မသိစိတ်
“မသိစိတ်က သိစိတ်ရဲ့ပုံရိပ်ပါ” လို့ အောက်စဖို့ဒ်ဆရာတော် အရှင်ဓမ္မသာမိက မိန့်ခဲ့ဖူးပါတယ်…
~~~~~~~~~~~~~~~~~~~~~~
မသိစိတ်အကြောင်းကို မြင်အောင်ကြည့်မယ်ဆိုရင် သူ့ရဲ့ တုံပြန်ချက် (reaction) ကို စောင့်ကြည့်တယ်။
ဥပမာအားဖြင့် ကိုယ်မကျေနပ်ဖူးတဲ့ လူတယောက်အကြောင်းကို တွေးလိုက်တယ်။ သူ့ရဲ့ ကောင်းကွက်တွေကို တွေးရမယ်ဆိုရင် အရမ်းကို စိန်ခေါ်မှု (challenging) ဖြစ်သွားတယ်။
မကျေနပ်တဲ့ စိတ်တွေ၊ တချို negative emotion တွေက တော်တော်နက်ရှိင်းတဲ့ မသိစိတ်ထဲမှာ ရှိနေတယ်ဆိုရင် ဒီလို လေ့ကျင့်ခန်း (excercise) တွေလုပ်လိုက်တဲ့အချိန်မှာ reaction တွေ ပေါ်လာတယ်။
တနည်းအားဖြင့်ပြောရမယ်ဆိုရင် မသိစိတ်ကို သိစိတ်ထဲရောက်အောင် ဆွဲတင်လိုက်တာ၊ ဒီလိုလုပ်တယ်ဆိုရင် သတိတရား (awareness) ဆိုတဲ့ သိစိတ်က ပိုပို အားကောင်းလာပြီးတော့ မသိစိတ်ကိုလည်း သူကလွမ်းမိုးနိုင်တဲ့ အနေအထားတွေ ရှိတယ်။ မသိစိတ်က သိစိတ်ရဲ့ပုံရိပ်ပါ။
တချိုကျတော့ သူတိုရဲ့ Negative emotion တွေဖြစ်တဲ့ မလုံခြုံတဲ့စိတ် (insecurity)တို ကြောက်တဲ့စိတ်တိုက မသိစိတ်ထဲမှာ ကိန်းအောင်းနေပြီးတော့ သိစိတ်ကို ပုန်းပြီး လွမ်းမိုးတယ်။ မသိစိတ်ထဲမှာ ကြောက်စိတ်တွေ အများကြီးရှိနေတာကြောင့် အိပ်မက်ထဲမှာလည်း မကြာခဏ ကြောက်စရာကောင်းတဲ့ ရုပ်ပုံတွေ မြင်မက်တယ်။ အိပ်မက်ဆိုးတွေ မက်တယ်ဆိုရင် မသိစိတ်ထဲမှာ ကြောက်စိတ်တွေများနေလို ဖြစ်ပြီး အဲ့ဒီ့ကြောက်စိတ်များတဲ့ ပုဂ္ဂိုလ်ဟာ ဒီစိတ်နဲ့သူလုပ်တဲ့ လုပ်ငန်းတွေမှာလည်း ကြောက်စိတ်တွေ ထင်ထင်ရှားရှား ရှိနေတယ်။
ဒီအတိုင်းပါပဲ Positive ဘက်က ကြည့်မယ်ဆိုရင်လည်း သိစိတ်မှာရှိတဲ့ ဒေါသတွေကို သတိနဲ့ကြည့်၊ နောက်ပြီးတော့ ရှိရင်းစွဲ Positive emotion ကိုလည်း ပိုပြီးအားကောင်းအောင် မြှင့်တင်ပေး၊ ဒိလိုဆိုရင် ဒီပုဂ္ဂိုလ် နောက်ပိုင်း အိပ်မက်မက်မယ်ဆိုရင် ကောင်းတာတွေပဲ မက်မယ်။ ပြောရမယ်ဆိုရင် သိစိတ်က မသိစိတ် အပြုအမူကို သွားပြီးတော့ ပြောင်းလဲပစ်နိုင်ပြီ။ လွမ်းမိုးနိုင်ပြီ။
ဆရာတော်ဘုရားကြီးက တရားပွဲတစ်ခုမှာ မသိစိတ်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းကို အထက်ပါအတိုင်း အဖြေပေးခဲ့ပါတယ်။
ယနေ့ခေတ်မှာ ဘာသာရေးနဲ့တင်မက သိပ္ပံပညာဘက်ကလည်း လူတွေရဲ့ စိတ်ဟာ ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုတာကို စိတ်ဝင်စားလာပြီး လေ့ကျင့်ဖို့ ကမ္ဘာတဝှမ်းက လူတွေက စိတ်အားထက်သန်လာကြပါပြီ။
ဒါကြောင့် မသိစိတ်ရဲ့စွမ်းအားကို အသုံးချဖို့ရန် မိမိပေါ်တွင်သာ မူတည်နေပြီးတော့ Mindmaxerတွေအနေနဲ့ရော မသိစိတ်ကိုဘယ်လိုနားလည်ထားလဲဆိုတာကို Comment မှာ မျှဝေနိုင်ပါတယ်နော်။
Mindmax
မသိစိတ်စွမ်းအားကို အကောင်းဆုံးအသုံးချလိုက်ပါ
Max Your Mind
mindmax.app