပဲ"
"လန်းတယ်ဟေ့" စသဖြင့်လမ်းမှာ CatCall လုပ်ခြင်း
၂) မသင့်တော်တဲ့ Nick Name တွေခေါ်တာ
"ကောင်မလေး" "babe" "honey"
၃) တဖက်သားရဲ့ ကိုယ်ခန္ဒာတွေပေါ် ထင်မြင်ချက်တွေ
ဖွင့်ပြောတာ "တင်းနေတာပဲ" "လုံးနေတာပဲ"
"သွယ်နေတာပဲ" "ဖွေးဥနေတာပဲ"
၄) အလုပ်စကားပြောနေရင်းနဲ့ ဆွေးနွေးနေရင်း
Sex အကြောင်းတွေပါပါလာတာ
၅) Sex နဲ့ပက်သတ်တဲ့ ဟာသတွေ၊
ပုံပြင်တွေ၊ ကိုယ်တွေ့တွေကိုပြောဆိုနေတာ
၆) ကိုယ့်ရဲ့ Sexual Experience တွေ
History တွေကို စူးစမ်းမေးမြန်းနေတာ
၇) ပါးစပ်က Sex နဲ့ပက်သတ်တဲ့အသံတွေ
Kissing အသံတွေ ထွက်နေတာ
၈) ကိုယ်ကငြင်းပေမယ့်လဲ ခဏခဏတူတူအပြင်ထွက်ဖို့
Date ဖို့ ကမ်းလှမ်းနေတာ
Non-Verbal Sexual Harassment ဥပမာများ
၁) မျက်လုံးဖြင့် အပေါ်၊အောက် ကစားပြီးကြည့်နေခြင်း
၂) သိသိကြီးနဲ့ စိုက်ကြည့်နေခြင်း
၃) တဖက်သွားလမ်းကို ပိတ်စို့ခြင်း၊ကြပ်ကြပ်နဲ့သွားစေခြင်း
၄) နောက်ကနေလိုက်လာခြင်း
၅) Personal ကျတဲ့အသုံးအဆောင်ပစ္စည်းများ
(ဥပမာ အတွင်းခံ)လက်ဆောင်ပေးခြင်း၊
၆) ရည်းစားစာ ဇွတ်အတင်းလိုက်ပေးခြင်း၊
၇) မသင့်လျော်တဲ့Link တွေ၊ Message တွေ
Email တွေပို့ခြင်း
Physical Sexual Harassment ဥပမာများ
၁) ပုခုန်း၊လည်ပင်း၊ခါး၊လက်မောင်း၊ လက်ခြောင်းများ
မသိမသာလာကိုင်ခြင်း၊ ထိခြင်း တို့ခြင်း
၂) အင်္ကျီ၊ ဆံပင်၊ ခန္ဒာကိုယ်လာကိုင်ခြင်း
၃) တခြားကိုယ်လုံးအစိတ်အပိုင်းနဲ့ ပွတ်သပ်ခြင်း
၄) ကိုယ်နဲ့ထိတဲ့ထိ နီးကပ်စွာ လာရပ်ခြင်း
၅) တဖက်ကလက်မခံပေမယ့် ခင်သလိုလိုဖြင့်
ဖက်ခြင်း၊ အာဗွားပေးခြင်း၊ ခေါင်းပုတ်ခြင်း၊ ပွတ်သပ်ခြင်း
■ Solving Sexual Harassment
အဓီက Main Problem က ပြုလုပ်သူတွေရဲ့
ပြုလုပ်ခံရသူတွေအပေါ်ထားတဲ့ Respect နဲ့
သူတို့နှစ်ယောက်ကြားမှာထားရှိတဲ့ Boundaryတွေကို
သိရှိနားလည် လက်ခံခြင်းပါပဲ
ဒီတော့ နှစ်ယောက်စလုံးမှာ တာဝန်ရှိပါတယ်
ပြုလုပ်သူတွေကတော့ အဓိက Main ပေါ့
ပြုလုပ်သူတွေအနေနဲ့ ပြောရမယ်ဆိုရင်...
