network
◘◘PC အချင်းချင်း network ချိတ်ဆက်နည်း◘◘
Network Type
ကွန်ပြူတာတွေ ချိတ်ဆက်ရာမှာ Network အမျိုးအစား နှစ်မျိုးရှိပါတယ်။
1. Peer to Peer Network
2. Client/Sever Network
1. Peer to Peer Network ကတော့ ကွန်ပြူတာတွေနဲ့ Devices တွေ လွတ်လပ်စွာ သွယ်တန်းချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ (ဥပမာပေးရရင် သူငယ်ချင်းသုံးယောက် အခန်းမှာစုပြီးနေပါတယ်။ သူလည်းသူကြိုက်သလို နေထိုင်စားသောက်နိုင်သလို ကိုယ်လည်း စိတ်ကြိုက်နေလို့ရပါတယ်။ ထိန်းချုပ်အမိန်ပေးမယ့်သူ မပါဘူးပေါ့။ ကိုယ်လိုချင်တာရှိလည်း သူ့ဆီကတောင်းမယ်၊ ကိုယ့်ရှိတာလည်း မျှသုံးမယ်ပေါ့။ ဒီသဘောပါပဲ)။ Peer to Peer ကို သုံးရတာက အချင်းချင်း Share လုပ်ဖို့ပဲဖြစ်ပါတယ်။ Share အတွက်ပဲ ဖြစ်လို့ OS တွေ မတူလည်းရတယ်၊ Device မတူလည်း ရပါတယ်။
2. Client/Sever Network မှာတော့ Client (တောင်းခံသုံးစွဲသူ) နဲ့ Sever (ပံ့ပိုးသူ) ဆိုပြီး နှစ်မျိုးရှိပါတယ်။ (ခုနက ပေးခဲ့တဲ့ ဥပမာအတိုင်း ပြောရရင်တော့ မိသားစုအိမ်ပေါ့။ Sever က မိဘဖြစ်ပြီး၊ Client က မှီခိုသူတွေ ဖြစ်မယ်။) Client တွေမှာ Hard Disk တပ်မထားပဲ OS (Windows) တက်ဖို့ Sever က လှမ်းယူပြီးသုံးတာမျိုးလည်း လုပ်နိုင်ပါတယ်။ (**OS လို့ပြောရင် မျက်စိထဲ မမြင်ကြဘူးဗျ။ Windows လို့ ပြောမှ နားလည်လွယ်ကြတယ်။ ဒါကြောင့် Ubuntu ကို ဘာလဲလို့ မေးလာရင်တောင် Other OS ဆို နားမရှင်းကြဘူး။ တခြား ဝင်းဒိုး ပေါ့ကွာ။ Microsoft ထုတ် မဟုတ်တာပေါ့လို့ ပြောရတယ်**)။ မဆိုင်တာတွေရှည်ကုန်ပြီ ပြန်ဆက်ရအောင်။ Sever က ဘာတွေလုပ်ပေးနိုင်လဲ ကြည့်ရအောင်။ အောက်မှာ ဖော်ပြထားတာတွေကတော့ Sever အမျိုးအစားတွေလို့ ပြောလို့ရပါတယ်။
a. File Sever – ဖိုင်တွေ သိမ်းထားပေးမယ်။ တောင်းခံလာရင် ဖြန့်ဝေပေးမယ်။
b. Application Sever – အသုံးပြုမယ့် စက်တွေမှာ Application တင်မထားပဲနဲ့ Sever က ယူသုံးစေတာ။ (OS ကိုတောင်မှ Sever က ယူသုံးခိုင်းလို့ ရပါတယ်)
c. Print Sever – ရုံးမှာ ကွန်ပြူတာ ၁၀ လုံးရှိမယ်။ Printer တစ်လုံးပဲ ရှိမယ် ဆိုကြပါစို့။ Printer တပ်ထားတဲ့စက်ဟာ Print Sever ပါပဲ။
d. Web Sever – Web Page တွေ၊ အခြား Web Content တွေ သိမ်းထားပြီးတော့ HTTP လိုမျိုး Protocol တွေသုံးပြီး လိုရာကို ပို့ပေးနိုင်၊ ပြပေးနိုင်ပါတယ်။
e. Mail Sever – Email လက်ခံဖို့၊ ပေးပို့ဖို့ လုပ်ဆောင်ပေးပါတယ်။
