ပျော်ရွှင်ခြင်းအစ

ပျော်ရွှင်ခြင်းရဲ့အစ ဤစာက

------------------------

ကျွန်တော့်သူငယ်ချင်း ကိုကျော်ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စီးပွားပျက်သွားခဲ့တယ်။ မိန်းမဆီကလည်း ကွာရှင်းခံလိုက်ရတယ်။ လောကဓံရဲ့ ရိုက်ချက်ကို မခံနိုင်တဲ့အဆုံး သူ အရက်သမားလုံးလုံး ဖြစ်ခဲ့ရတယ်။ ပြီးတော့ သူ ရွာပြန်သွားတယ်ဆိုတဲ့ သတင်းကို နောက်ဆုံးကြားခဲ့ရပြီး ဘာမှ သတင်းထပ်မကြားခဲ့ရတော့ဘူး။
 
ကျွန်တော့်ရှေ့မှာ အခုရောက်နေတဲ့သူက ကိုကျော်တဲ့။ သူ့ရဲ့ ရုပ်ပြောင်းလဲသွားတာကို ကြည့်ပြီး တော်တော်လေး အံ့အားသင့်နေခဲ့ပါတယ်။ ကျွန်တော်သိခဲ့တဲ့ ကိုကျော်ဟာ အရက်ရဲ့ကျေးကျွန် ဖြစ်ပြီးတော့ ရှိရင်းစွဲ အသက်ထက် ပိုပြီး ရင့်ရော်နေကာ မကျန်းမမာတဲ့ပုံ ပေါက်နေတဲ့သူပါ။ အခု ကျွန်တော့်ရှေ့မှာ ထိုင်နေတာက ကျန်းမာဖျတ်လတ်ပြီး လူငယ်တစ်ယောက်ပုံပေါက်နေတဲ့သူပါ။ သူဟာ အရင်လို စိတ်ဓာတ်ကျနေတဲ့ပုံစံမျိုး မပေါက်နေတော့ဘဲ ငယ်ရွယ်ဖျတ်လတ်ပြီး အရမ်းကျန်းမာတဲ့ပုံစံမျိုးဖြစ်နေပါတယ်။
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
ပြောင်းလဲသွားတဲ့ ကိုကျော်ကို ကြည့်ရတာ ကျွန်တော့်ကို တော်တော် အံ့အားသင့်စေပါတယ်။ ဘာလို့ ဒီလောက် ငယ်ရွယ်တဲ့ပုံပေါက်သွားတာလဲ။ ရွာပြန်ပြီး မအိုဆေးများ တွေ့ခဲ့တာလား။ ဒိလို အံ့အားသင့်စရာ ဖြစ်ရပ်ရဲ့ နောက်ကွယ်က အဓိက အကြောင်းအရာက ဘာလဲ။ ကျွန်တော် အရမ်းသိချင်နေပါပြီ။
 
ကိုကျော်ဟာ သူ့ရဲ့အကြောင်းကို ကျွန်တော့်ကို စပြောပြလာပါတယ်။ သူ ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘယ်လောက်ထိ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ကြောင်း ဖွင့်ဟ,လာပါတယ်။ အဲ့လို ကမ္ဘာပျက်မတတ်ခံစားနေရတဲ့အချိန် တမနက်ကျတော့ ကိုကျော် တိုက်ခန်းတံခါးမှာ ရှေ့မှာ စာရွက်အပြဲလေးတစ်ခု လာကပ်ထားတာကို တွေ့လိုက်ရတယ်။ အဲ့စာရွက်လေးမှာ ပါတဲ့ လျှို့ဝှက်ချက်လေးကို စမ်းကြည့်ဖို့ ကိုကျော်ဟာ နောက်ဆုံးမှာတော့ ရွာကိုပြန်သွားခဲ့ပါတယ်။
 
ကျွန်တော်လည်း အရမ်းသိချင်လာပြီး လျှို့ဝှက်ချက်ကို မေးမိလိုက်ပါတယ်။ ကိုကျော်ကလည်း ကျွန်တော် အရမ်းသိချင်နေတာကို ရိပ်မိပြီး သူပြောင်းလဲသွားရတဲ့ လျှို့ဝှက်ချက်ကို ပြောပြဖို့ သဘောတူလိုက်တယ်။
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
လျှို့ဝှက်ချက်လေးကတော့
 

၁။ သိဖို့
------------

“ပထမဆုံး တစ်ခုက ငါတို့ကိုယ့်ကိုကိုယ် ဘယ်လိုပြောင်းလဲရမယ်ဆိုတာ သိဖို့ ဖြစ်တယ်။ ငါတို့ကျန်းမာပျော်ရွှင်စွာ နေထိုင်ဖို့ ငါတို့ရဲ့ အလေ့အကျင့်တွေ ပြောင်းဖို့ကြိုးစားတဲ့အခါမှာ စိတ်အားထက်သန်မှုတွေ၊ စည်းကမ်းချက်ချတာတွေ၊ အစီအစဉ်ဆွဲတာတွေ၊ တွေးပုံခေါ်ပုံပြောင်းတဲ့ နည်းလမ်းတွေ အကုန်လုံးဟာ ရေရှည်မခံဘဲ လမ်းတဝက်မှာ ရပ်တန့်သွားကြတယ်။ ဘာလို့လဲ သိလား။ အဲ့အရာတွေက တကယ့် နက်ရှိုင်းပြီး ရေရှည် တည်မြဲတယ့် အရာတွေကနေ လာတာ မဟုတ်လို့ဘဲ။
 
