သောကြာ

🐁သောကြာသားသမီးများအတွက် 🐁

ကံ၏သဘော......
ယခုနှစ် သောကြာသားသမီးတွေအတွက်
ကံအနိမ့်ဘက်ကို ဦးတည်လာတဲ့ အနေအထားပါပဲ။
ကာယကံနဲ့ပက်သက်ပြီး ကောင်းမွန်အောင်နေထိုင်ဖို့ လိုအပ်သလို ကိုယ်ကျင့်တရားကောင်းမွန်အောင် ဂရုစိုက်ဖို့လည်း လိုအပ်ပါသည်။ကိုယ်ကျင့်တရားမကောင်းသူတွေအဖို့ အဆင်မပြေမူ့တွေ များစွာကြုံရလိမ့်မည်။စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ခြင်း၊စိတ်အပြောင်းအလဲမြန်ခြင်း၊စိတ်ခံစားလွယ်ခြင်း ဖြစ်တက်သည်။အရေးကြီးသောကိစ္စများတွင် ဆုံးဖြက်ချက် လွယ်လွယ်မချမိပါစေနဲ့။ဆုံးဖြက်ချက်ချပြီးမှ စိတ်တမျိုးပြောင်းသွားတက်သည်။စိတ်လေတာ​တွေ စိတ်မကြည်တာတွေ ဖြစ်ရင်တော့ ခရီးယာယီထွက်လိုက်ပါ။ရေလမ်းခရီးတော့ မသွားပါနဲ့။တစ်ခါတလေမှာ စိတ်နှစ်ခွဖြစ်နေတက်သည်။ဘယ့်လို ဘယ်ပုံလုပ်ရမည်ကို မစဥ်းတက်အောင် ရွေးချယ်ရခက်တဲ့ကိစ္စများ ပေါ်တက်ပါသည်။ယခုလိုနှစ်တွေက သောကြာသားသမီးတွေအတွက် မကောင်းတဲ့ကိစ္စတွေ ပြုလုပ်သည့်အခါ ပြုလုပ်လွယ်တက်ပြီး အကျိုးပေးမြန်လေ့ရှိတက်သည်။လွယ်လွယ်လုပ်မိတာ လွယ်လွယ်တုံ့ပြန်မိတာ မစဥ်းစားပဲ ပြောလိုက်မိတာ စသည်ဖြင့် ဖြစ်လွယ်တက်သည်။ကောင်းသောကိစ္စတွေ ပြုလုပ်သည့်အခါ ခက်ခဲတက် အနှောင့်အယှက်များတက် လွဲချော်နေတက်သည်။ဘာပဲလုပ်လုပ် သတိလေးနဲ့လုပ်ဖို့လိုသည်။အပြိုင်အဆိုင်တွေနဲ့ မနာလိုသူတွေပေါများလိမ့်မည်။မိတ်ဆွေသစ် အပေါင်းသင်းသစ်များရရှိမည်။ရှေ့တင်တမျိုး ကွယ်ရာတမျိုးလူများနဲ့လည်းဆုံရလိမ့်မည်။အရင်နှစ်တွေနဲ့မတူနဲ့ ပြောင်းလဲမူ့တွေ ကြုံလာရမည်။မိမိရဲ့နေထိုင်မူ့ပုံစံပေါ် မူတည်၍ ကံကောင်းခြင်း ဆိုးခြင်းကွာခြားပါလိမ့်မည်။အရင်နှစ်တွေက မကောင်းတဲ့ကိစ္စရပ်တွေ ပြုလုပ်ခဲ့ဖူးက ယခုနှစ်ပြန်လည် အကျိုးပေးပါလိမ့်မည်။အောက်ပါအချက်တွေမှာ သောကြာသားသမီးများအတွက် ယခုနှစ်တွင် ရှောင်ကြဥ်ရမည်များ ပြောထားတာမို့ လိုက်နာမှတ်သားထားပြီး ​ဂရုစိုက်နေထိုင်ပါခဗျ...။

လူမှု့ရေး.....
