fiber

ဒီနေ့မှာ Knowledge မျှဝေချင်တာက Fiber လောကမှာ နာမည်အများဆုံး ပုဂ္ဂိုလ် အကြောင်းပါ။
ODB လို့လည်းခေါ်၊ OTB လို့လည်းခေါ်၊   FAT လို့လည်းခေါ်၊     SN လို့လည်းခေါ်၊     DN လို့လည်းခေါ်၊   Fiber Termination Box လို့လည်းခေါ်နဲ့ ဘာတွေလဲ မသိဘာဘူး။ အဲဒီ ရှုပ်ရှက်ခပ်နေတဲ့ နာမည်တွေ အကြောင်းကို ဒီနေ့ ရှင်းပြသွားမှာပါ။ 
       1. ODB ဆိုတာ Optical Distribution Box
       2. OTB ဆိုတာ Optical Termination Box
       3. FAT ဆိုတာ Fiber Access Terminal
       4. SN ဆိုတာ Service Node
       5. DN ဆိုတာ Distribution Node
       6. Fiber Termination Box ကတော့ Fiber Termination Box ဘဲပေါ့
အဲဒီလောက် နာမည်တွေများတယ်ဆိုတော့ပေါ့၊ နာမည်တစ်ခု ချင်းစီ လိုက် အလုပ် လုပ် ပုံတွေ၊ ပုံစံတွေကွာနေလို့ဆိုပြီး တွေးနိုင်ပါတယ်။ တကယ်တမ်းတော့ အားလုံးအတူတူဘဲ၊ အပြင်ကဘဲ ကြည့်ကြည့် အတွင်းကဘဲကြည့်ကြည့်။
FTTH မှာခေါ်ဝေါ် တဲ့ SN နဲ့ DN မှာဘဲ အနည်းငယ်ကွာတာ။
SN သည် 2nd level ဖြစ်တဲ့ 1:16 splitter (သို့) 1:8 splitter ပါမယ် Service Node ဆိုတော့ FTTH service တွေပေးဖို့ပေါ့။ ဒါပေမယ့် Splitter မထဲ့ဘဲ Fiber cable တွေ Terminate လုပ်ဖို့ဘဲ သုံးရင်တော့ မထူးပါဘူး ခေါ်ချင်တာခေါ်ပါတော့ ဗျာ
နောက်တစ်ခုက DN ၊ DN ဆိုတာ 1st level splitter တွေထားတဲ့ နေရာပေါ့၊ 1:4 splitter (သို့) 1:8 splitter တို့ပေါ့၊ Splitter တွေမထည့်ဘဲ Fiber cable တွေ Terminate လုပ်ဖို့ဘဲ သုံးရင်တော့ မထူးပါဘူး။ 
အတိုချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ၎င်းတို့ကို ပုံစံနှစ်မျိုး သုံလို့ရတယ်၊ 
        1. Pigtail (အောက်ဖော်ပြပါပုံတွင်ကြည့်ပါ) နဲ့ Fiber cable ရဲ့ core အားလုံကို ဆက်ပြီး Fiber Cable ကို Terminate လုပ်တဲ့ပုံစံ
        2. ၎င်းထဲကို Splitter ထဲ့ပြီး SN တို့ DN တို့လို ပုံစံပေါ့
လိုအပ်ချက်ပေါ်မူတည်ပြီး သုံးစွဲကြတာပေါ့။ ပုံစံ ၁ ကိုအများဆုံးတွေ့ရတာတော့ Bank တွေ၊ Company တွေ ကို Internet service ပေးတဲ့ အခါကျရင် Fiber cable ကြိုးအကြီးတွေသုံးတဲ့အတွက် ၎င်း cable တွေကို Terminate လုပ်ဖို့တပ်ထားတဲ့ Box တွေပါ။ ၎င်း Box ကို တော့ SN နဲ့ DN မှ အပ စိတ်ထဲရှိရာ ကြိုက်သလို ခေါ်နိုင်ပါတယ်။
ယခုအခါက FTTH service ကို သူ့ထက်ငါ အပြိုင်အဆိုင်ပေးနေကြတော့ SN တွေ DN တွေနဲ့ တစ်မြို့လုံး မျက်စိကိုရှုပ်လို့။ Internet Service Provider (ISP) တွေက သူ့ထက်ငါအပြိုင် တိုင်တွေမှာ SN တွေတပ်နေကြတယ်။ အရင်က Microwave တာဝါတိုင်တွေမှာ Antenna အများကြီးတပ်ထားတာကိုကြည့်ပြီး ပြုံးခဲ့မိတယ်၊ အခု လမ်းတိုင်း တိုင် တိုင်းနီးပါးလိုလို SN တွေနဲ့ ဗွက်ထနေတာ၊ မော်တော်ပီကယ် ခေါ်ရမလောက်ဘဲ။
ဟောဒီမှာ မေးစရာတစ်ခုရှိလာတာက SN တွေများပြီး DN တွေ ဘာလို့နဲတာလဲပေါ့။ Distribution Node ဖြစ်သည့်အလျောက် Design ဆွဲတဲ့အခါ လမ်းဆုံသော်၎င်း၊ လမ်းဒေါင့်သော်၎င်း ထားပြီး SN ခြင်း SN connect လုပ်ထားတဲ့ Fiber cable တွေက DN ထဲမှာ Terminate လုပ်ထားတာပါ။ ၎င်းနောက် 1st level Splitter နဲ့ချိပ်ဆက်လိုက်ရင် SN တွေကို Service ပေးလို့ရပြီပေါ့။ တချို့ company တွေကတော့ DN မသုံးဘဲ Cabinetပုံး အကြီးကြီးတွေထားပြီး FTTH network ကို တည်ဆောက်ပါသည်။ 
တချို့ ISP တွေက ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ Box တွေကို မသုံးကြပါဘူး၊ သီးသန့် Oder တင်ပြီးသုံးကြပါသည်။
စာမရည်ရလေအောင် ODB အမျိုးအစားတွေကို ထပ်ဖော်ပြသွားပါမည်။
ကျွန်တော်လို မျက်စိမလည်ရလေအောင် New Comer များအတွက် Share လိုက်ပါသည်။

--------- Ko Htun FTTH

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