f. Fax Sever – Fax လမ်းကြောင်းကို manage လုပ်ပေးပါတယ်။ ဖုန်းလိုင်းကရောက်လာတဲ့ Fax ကို သက်ဆိုင်ရာ စက်ဆီရောက်ဖို့ ထိန်းကြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
g. Internet Sever – Internet Café တွေမြင်ကြည့်ပါ။ လိုင်းကြိုးကို Sever မှာ တပ်ပြီး Client တွေကို ပြန်ဖြန့်ခွဲပေးနိုင်ပါတယ်။
** အချို့ Sever အမျိုးအစားတွေကတော့ Client တွေကနေ Sever ပြန်ဖြစ်နိုင်ပါတယ်။ ဥပမာ – File Sever နဲ့ Print Sever ပေါ့။ Printer တပ်ထားတဲ့ စက်က Client ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် Print ထုတ်တော့မယ်ဆိုရင် သူက Print Sever ဖြစ်သွားပြီပေါ့။ အခြား Sever တွေကျတော့ သီးခြား Software တွေ၊ Network OS တွေ လိုမယ်။ ဒါ့အပြင် Sever တစ်ခုမှာ တာဝန်တစ်ခုပဲ ထမ်းဆောင်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
လိုက်နာရန်
Network တွေ မဆင်ခင်မှာ သတိထားသင့်တာလေးတွေ အရင်ပြောပါမယ်။ (* Cable ခေါင်းညှပ်နည်း နှစ်မျိုး ရှိပါတယ်။ A နဲ့ B ပဲ ခေါ်ရအောင်။ ကြိုးရဲ့ ထိပ်နှစ်ဘက်စလုံးဟာ A နဲ့ A သို့မဟုတ် B နဲ့ B ဖြစ်ပြီးတူရင် Straight-through လို့ခေါ်ပါတယ်။ ကြိုးရဲ့ခေါင်းနှစ်ဘက်က A နဲ့ B ဖြစ်ရင် Crossover လို့ခေါ်ပါတယ်။ PC အချင်းချင်း Hub အချင်းချင်း ချိတ်မယ်ဆိုရင် Crossover ကို ဖြစ်ရမယ်။ PC နဲ့ Hub ဆိုရင် Straight-through ကို သုံးရပါမယ်။)
1. Straight-through Cable ကို သုံးရင် A-A လည်း ဖြစ်လို့ရသလို၊ B-B လည်း ဖြစ်လို့ရပါတယ်။ ဒါပေမယ့် Network တစ်ခုထဲမှာ တစ်မျိုးကိုပဲ သုံထားတာ ဖြစ်သင့်ပါတယ်။ A-A နဲ့ B-B တစ်ခုပဲ ရွေးပြီးသုံးပါ။
2. ကြိုးညှပ်တဲ့အခါမှာ ကန့်သတ်ချက်တွေအတိုင်း လိုက်နာပါ။
3. ကြိုးကို ခေါက်လွန်း၊ ချိုးလွန်းတာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။
Install the Peer to Peer Network
ဒီ network ကတော့ အပိုင်းသုံးမှာကတည်းက လုပ်ပြပြီးသားပါ။ ပြန်ရေးပြပါ့မယ်။ Run မှ ncpa.cpl လို့ ရိုက်ပြီး Enter ခေါက်ပါ။ Local Area Connection ဆိုတဲ့ icon ပေါ်လာပါလိမ့်မယ်။ right-click ထောက်ပြီး properties နှိပ်ပါ။
Internet Protocol Version 4 (TCP/IPv4) ကို select လုပ်ပြီး properties နှိပ်ပါ။ (Windows XP မှာဆိုရင် IPv4 တစ်ခုထဲရှိတဲ့အတွက် Internet Protocol (TCP/IP) လို့ပဲ တွေ့ပါလိမ့်မယ်။ Vista နဲ့ 7 မှာတော့ IPv6 ပါလာပါပြီ။ IPv4 နဲ့ပဲသုံးပါ့မယ်)။
