what is Wi-Fi
ခုပို့စ်ကတော့ What is Wi-Fi? နဲ့ IEEE 802.11 Wireless Standards တွေ အကြောင်းပဲ ဖြစ်ပါတယ်။
Wi-Fi ဆိုတာ ဘာလဲ၊ Wi-Fi Standards တွေ မူတည်ပြီး Speed (Data Transfer Rate) တွေ ကွာခြားသွားတာ၊ Performance တွေ ဘယ်လိုပိုမို ကောင်းမွန်လာတာဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Wi-Fi အကြောင်းမပြောခင်မှာ LAN နဲ့ WLAN အကြောင်းကိုလည်း အနည်းငယ် အနှစ်ချုပ် ပြန်ရှင်းပြထားပါတယ်။
What is Local Area Network (LAN)?
Local Area Network ဆိုတဲ့အတိုင်း အဆောက်အဦး၊ ရုံး၊ အိမ်၊ စားသောက်ဆိုင် စတဲ့ နေရာတစ်ခုထဲမှာ Network Devices (Routers, Access points, Cables, Computers, Printer, etc.,) တွေ အချင်းချင်းဆက်သွယ်ကြတာ ဖြစ်ပါတယ်။ LAN တစ်ခုဟာ Wired Cable Devices တွေချည်းဖြစ်နိုင်သလို၊ Wired & Wireless Devices တွေ ရောနှောနေတဲ့ Network တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ LAN တစ်ခုဟာ Users နည်းနည်းပဲရှိတဲ့ Home Network သေးသေးလေးမှသည် Users တွေ အများကြီး ချိတ်ဆက် ဆောင်ရွက်နေကြတဲ့ Enterprise Network ထိလည်း ဖြစ်နိုင်ပါတယ်။ LAN တစ်ခုဟာ သေးသည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူက Geographically တူတဲ့ နေရာတစ်ခုထဲမှာပဲ ချိတ်ဆက်လို့ရတဲ့ အကန့်အသတ်တော့ ရှိနေပါတယ်။
What is WLAN (Wireless Local Area Network)?
WLAN ဆိုတဲ့ အတိုင်း Local Area Network ထဲမှာ Wireless Devices တွေ ပါဝင်ပြီး ချိတ်ဆက်လာပြီ ဖြစ်ပါတယ်။ WLAN တစ်ခုမှာ Devices တွေဟာ မတူညီတဲ့ Radio နည်းပညာတွေကို ချိတ်ဆက်ပြီး ဆောင်ရွက်ကြပါတယ်။ WLAN တစ်ခုဟာ Cables အစား Radio technology ကိုသုံးပြီး Network Devices တွေ အချင်းချင်း ကြိုးမဲ့ဆက်သွယ်ဆောင်ရွက်ခြင်းကို ဆိုလိုရင်း ဖြစ်ပါတယ်။
What is Wi-Fi?
Wi-Fi ကို အများစုက Wireless Local Area Network (WLAN) နဲ့ ရောထွေးကြတတ်ပါတယ်။
WLAN ဆိုတာ မတူညီတဲ့ Radio Technologies တွေကို သုံးပြီး Network Devices တွေအချင်းချင်း ကြိုးမဲ့ ဆက်သွယ်ကြတာဖြစ်ပြီး၊ Wi-Fi ဆိုတာကတော့ IEEE 802.11 Wireless Standards ကို လိုက်နာပြီး သတ်မှတ်ချက်များနဲ့အညီ Radio Technology ကိုသုံးပြီး Network Devices တွေအချင်းချင်း ဆက်သွယ်ကြတာ ဖြစ်ပါတယ်။
ဒါဆို Wi-Fi ဟာ Wireless LAN မဟုတ်ဘူးလား။ အဖြေကတော့ ဟုတ်ပါတယ်။ Wi-Fi ဆိုတာ IEEE 802.11 သတ်မှတ်ချက်များနှင့်အညီ Devices တွေအချင်းချင်း ဆက်သွယ်ကြတဲ့ Wireless Network (WLAN) အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
ယခု ကျွန်တော်တို့တွေ့နေရတဲ့ Wi-Fi logo ဟာ Wi-Fi Alliance ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ non-profit organization တစ်ခုရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ဖြစ်ပါတယ်။ Wi-Fi Alliance ဟာ Wireless products တွေကို ထုတ်လုပ်တဲ့ မတူညီတဲ့ထုပ်လုပ်ရောင်းချသူတွေကြား အချင်းချင်းဆက်သွယ်လို့ရနိုင် မရနိုင်ကို စစ်ဆေးပေးပြီး ကမ္ဘာလုံးဆိုင်ရာ Global wireless LAN standard တစ်ခု အဖြစ်ရှိနေရန် ဆောင်ရွက်ပေး ပါတယ်။ IEEE 802.11 wireless standards ကို လိုက်နာပြီး မတူညီတဲ့ ထုတ်လုပ်သူတွေကြား အချင်းချင်း ဆက်သွယ်လို့ ရပါက အဆိုပါ Wireless products တွေကို Wi-Fi CERTIFIED ဆိုပြီး သတ်မှတ်ပေးပါတယ်။
Wi-Fi Alliance မှာ IEEE 802.11 standards တွေကို လိုက်နာပြီး Wi-Fi CERTIFIED products ၅၀၀ ကျော်ကို ထုတ်လုပ်ပေးနေတဲ့ the world leading companies ပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်။
What is IEEE 802.11?