သောကြာသားသမီးတွေ ယခုနှစ် သတိထားရမှာက သူများကိစ္စတွေကြား ကြားဝင်ကူညီတာတွေရှောင်ရပါမည်။မိမိကစေတနာဖြင့် ကူညီလိုက်ပေမယ့် မိမိစေတနာက မိမိကို ပြန်လည်ဒုက္ခပေးလာတက်သည်။သူတပါးကိစ္စတွေ ကူညီဖြေရှင်းရင် မိမိအတွက် အချိန်ကုန်လူပန်းဖြစ်ရတက်သည်။မိမိအရေးကိစ္စဆို ထိုသူတွေ အနားမှာမရှိတက် အကူညီပြန်မရတက်ပေ။မိမိဘက်က ကောင်းအောင်နေ မှန်အောင်နေသော်လည်း
မိမိစေတနာ မိမိကောင်းတာ မှန်တာ လူမမြင်ပဲ
မကောင်းတဲ့အရာ အနည်းငယ်မျှပြုလုပ်မိက ချက်ချင်း နာမည်ကြီးလာပြီး 
မိမိအပေါ် မကောင်းမြင်တက်တာ သူတပါးရဲ့မကောင်းပြောချင်း ကဲရဲ့ခြင်းပါခံရတက်သည်။
ချီးမွန်းခံရဖို့ ခက်ခဲသလောက် ကဲရဲ့ပြစ်တင်ပြောဆိုခံရဖို့ လွယ်ကူတက်တဲ့နှစ်မျိုးဖြစ်သည်။
လူတိုင်းအပေါ် သဘောမကောင်းဖို့ အယုံမလွယ်ဖို့ ဂရုပြုပါ။အားနာတက်ခြင်း သနားတက်ခြင်းကလည်း မိမိကို ဒုက္ခပေးပါလိမ့်မည်။
ယခုနှစ်ဟာ စေတနာနဲ့မတန်တဲ့ လူတချို့နဲ့ပက်သက်ရ ဆက်ဆံရပါလိမ့်မည်။မိမိအပေါ်ရှေ့တင်တမျိုး ကွယ်ရာတမျိုး ပြောတက်တဲ့ မိတ်ဆွေများနဲ့လည်း ပက်သက်နေရလိမ့်မည်။အပေါင်းသင်းသစ် မိတ်ဆွေသစ်များ ရရှိလိမ့်မည်။ခရီးထွက်ရခြင်း၊အိမ်နေရာ ပြောင်းရွှေ့ရခြင်း ဖြစ်တက်သည်။နေရာသစ် ပတ်ဝန်းကျင်သစ် ကောင်းပါလိမ့်မည်။ခြေ၄ချောင်း ရွှေထည် လူ ထွက်လိမ့်မည်။အကြီးအကဲ တစ်ချို့နဲ့ အဆင်မပြေဖြစ်ပြီး ဆက်ဆံရေးပြက်တောက်တက်သည်။ရောင်းမှား ဝယ်မှားဖြစ်ခြင်း အလိမ်အညာခံရခြင်းများ ရှိတက်သည်။
ခရီးထွက်ချင်စိတ် နေအိမ်မှထွက်သွားချင်တဲ့စိတ် မကြာခဏပေါ်မည်။သွားလည်း သွားရပါလိမ့်မည်။အပျော်ပါးကိစ္စနဲ့ မိမိအတွက်အရေးမပါသော အကျိုးမရှိသော ကိစ္စများတွင် အချိန်မဖြုန်းမိဖို့ သတိပြုပါ။အများအားဖြင့် မိမိအတွက်အကျိုးမပြုသည့်ကိစ္စများတွင် စိတ်ကသာယာနေတက်သည်။အိုးအိမ်နဲ့ပက်သက်​ပြီး စိတ်ညစ်ရတက်သည်။လက်ရှိနေရာဌာနက ပြောင်းရွေ့တာ ယာယီခရီးထွက်ပေးရတာ အိုးအိမ်ပြုပြင်ရတာတွေရှိလာရင် အဆင်ပြေသွားပါလိမ့်မည်။ပြဿနာဟောင်းတွေ ပြန်ပေါ်ခြင်း မိတ်ဆွေဟောင်း ဒုက္ခပေးခြင်း