၁)လူသားအားလုံးမှာ သူတို့ comfortable ဖြစ်တဲ့
Boundary ဆိုတာရှိပါတယ် ဒီ Boundary ကို
ဘာအကြောင်းပြချက်နဲ့မှ မကျော်ပါနဲ့
ကျော်ချင်တယ်ဆိုရင် အရင်ဆုံး ဒီ Boundaryကိုပဲ
နှစ်ယောက်သဘောတူညီချက်နဲ့ ချဲ့ပါ၊
သူ့ဘက်ကချဲ့ဖို့စိတ်ကူးမရှိဘူးဆိုရင်လဲ
သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါ
၂) "စတာပါ" "နောက်တာပါ" "ခင်လို့ပါ"
"ချစ်လို့ပါ" "ငါတို့ကချစ်သူတွေပဲ"
"ငါတို့ကလင်မယားပဲ" ဆိုတဲ့
ကိုယ့်ရဲ့အမြင်နဲ့ယုံကြည်မှုနဲ့ပဲ တဖက်သားကို
ပြီးစလွယ်မပြုမူမပြောဆိုပါနဲ့
တဖက်သားရဲ့ တုန့်ပြန်မှုနဲ့လက်ခံမှု
တဖက်သားက Comfortable ဖြစ်မဖြစ်လေ့လာပါ
ကိုယ့်စိတ်က ရိုးသားသားနဲ့ပဲ
ပြောဆိုလိုက်တယ်ဆိုရင်တောင်
တဖက်မှာက တမျိုးထင်သွားနိုင်ပါတယ်
၃) ကိုယ့်ရဲ့လုပ်ရပ်က တဖက်အတွက် Harassment
တစ်ခုလို ခံစားရရင် တောင်းပန်ဖို့ဝင်မလေးပါနဲ့
မရှက်ပါနဲ့ လူဆိုတာက တဖက်စိတ်ကိုမဖတ်နိုင်ပါဘူး
ချက်ချင်း တောင်းပန်လိုက်ပါ နောက်တခါမဖြစ်ရအောင်
သတိထားပါ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ
ကိုယ့်ဂုဏ်သိက္ခာကိုတန်ဖိုးထားပါ
တဖက်ပြုလုပ်ခံရသူအနေနဲ့ ပြောရမယ်ဆိုရင်..
၁)အသေးအမွှားလေးကစ ချက်ချင်းတုန့်ပြန်ပါ
ငြိမ်မနေပါနဲ့ Silence Means Yes ပါ
ကိုယ့်ဘက်က "သူဒီတခါပဲ မှားပြောမိတာ၊မှားလုပ်မိတာပါ"
"သူကဒီလိုပဲ ဒါသူ့အကျင့်ပဲလေ" ဆိုပြီး
ခွင့်လွှတ်လိုက်မိပြီး ငြိမ်မခံပါနဲ့ သူ့ဘက်က
ဒါကို လုပ်ပိုင်ခွင့်တစ်ခုလိုပဲ မြင်သွားမှာပါ
"မကြိုက်ဘူး" "လက်မခံနိုင်ဘူး"
"ငါ့ကိုဒီလိုမခေါ်ပါနဲ့" "ဒီလိုမလုပ်ပါနဲ့"ဆိုပြီး
ကိုယ်မကျေနပ်ရင်မကျေနပ်သလို ချက်ချင်းပဲ
ပြန်ပြောလိုက်ပါ သူ့ဘက်က ကိုယ်ထိန်းသိမ်းထားတဲ့
Boundaryကို လွယ်လွယ်နဲ့အကျော်မခံပါနဲ့
တိုက်ထုပ်ပြစ်ပါ
၂) ဆက်ပြီးတိုးနေတယ်ဆိုရင် အထက်အရာရှိ
တခြားလုပ်ဖော်ကိုင်ဖက်တွေကို ဖွင့်ပြောပါ
အကူအညီတောင်းပါ၊ ဒီလိုလူတွေနဲ့ရှောင်လို့ရရင်ရှောင်ပါ
Tolerance isn't a solution.
"ကြာရင်လဲ ရိုးသွားမှာပါလေ"ဆိုပြီး မသည်းခံပါနဲ့
ဒါဟာသည်းခံရမယ့်အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်လေးစားပါ
၃) ဒီလိုလူတွေကိုလက်ခံတဲ့ ပါတ်ဝန်းကျင်မှာမနေပါနဲ့
"နင်ကလဲ သူကဒီလိုပဲကိုး"
"နင်က ဘာဖြစ်နေတာလဲ သူကစတာကိုး"
စသဖြင့် ကိုယ့်ဘက်က Uncomfortable ဖြစ်နေတာ
Sexually Harassed လုပ်ခံနေရတာကို
တဖက်လူဖက်က ဝင်ပြောပေး၊ လက်ခံပဲ၊ မျက်လွှဲပြုပေးတဲ့
ပတ်ဝန်းကျင်မှာမနေပါနဲ့
မြန်မာနိုင်ငံမှာ "Sexual Harassment"
"Sexual Harassment" နဲ့ သုံးနေကြပေမယ့်
ဘာကိုဆိုလိုတာလဲ?
ဘယ်ဟာဆို Harassment လဲ?
ဘယ်သူ့အပြစ်လဲ? ဘယ်သူမှာတာဝန်ရှိလဲ?ဆိုတာ
ဒီစာဖတ်ပြီး ပိုပြီးနားလည်သွားလိမ့်မယ်လို့ယူဆပါတယ်
Please Like & Share for Knowledge
#nkzhmdy #nclrelationship
#Credit. Necholas Hein