Specifications for WLAN implementation (802.11a/b/g), security (802.11i), quality of service (802.11e), and other areas များ ပါဝင်တဲ့ IEEE 802.11 wireless standards တွေ သတ်မှတ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတွေကိုတော့ the Institute of Electrical and Electronics Engineers (IEEE) LAN/MAN committee က ဆောင်ရွက်ပါတယ်။
IEEE 802.11 က မတူညီတဲ့ Frequency Bands တွေ ဖြစ်တဲ့ 2.4GHz, 5GHz, 6GHz, and 60GHz band တွေကို အသုံးပြုပါတယ်။
ပထမဆုံး IEEE 802.11 wireless standard ကို ၁၉၉၇ ခုနှစ်မှာ Develop လုပ်ခဲ့ပြီး 2.4GHz frequency နဲ့ အမြင့်ဆုံး Data Transfer Rate ကတော့ 2 megabits per second (2Mbp/s) ဖြစ်ပြီး Indoor မှာဆို ၆၆ ပေ အကွာအဝေးထိရနိုင်ပြီး Outdoor အပြင်ဘက်မှာ ဆိုရင်တော့ ၃၃၀ ပေထိ ရခဲ့ပါတယ်။
IEEE 802.11b ကိုတော့ ၁၉၉၉ ခုနှစ် စက်တင်ဘာလမှာ ပေါ်ထွက်လာပြီး 2.4GHz frequency နဲ့ လုပ်ဆောင်ပြီး သူ့ရဲ့ အမြင့်ဆုံး High-Speed (Data Transfer Rate) ကတော့ 11 megabits per second (11Mbit/s) ဖြစ်ပါတယ်။ 802.11a ထက် range ပိုကောင်းပြီး Less absorbtion problems ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခြား Wireless ပစ္စည်းတွေဖြစ်တဲ့ Baby monitors, cordless phones, microwave ovens, Bluetooth တို့နဲ့ frequency conflict (frequency ရောထွေးပြီး အနှောင့်အယှက်) ဖြစ်နိုင်ပါတယ်။
IEEE 802.11a ကတော့ 5GHz frequency နဲ့ လုပ်ဆောင်ပြီး သူ့ရဲ့ အများဆုံးရနိုင်တဲ့ High-Speed (Data Transfer Rate) ကတော့ တစ်စက္ကန့်မှာ 54 megabits per second (54Mbits/s) ဖြစ်ပါတယ်။ IEEE 802.11a ကတော့ သူနဲ့ တစ်ချိန်တည်းသတ်မှတ်ခဲ့တဲ့ IEEE 802.11b devices တွေထက် ဈေးပိုကြီးခဲ့ပြီး 802.11b (2.4GHz) devices တွေနဲ့လည်း Compatible (ကိုက်ညီမှု) မရှိခဲ့တဲ့အတွက် 802.11b devices တွေကိုပဲ ဈေးကွက်မှာ အများအပြားအသုံးပြုခဲ့ပြီး 802.11a devices တွေကိုတော့ Business Applications တွေမှာပဲ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းထုတ်တဲ့ Router တွေမှာတော့ 802.11b wireless standards ထိ ပြန်ပြီးကိုက်ညီမှု (Backward Compatible) ဖြစ်အောင် ထုတ်လုပ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ 802.11a devices တွေကို တစ်ချို့နေရာတွေမှာပဲ တွေ့နိုင်ပါတော့တယ်။
IEEE 802.11g ကတော့ 802.11b ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပြီးတော့ - ၂၀၀၃ ခုနှစ် June လမှာ ပေါ်ထွက်လာပါတယ်။ သူလည်းပဲ 2.4GHz range မှာပဲ လုပ်ဆောင်ပါတယ်။ သူ့ရဲ့ အမြင့်ဆုံး high-speed ကတော့ တစ်စက္ကန့်မှာ 54 megabits per second (54Mbit/s) ဖြစ်ပါတယ်။ 802.11b နဲ့ Backward-compatible (802.11b Devices တွေနဲ့လည်း ချိတ်ဆက်လို့ရ) ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း ပဲ 802.11b လို Frequency conflict problems ရှိပါတယ်။