ပေါ်လာတဲ့ box ထဲမှာ IP setting တွေ သတ်မှတ်ပေးပါမယ်။ IP address သက်မှတ်တော့မယ်ဆိုရင် Network Class ကို စဉ်းစားပါ။ မလိုအပ်ပဲ Network မကြီးပါနဲ့။ IP ငယ်လေ Network ကြီးလေပါပဲ။ (IP ရဲ့ သဘောတရားနဲ့ Subnet mask, Default gateway အကြောင်းတွေကို Networking Part 2 မှာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်)။ စက်ဘယ်နှစ်လုံးပဲ ချိတ်ချိတ် IP address ရဲ့ နောက်ဆုံး Octet ထဲက တစ်လုံးလောက် လွဲပေးရင် ရပါပြီ။ Default gateway ကိုတော့ တူအောင် ထားပေးပေါ့။
ပြီးရင်တော့ OK ပြီး OK နှိပ်ပေါ့။ ဘယ် windows မှာမဆို ဒီအတိုင်းလေး ဖြည့်သွင်းရုံပါပဲ။
IP ဖြည့်ပြီးရင် PC name ကြည့်ရပါမယ်။ ဘာဖြစ်တတ်လဲဆိုတော့ Vortex က Edition လုပ်ပြီးပြင်ထားတဲ့ Windows XP တွေမှာ PC name တွေ ဘာညာတွေ ကိုယ့်မမေးဘူး။ သူ့ဘာသာ ဖြည့်သွားတယ်။ Network ထဲမှာ အဲလို Windows တင်ထားတဲ့ စက်နှစ်လုံး သွားတွေ့တော့ နာမည်တူတယ်ဆိုပြီး Error တက်ရော။ ကိုယ့် PC name ကို ရေးချင်တာ ရေးဖို့အတွက် -
(Windows XP မှာ) My Computer – Right Click – Properties – Computer Name – Change ဆိုတာလေး နှိပ်ပြီး ကိုယ်ရေးချင်တာပြောင်းရေးပါ။
(Windows Vista, 7 မှာ) My Computer – – Right Click – Properties – Advanced System Settings – Computer Name – Change ဆိုတာလေး နှိပ်ပြီး ကိုယ်ရေးချင်တာပြောင်းရေးပါ။
အဲဒီမှာ Workgroup ဆိုတာလည်း တွေ့လိမ့်မယ်။ လူတွေများလို့ အုပ်စုဖွဲ့ထားလိုက်တဲ့ သဘောပါပဲ။ မသက်မှတ်ပေးလည်း ဘာမှတော့ မဖြစ်ပါဘူး။ Group တူလည်း Share ပေးလို့ရသလို၊ မတူလည်း ရပါတယ်။ ဒါပေမယ့် Permission ပိုင်း၊ Security ပိုင်းတွေမှာ အနည်းငယ် စကားပြောပါတယ်။ Sharing အကြောင်းပြောမှပဲ သေချာရေးတော့မယ်။ အခုလောလောဆယ် ချိတ်ပြီးတဲ့ Network အဆင်ပြေလားဆိုတာ ကြည့်ရအောင်။ network ချိတ်လိုက်တဲ့ အခြားစက်ရဲ့ IP address ကို Run box ကနေ ရိုက်ထည့်ပြီး လှမ်းခေါ်လည်းရတယ်။ (ဥပမာ – \\192.168.1.23 ဆိုပြီး အရှေ့က \\ (တုတ်ချောင်းလေး နှစ်ခု) ခံပြီး မိမိပေးထားတဲ့ IP address ကို ရိုက်ခေါ်ပါ။ နောက်တစ်နည်းက My Computer ကို ဖွင့်၊ Windows 7 ဆိုရင် ဘယ်ထောင့် အောက်ဆုံးမှာ Network ဆိုပြီး ရှိပါတယ်။ XP မှာဆိုရင် အဲဒီနေရာမှာပဲ Other Place ခေါင်းစဉ်အောက်က My Network Place ကို နှိပ်လိုက်ရင် Network ချိတ်မိနေတဲ့ PC တွေကို ပြပေးပါလိမ့်မယ်။
source- ဆော့ဝဲလ်မြို့တော်