Bed
Types of Bed
ဟိုတယ်များတွင်သုံးသည့် အိပ်ယာ(၈)မျိုး ရှိပါသည်။ ၎င်းတို့မှာ
1.Single Bed
2.Twin Bed
3.Double Bed
4.Queen Bed
5.King Bed
6.Extra Bed/ Rollaway Bed
7.Sofa Bed
8.Baby Cot
ဟူ၍ ဖြစ်သည်။
1.Single Bed
ဧည့်သည်တစ်ယောက်အိပ်ရန်အတွက်သာ ရည်ရွယ်သည်။ အရွယ်အစားမှာ အလျား (၇၈)လက်မ၊ အနံ(၃၆)လက်မနှင့် အမြင့်(၁၈)လက်မခန့် ရှိသည်။
2.Twin Bed
တစ်ခန်းထဲတွင် အိပ်ယာနှစ်ခုထည့်၍ ဧည့်သည်နှစ်ဦးတည်းနိုင်ရန် ရည်ရွယ်သည်။ တစ်ယောက်အိပ်ယာထက် အနည်းငယ်ကြီးသည်။ အလျား(၇၈)လက်မ၊ အနံ(၃၉)လက်မနှင့် အမြင့်(၁၈)လက်မခန့် ဖြစ်သည်။ ယခုအခါတွင် ဟိုတယ်များ၌ တွင်အိပ်ယာကို အများဆုံး အသုံးပြုလေ့ရှိသည်။
3.Double Bed
နှစ်ယောက်အိပ်ရာသည် ဧည့်သည်နှစ်ဦး အတူအိပ်စက်နိုင်ရန် ရည်ရွယ်သည်။ စုံတွဲများအတွက် ဖြစ်သည်။ အရွယ်အစားမှာ အလျား(၇၈)လက်မ၊ အနံ(၅၄)လက်မမှ လက်မ(၆၀)နှင့် အမြင့်မှာ (၁၈)လက်မခန့်ဖြစ်သည်။
4.Queen Bed
(Double Bed) ထက်ပိုကြီးသည့် နှစ်ယောက်အိပ်ယာဖြစ်သည်။ အရွယ်အစားမှာ အလျား(၇၈)လက်မ၊ အနံ(၆၆)လက်မမှ လက်မ(၇၂)နှင့် အမြင့်မှာ (၁၈)လက်မခန့် ဖြစ်သည်။ တချို့သတ်မှတ်ချက်မှာ အလျား(၇၈)လက်မ၊ အနံ(၇၈)လက်မ ဖြစ်သည်။
5.King Bed
လူနှစ်ယောက် ကျယ်ပြန့်စွာအိပ်နိုင်သည့် အကြီးဆုံးအိပ်ယာဖြစ်သည်။ အလျား(၇၈)လက်မမှ လက်မ(၈၀)၊ အနံ(၇၂)လက်မမှ လက်မ(၈၀)နှင့် အမြင့်မှာ (၁၈)လက်မခန့် ဖြစ်သည်။ တချို့သတ်မှတ်ချက်များမှာ အလျား(၈၀)လက်မ၊ အနံ(၈၀)လက်မ ဖြစ်သည်။
6.Extra Bed/Rollaway Bed
ရွှေ့ပြောင်းသယ်ယူရလွယ်ကူသော အပိုအိပ်ယာဖြစ်သည်။ ခေါက်၍လည်း သိမ်းထားနိုင် သည်။ တချို့ဟိုတယ်များတွင်တော့ (Mattress)နှစ်လုံးကို ဆင့်ပေးတတ်သည်။ (Extra Bed) ၏ အရွယ်အစားမှာ အလျား(၇၈)လက်မ၊ အနံ(၃၀)မှ (၃၆)လက်မ၊ အမြင့်မှာ (၁၈)လက်မခန့် ဖြစ်သည်။
7.Sofa Bed
မအိပ်သည့်အချိန်တွင် ဆိုဖာထိုင်ခုံအဖြစ်သုံးနိုင်ပြီး အိပ်မည်ဆိုလျှင် ဖြန့်ထုတ်ခင်းနိုင်သည့် အိပ်ယာအမျိုးအစားဖြစ်သည်။ တစ်ယောက်အိပ်၊ နှစ်ယောက်အိပ် အစုံဖြစ်သည်။
8.Baby Cot
ကလေးငယ်များ လိမ့်မကျနိုင်စေရန်အတွက် ဘေးနံရံအကာများပါသော အိပ်ယာငယ်ဖြစ်ပါ သည်။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://htooaungwintt.blogspot.com
Credit