CCTV
ကျွန်တော်တို့ Analog CCTV System တစ်ခုကို အိမ်တစ်အိမ်အတွက် တပ်ဆင်မယ်ဆိုပါစို့ ပုံမှန်အားဖြင့်တော့ Analog CCTV System များမှာ ပါ၀င်တဲ့ အဓိက ပစ္စည်းတွေကတော့
(၁) DVR (digital video recorder)
မှတ်တမ်းတွေသိမ်းဆည်းရန်နှင့် ပြန်လည်ကြည့်ရှူရန် အတွက်လိုအပ်သော စက်ပစ္စည်း ဟုမှတ်သားပေးပါ ၄ လုံးတပ် ၈ လုံးတပ် ၁၆ လုံးတပ် အစရှိသဖြင့် ခွဲခြားထားပါတယ်
(၂) Hardisk (DVR စက်ထဲတွင်တပ်ဆင်အသုံးပြုသည်) မှတ်တမ်းသိမ်းဆည်းရန် လိုအပ်သော ပစ္စည်းဖြစ်ပါတယ် သိမ်းဆည်းနိူင်အား 500 GB 1TB 2TB 3TB 4TB 6TB အစရှိသဖြင့်ဝယ်ယူနိူင်ပါတယ်
(၃) Power Supply
(Camera များသည် DC12V Low Voltage ဖြစ်သည့်အတွက် AC 220 မှ DC သို့ပြောင်းလဲပို့ဆောင်ပေးသော ကင်မရာများကို ပါဝါပေးသော ပစ္စည်းဖြစ်ပါတယ်) 5A 10A 15A 20A 30A အမ်ပီယာ များ နဲ့ ဝယ်ယူရရှိနိူင်ပါတယ်
(၄) Cable
(Camera များကို DVR (data) နှင့် Power Supply သို့ ချိတ်ဆက်တပ်ဆင်သော ကြိုး) ကြိုးအမျိုးစားတွေကတော့ လက်ရှိကာလမှာ အများသောအားဖြင့် နီးစပ်သောနေရာများအတွက် Network Cable CAT-6 Twisted Pair များကို အသုံးပြုကြပါတယ် ဝေးလံသော နေရာများ အတွက်ကိုတော့ RG-6 Data+Power ကြိုးများကို အသုံးပြုကြပါတယ်)
(၅)Data Connector + Power Connector
Cable များကို Camera နှင့် ချိတ်ဆက်ရာတွင် အသုံးပြုပါတယ်
(၆) CCTV Camera (Indoor သို့မဟုတ် Outdoor)
(၇) Junction Box (PVC or Metal)
Data Connector + Power Connector များကို ပြင်ပတပ်ဆင်မှုတွေမှာ ရာသီဥတုဒဏ်မှခံနိူင်ရည်ရှိရန် နှင့် အလွယ်တကူ မဖြုတ်ယူနိူင်ရန် အသုံးပြုကြပါတယ်
ဒီ ပါ၀င်ပစ္စည်းတွေကတော့ မပါမဖြစ်ပါ၀င်ရမယ့်ပစ္စည်းလေးတွေဖြစ်ပါတယ်
လက်ရှိမှာတော့ Cable များကို PVC pipe/ trunking များဖြင့် ထည့်သွင်းအသုံးပြုတပ်ဆင်ကြသလို Cable ကြီးသီးသန့်တပ်ဆင်မှုများလဲရှိပါတယ်
ဒါကတော့တပ်ဆင်သူက မိမိ တို့လိုအပ်မှသာလျင်တပ်ဆင်ကြသလို
တပ်ဆင်သူများအနေနှင့်လဲ ကြာရှည်ခံနိူင်ရန် တပ်ဆင်ဖို့ အကြံပေးသင့်ပါတယ်
တပ်သည် မတပ်သည် အသာထားပါ ပြောဖို့ကတာ၀န်ရှိပါတယ်
ဟုတ်ကဲ့ အောက်မှာပုံလေးနဲ့့ရှင်းပြပေးထားပါတယ်
ကြည့်ရှူလေ့လာပေးကြပါ
၀ယ်ယူသူများအနေနဲ့ သိရှိဖို့လိုအပ်ပါတယ်
ဒါမှမိမိ၀ယ်ယူထားသော CCTV System များဟာလဲ Safe ဖြစ်မှာပါ
တပ်ဆင်သူများအနေနှင့်လဲအခြေခံလိုအပ်ချက်များကို သိရှိဖို့လိုပါတယ်
#SmartX_CCTV_Myanmar