IEEE 802.11n (Wi-Fi 4) - သူကတော့ IEEE 802.11a/b/g တို့ရဲ့ Update ဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ပေါ်ထွက်လာပါတယ်။ သူကတော့ 5GHz and/or 2.4GHz frequency တစ်မျိုး သို့မဟုတ် နှစ်မျိုးလုံးနဲ့ လုပ်ဆောင်ပါတယ်။ သူရဲ့ အမြင့်ဆုံးရနိုင်တဲ့ high-speed ကတော့ 600 megabits per second (Mbit/s) ဖြစ်ပါတယ်။ 802.11n မှာတော့ SU-MIMO လို့ခေါ်တဲ့ Single User – Multiple-input multiple-output ကို စတင်ပြီး အသုံးပြုလာပါတယ်။ တစ်ချိန်တည်းမှာ Multiple transmit and receive လုပ်ဖို့အတွက် Antennas တစ်ချောင်းထက် ပိုပြီးပါလာပြီ ဖြစ်ပါတယ်။ SU-MIMO မှာတော့ a router or an access point တစ်ခုက Single User Device (a phone or laptop) ဆီကို Data တွေ ပို့တဲ့အခါ ပိုပြီးကောင်းမွန်ဖို့နဲ့ စိတ်ချရဖို့ အတွက် Multiple antennas တွေနဲ့ Bandwidth ကို Mulitple steams တွေခွဲထုတ်ပြီး ပို့ပါတယ်။ သူကတော့ Round Robin (တစ်ခုပြီးမှတစ်ခု) ပုံစံနဲ့ ပို့လွှတ်တာ ဖြစ်ပါတယ်။ ယနေ့ခေတ် အိမ်သုံး Wi-Fi Router အများစုဟာ Wi-Fi 4 တွေ ဖြစ်ကြပါတယ်။
IEEE 802.11ac (Wi-Fi 5) - သူကတော့ 802.11n ထက် သိသိသာသာပိုပြီး ပြောင်းလဲလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 5GHz frequency band နဲ့ လုပ်ဆောင်ပြီး Less crowded, more frequencies ဖြစ်လာပါတယ်။ သူ့ရဲ့ Data transfers rate (high-speed) ကလည်း theoretically အရ 7 gigabits per second (Gbit/s) ထိ ရှိလာပါတယ်။ သူကတော့ MU-MIMO နည်းပညာကို အသုံးပြုလာပြီး 802.11n ထက် နှစ်ဆဖြစ်တဲ့ အင်တာနက် ၈ ချောင်းထိ အများဆုံး ရှိလာနိုင်ပါတယ်။ သူ့ရဲ့ MU-MIMO ကိုတော့ Downlink အခြေနေမှာပဲ တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ Wi-Fi Router ကနေ Multiple Devices တွေကို တစ်ချိန်တည်းမှာ Communicate လုပ်နေမှာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
802.11ax (Wi-Fi 6) - သူ့ကိုတော့ Next generation of Wi-Fi လို့လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ အမြင့်ဆုံး high-speed (data transfer rate) ကတော့ 9.6 gigabits per second (Gbp/s) ဖြစ်ပါတယ်။ ခုဖော်ပြထားတဲ့ Speed တွေကတော့ theoretical maximums ပဲ ဖြစ်ပြီး တစ်ကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့တွေက တစ်စက္ကန့်မှာ အဲ့ဒီ Speed နဲ့ Download or Upload လုပ်ဖို့ဆိုတာ ဖြစ်နိုင်ဖို့ ခက်ပါတယ်။ အဲဒီ့ Speed ရခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့က အဲ့လောက် Speed တစ်ကယ်လိုအပ်ချင်မှ လိုအပ်မှာပါ။ 9.6 Gbps ဆိုတာ Full HD or 4k video file တစ်ခုကို Download (သို့) Upload လုပ် ဖို့အတွက် တစ်စက္ကန့်တောင် မကြာနိုင်တော့ပါဘူး။
သူ့မှာတော့ MU-MIMO က Downlink and Uplink နှစ်မျိုးလုံးမှာ တွေ့နိုင်မှာဖြစ်ပြီး၊ Multiple Client Devices တွေက တစ်ချိန်တည်းမှာပဲ Router နဲ့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။
မသိသေးသူများအတွက် ဗဟုသုတ တစ်ခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ထပ်ပို့စ်မှာတော့ ကိုယ့်ရဲ့ Home Wi-Fi Router တွေက ဘယ် Wi-Fi generations (Wireless Standards) သုံးထားလဲ၊ ကိုယ့်ရဲ့ Devices (Laptop, phone) တွေက ဘယ် Wireless Standards နဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားလဲ ဆိုတာကို ဘယ်လိုစစ်ဆေးလို့ရလဲ ဆိုတာ ရှင်းပြပေးသွားပါမယ်။
ဒါ့အပြင် Wi-Fi 4 ကနေစပြီး ပါလာပြီ ဖြစ်တဲ့ MU-MIMO အကြောင်းနဲ့ Wi-Fi 6 မှာ ပါလာတဲ့ နည်းပညာအသစ်တွေကိုလည်း အနည်းငယ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
#VAN_Computer_Network