Crisis Leadership

Crisis Leadership Mindset ရှိရင် ပိုကောင်းမယ်။
EMPA Master တန်းအတွက် 
Crisis Management Case Study ကို Thesis တင်တုန်းက ဆရာမကြီး ဒေါ်ခင်စန်းရီ ပြောတာ သွားသတိရတယ်။ 
ထုံးစံအတိုင်း စာတမ်းအတွက် လုံးလည်ချာလည်လိုက်၊ ဟိုဆရာ ပြေးကပ်မေး၊ ဒီဆရာ ပြေးကပ်မေးနဲ့၊ ကျောင်းထဲ ချာလပတ်ရမ်းနေတာပေါ့ (Master ကျောင်းသားတိုင်း ဖြတ်သန်းရတဲ့ဘဝပါ)။ မောင်မြင့်ဇော်ကတော့ Business နဲ့ပတ်သက်တဲ့ Case Study စာတမ်းလေး တင်ဖြစ်ပါတယ်။

Business Crisis Management
Crisis Management မှာ အခြေခံအားဖြင့် အဆင့် (၄) ဆင့် ရှိပါတယ်။
၁။ SOP – Standard Operating Procedures
၂။ ERM – Enterprise Risk Management
၃။ BCM – Business Continuity Management
၄။ Insurance Coverage
    အဲ့ဒါတွေကို အဆင့်တိုင်း လုပ်ထားရင်၊ စီးပွားရေးယိုင်ရင်၊ နိုင်ငံအတိုင်းအတာအလိုက် စီးပွားရေးကျရင်၊ ကိုယ့်လုပ်ငန်းက ခံသာတာပေါ့။ လွယ်လွယ်ပြောရရင် ခင်ဗျားတို့ ဒါတွေ မလုပ်ထားဘူးလား … 
ဒါဆို တစ်ခုခုဖြစ်ရင် ခံရပြီသာမှတ် … ။

Crisis Leadership
    ဒီလိုနဲ့ တစ်နေ့ ကျောင်းရောက်တော့ ဆရာမကြီးနဲ့တွေ့တဲ့အခါ ကိုယ်လုပ်နေတဲ့ Thesis အကြောင်း ပြောဖြစ်တယ်။
    ဆရာမကြီးက တစ်ခွန်းပဲ … ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့မယ့်အဆင့် ရောက်ပြီဆိုတော့ ထားလိုက်တော့။ တကယ်လုပ်နိုင်ရင် Crisis ဖြစ်ရင် ဘယ်လိုစီမံ (Crisis Management) မယ် ဆိုတာထက် ဘယ်လိုကြိုတင် ဦးဆောင်ကာကွယ်မယ်ဆိုတဲ့ Crisis Leadership Mindset ရှိဖို့ ရေးတာ၊ 
Case Study ထုတ်တာ ပိုကောင်းတယ်တဲ့။ ခဏခဏ ဖြစ်နေတာ သိနေရဲ့သားနဲ့ ဖြစ်မှပဲ ထလုပ်တာ ပိုဆုံးရှုံးတယ်၊ ပိုနစ်နာတယ်။ ကြိုတင်ပြင်ဆင်တဲ့ Plan and Preparation ရှိရင် ကောင်းတာပေါ့တဲ့။

ကြက်တော စုန်းပြူး အာကြောင်ကြူး နှင့် အခြားဆောင်းပါးများ စာအုပ်မှ ထုတ်နုတ်တင်ဆက်ပါသည်။

Crisis Management အကြောင်း နားထောင်ရန်။

https://youtu.be/mbsZyDSk0_o

Business Continuity အကြောင်းနားထောင်ရန်။
https://youtu.be/HjZZlPT81z0

https://youtu.be/hlepMeLNX28

https://youtu.be/CBoltO5UQe0

https://youtu.be/ZtWFe0GM384

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