Basic Fiber
Basics of Fibre Optics - အပိုင်း (၁)
Fibre Optics System
Fibre Optics ဆိုတာ အလွန်ကောင်းမွန်သော ဆံချည်မျှင်အရွယ်အစားရှိ ဖိုက်ဘာကြိုး (သို့) ပလက်စတစ် ကြိုးများကို အသုံးပြု ပြီး အနီအောက်ရောင်ခြည် နဲ့ သတင်းအချက်အလက်များကို ပေးပို့တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။
Optical Fibre
သတင်းအချက်အလက်များကို သယ်ဆောင်သောအလင်းတန်း ဖြတ်သန်းသွားလာနိုင်သည့် ဖန်နန်းမျှင် ကို ခေါ်ပါတယ် ။
ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ၎င်းနည်းစနစ်ကို အသုံးပြု ပြီး အဆက်အသွယ်ပြု လုပ်ခြင်း Data များ transfer ပြု လုပ်ခြင်း သည် Copper cable များကို အသုံးပြု ခြင်းထက် များစွာသာလွန် ကောင်းမွန်သောနည်းစနစ်တစ်ခုဖြစ်ပါတယ်။
Advantages
1.Bandwidth
Optical fibre တွေရဲ့ High Signal Bandwidth ဟာ Copper Conductor တွေနဲ့ယှဉ်ရင် အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။ ဒါ့ကြောင့် သတင်းအချက်အလက်များ သယ်ယူပို့ဆောင်ဆက်သွယ်မှု ပြု လုပ်တဲ့အခါ Copper conductor တွေထက် ပိုမိုတိကျမြန်ဆန်မှုကိုရစေပါတယ်။
စံသတ်မှတ်ချက်တွေအရ Multimode (MM) Fibre Cable တွေရဲ့ BW ဟာ 200 နဲ့ 600 MHz-km ကြားမှာ ရှိပြီးတော့ Singlemode (SM) တွေရဲ့ BW ဟာ ဆိုရင် 100G + + အထိ ရှိပါတယ်။
Copper Conductor တွေရဲ့ BW ကတော့ 10 to 25MHz ထိပဲ ရှိပါတယ်။
Copper Conductor တွေထက် Bandwidth ဟာ အဆမတန်ပိုမိုကြီးမားတာကြောင့်တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ Data တွေကို ပိုမိုတိကျမြန်စွာ သယ်ဆောင်ဖမ်းယူပို့လွှတ်န်ုင်မှာပဲ ဖြစ်ပါတယ်။
2.Electromagnetic/Radio Frequency Interference Immunity
Optical Fibre တွေဟာ အလင်းနဲ့သွားတာ ဖြစ်တဲ့အတွက်ကြောင့် EMF Interference တွေ မဖြစ်စေပါ၊ Radiation တွေလည်း မရှိပါ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို နှောက်ယှက်မှုတွေ ထိခိုက်စေမှုတွေလည်း မရှိသလောက်နည်းပါးပါတယ်။
3.Cost, size and weight
ဖော်ပြပါဇယားမှာလေ့လာနိုင်ပါတယ်။
4. Loss
Optical fibre တွေဟာ loss of signal intensity ( attenuation) အင်မတန်နည်းပါးပါတယ်။
5. Spark or Short
ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ပေါက်ကွဲမှုမျိုးကို ဖြစ်ပေါ်စေတဲ့ Spark ရိုက်မှု Short Circuit ဖြစ်မှုတွေဟာ Fibre Optic System မှာ လုံးဝမရှိပါဘူး။
6. Security
Fibre Optic cable မှာ RF signal နဲ့ဆက်သွယ်ခြင်း မဟုတ်တဲ့အတွက် လုံခြုံမှုအပိုင်းမှာလည်း ၉၀ ရာနှုန်းခန့် စိတ်ချရပါတယ်။
7. Electrical Isolation
Point တစ်ခုကနေတစ်ခုကို electrical potential difference မလိုအပ်ပဲ Tx/Rx ပြုလုပ်နိုင်ပါတယ်။
ယေဘုယ အားဖြင့်ဖော်ပြထားတဲ့ အချက်အလက်များကို အောက်ဖော်ပြပါဇယားမှာ အလွယ်တကူ လေ့လာနိုင်ပါတယ်။
ဆက်ရန်
ကြိုးစားလျှက်
TunWai @ Electronics