“အင်း… ဆက်ပြောပါဦး”
 
“ပင်လယ်ထဲက ရေခဲတုံး (Iceberg) နဲ့ ဥပမာပေးပြီး ပြောပြမယ်။ ရေခဲတုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရေအပေါ်မှာ ပေါ်နေတတ်တာ။ ကျန်တာတွေက ရေအောက်မှာ မြှုပ်နေတာ မမြင်ရတဲ့အပိုင်းပေါ့။ ဒါပေမဲ့ လူအများစုက ‌ရေခဲတုံးရဲ့ အပေါ်ပိုင်းကို စောက်(chisel) နဲ့ ပေါက်နေတတ်ကြတယ်။ တခါတည်း အပြတ်ဖြတ်မယ့် နည်းကို မစဉ်းစားမိကြဘူး။ များသောအားဖြင့် နည်းလမ်းတွေဟာ အပေါ်ယံတွေကိုပဲ ညွှန်ပြနေကြတာ တကယ့်အတွင်းထဲက အရာကိုက ကိုယ့်ဘာသာ ရှာရမှာပဲ သူငယ်ချင်း။”
 
“အဲ့တာက ဘာကိုပြောချင်တာလဲ”
 
“ငါ ဒုတိယအပိုင်းမှာ ပြောပြမယ်။”

၂။ မြင်တတ်ဖို့
---------------

“ရေအောက်က တကယ့်အပိုင်းကြီးကို မဖြိုကြဘူး။ အခုပြောမှာက ရေအောက်ကအပိုင်းကြီးပါ ဖြိုဖို့နည်းလမ်းဖြစ်တဲ့ ရေအပူချိန်မြှင့်လိုက်မယ့်နည်းကို ပြောပြမှာ။”
 
“ကျွန်တော့်ကို လက်တွေ့ဘဝနဲ့ ဆက်စပ်ပြပါဦး… ကိုယ်တော်”
 
“အေးပါကွာ။ ငါပြောပြမယ်။ ငါတို့တွေရဲ့ မွေးကတည်းကနေ အခုချိန်အထိ မွေးမြူလာခဲ့တဲ့ အတွေးတွေ အကျင့်တွေကို ပြင်ဖို့ ကြိုးစားတဲ့အခါ တော်တော်များများက သူများပြောတဲ့နည်း တွေကို သုံးပြီးပြင်ကြတယ်။ ဒါပေမဲ့ ရေရည်မခံဘဲ အချိန်တစ်ခုကြာရင် အများစုကပုံမှန်ပြန်ဖြစ်သွားတယ်။ ပြင်နိုင်တဲ့ သူတွေကျတော့ အရည်ဖျော်တဲ့နည်းကို သိလို့ ပြင်နိုင်ကြတာ။ အဲ့ဒီ့အရည်ဖျော်တဲ့နည်းဆိုတာ မေးခွန်းထုတ်ခြင်းပဲ။”
 
“မေးခွန်းထုတ်ရမယ်ဟုတ်လား”
 
“အေး။ ငါ အပေါ်ကတစ်ခုနဲ့ ပြန်ချိတ်ဆက်ပြမယ်။ မင်း တွေးနေကြအရာတွေ အတ္တတွေကို တစ်နေ့ တစ်မနက်ထဲနဲ့ ပြောင်းလို့ရမယ်ထင်လား။ တကယ်က ရနိုင်တယ်။ မင်း မေးခွန်းထုတ်တတ်ရင်ပေါ့။ ဥပမာအားဖြင့် မင်းက ဆေးလိပ်ဖြတ်ချင်တယ် ဆိုရင် ဆေးလိပ် ဘာလို့ဖြတ်ချင်တာလဲ အရင်မေး။ အဖြေသိပြီဆိုရင် သိတဲ့အဖြေကို မေးခွန်းထပ်မေး။ အဲ့လို မေးရင်း မေးရင်းကနေ နောက်ဆုံး မေးစရာ မကျန်တော့လောက်တဲ့အချိန်ကျရင် အဲ့နောက်ဆုံးအ‌ဖြေက လုပ်ဖို့ အရမ်းလွယ်ကူတဲ့အရာလေး ဖြစ်နေတာကို မင်းတွေ့ရလိမ့်မယ်။ ငါတောင် မဖြစ်နိုင်ပါဘူးဆိုပြီး လုပ်ကြည့်လိုက်တာ အခု မင်းမြင်တဲ့အတိုင်းပဲ။ ငါ အရက်လည်းပြတ်သွားပြီး လူလည်း ကျန်းကျန်းမာမာပဲ။
 
“မင်းပြောချင်တာ ငါတို့တွေက ခက်ခဲတဲ့ ကြီးမားတဲ့အရာကြီးတွေ စပြောင်းဖို့ကြိုးစားတတ်ကြတယ်။ တကယ်က အလေ့အကျင့်တစ်ခုပြောင်းချင်ရင် အဲ့ကြီးမားတဲ့အရာကိုဖြစ်စေတဲ့ သေးငယ်တဲ့အရာလေးတွေ ကို ပြောင်းလို့ရတယ်လို့ ပြောချင်တာလား”
 
“အေး အဲ့အတိုင်းပဲ သူငယ်ချင်း”
 
“ဒါဆိုရင် နောက်ဆုံးအချက်ကရော”

၃။ နားလည် သဘောပေါက်ဖို့
-----------------------------

“မင်းကိုယ်မင်း သတ်မှတ်ထားတဲ့အရာတွေက မင်းအတိတ်က အမှတ်တရတွေ အတွေ့အကြုံတွေပေါ်ပဲ မှီခိုနေတယ်ဆိုတာကို နားလည် သဘောပေါက်ဖို့ဖြစ်တယ်။”
 
“ကျွန်တော်နားမလည်ဘူး ကိုကျော်ရာ”
 
“ငါရှင်းပြမယ် သူငယ်ချင်း။ ငါတို့ ကိုယ့်ကိုကိုယ် ပုံမှန် သတ်မှတ်နေကြအရာတွေက ငါတို့ရဲ့အတိတ်တွေပေါ်မူတည်ပြီးပဲ ဖြစ်လာခဲ့တာ။ ဥပမာ မင်းနာမည်ကိုပဲကြည့်။ မင်းမိဘတွေ ပေးခဲ့လို့ မင်းနာမည်ဆိုပြီး သတ်မှတ်ချက်တစ်ခု ဖြစ်လာတာ။ နောက်တစ်ခုဆိုရင် လူတိုင်းက “ငါ”၊ “ငါ့ဟာ” ဆိုပြီး ပြောပြောနေကြလို့လည်း “ငါ” ဆိုပြီး ကိုယ့်ကိုကိုယ် ညွှန်မိနေပြန်ရော။ အဲ့တာကြောင့် မင်းကိုယ်မင်း မှားယွင်းစွာ သတ်မှတ်ထားတဲ့ အရာတွေကို ခွာချပြီး ကြည့်ကြည့်လိုက် အများကြီးအေးချမ်းသွားလိမ့်မယ်။
 
ကိုကျော်က ဆက်ပြောတယ်။
 
ငါ့တုန်းကဆိုရင် စီးပွားရေးပျက်တာက တကြောင်း၊ အရေးထဲ မိန်းမကပါ ထားခဲ့သေးတာ အဲ့တုန်းကဆိုရင် အဆုံးတောင် စီရင်ချင်သွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ငါ့ဆီ အဲ့စာလေး အချိန်မှီရောက်လာခဲ့တယ်။ တကယ်က ငါတို့တွေက ငါတို့ကိုယ်ကို မှားယွင်းစွာသိထားကြရုံလေးပဲ။ ငါတို့တွေ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတာတွေ၊ အတွေ့အကြုံတွေကို ဖယ်လိုက်ရင် ငါတို့တွေက ဘာမှမဟုတ်တော့တာကို မင်းတွေ့လိမ့်မယ် သူငယ်ချင်း။”
 
“ငါ သဘောပေါက်သွားပြီ။ ငါတို့တွေဟာ ကိုယ့်ကိုကိုယ် မှားယွင်းစွာ သတ်မှတ်နေကြတာပဲ။ မင်းပြောချင်တာက ငါတို့တွေ ကိုယ့်ကိုကိုယ် သတိကပ်ပြီး ဖြစ်ပျက်သဘောကို အမြဲနှလုံးသွင်းနေမယ်ဆိုရင် အထူးတလည် ပင်ပန်းနေစရာမလိုတော့သလို တရားထိုင်ဖို့လည်း မရုန်းကန်ရတော့ဘူးပေါ့။ အဲ့ဒါအပြင် ကျန်းမာတဲ့ အလေ့အထတွေ လုပ်ဖို့လည်း ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘူးပေါ့နော်။”
 
“အေး ဟုတ်တယ် သူငယ်ချင်း။ ဒါပေမဲ့ မင်းကိုနောက်ဆုံး တောင်းဆိုချင်တာ ရှိတယ်။”
 
“အေး ကြိုက်တာပြော သူငယ်ချင်းရေ။”
 
“သူငယ်ချင်း မင်းတို့ ငါတို့လို ဒီစာလေး လိုအပ်နေတဲ့သူတွေ အများကြီးရှိနေဦးမှာဆိုတော့ မင်း ဒီစာလေးကို မျှဝေပေးနိုင်မလား။”
 
 
Mindmax
Max Your Mind
mindmax.app

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