ရှိလာတက်သည်။ကိုယ်ကျင့်တရားကောင်းအောင်နေထိုင်ပြီး ဘယ်ကိစ္စမဆို အသိသတိဖြင့်နေထိုင်သွားပါ။

စီးပွားရေး
အလုပ်နေရာ အပြောင်းအလဲဖြစ်လိမ့်မည်။အလုပ်ပြောင်းရွှေ့ချင်သူတွေအတွက် အဆင်ပြေသည်။အလုပ်နေရာဟောင်းများ ပြန်လည် လုပ်လိုသူတွေအတွက်တော့ အခက်ခဲဖြစ်နိုင်ပါသည်။အလုပ်အကိုင်ရှာဖွေသူများ အလုပ်ရဖို့ ကြန့်ကြာနိုင်တာကြောင့် စိတ်ရှည်ရှည်ထား ရှာပါ။ဝန်ထမ်းတွေအတွက် အလုပ်ထဲမှာ ကိုယ်ကပင်ပန်းပြီး နာမည်ကောင်းရတော့ သူများ ဖြစ်နေတက်သည်။လုပ်ဖော်ကိုင်ဖက်အချင်းချင်း မနာလိုမူ့တွေရှိတက်သည်။သူတပါးရဲ့ မဟုတ်မမှန်စွတ်စွဲခြင်း ခံရတက်သည်။အလုပ်ကံညံ့တဲ့နှစ်ဖြစ်တာကြောင့် ဘယ်အလုပ်ပဲလုပ်လုပ် ဘယ်မှာပဲလုပ်လုပ် သတိထားလုပ်ပါ။ကိုယ်ပိုင်လုပ်ငန်းများ စတင်လုပ်ကိုင်ရန်မသင့်သေးပါ။လက်ရှိလုပ်ကိုင်နေသူတွေအတွက်ကတော့ အနီးအနားမှာ မိမိပြိုင်ဘက်တွေပေါ်လာတက်သည်။အပြိုင်အဆိုင်တွေကြားက လုပ်ဆောင်နေရလိမ့်မည်။လောဘမကြီးပဲ ပုံမှန်ထိန်းလုပ်သွားပါ။
တခြားအရပ်တွေမှာ လုပ်ငန်းသွားရောက်လုပ်ကိုင်ရမယ့်သူတွေအတွက် ကောင်းပါသည်။နေရာသစ် ပတ်ဝန်းကျင်သစ်က မိမိအတွက် အဆင်ပြေပါလိမ့်မည်။လောင်းကစားကိစ္စတွေ သတိထားရပါဦးမည်။အစပိုင်းတွေမှာ အဆင်ပြေသလောက် နောက်ပိုင်း လိုက်မဆုံးဖြစ်လိမ့်မည်။အလုပ်နေရာ မမြဲခြင်း၊အလုပ်မှာ စိတ်အလိုမကျ စိတ်တိုင်းမကျခြင်း၊ပင်ပန်းပြီး မျက်နှာကောင်းမရခြင်း၊မိမိကစေတနာထားကောင်းအောင်လုပ်ပေမယ့်လည်း မိမိလုပ်သမျှ တလွဲဖြစ်နေခြင်း၊မိမိနဲ့မစီမဆိုင် ပြဿနာဖြေရှင်းရခြင်း ငွေစိုက်လျော်ရခြင်း၊အလုပ်ကထွက်ရခြင်းများ ထိ ဖြစ်တက်ပါသည်။ဒီနှစ်သောကြာတွေရဲ့ အလုပ်အကိုင်နဲ့ပက်သက်ပြီး အများစု ဖြစ်နိုင်တာတွေပါ။ခရီးသွားလုပ်ငန်း ၊ အနုပညာလုပ်ငန်း ၊ပွဲစားလုပ်ငန်း ၊စက်ပစ္စည်းနဲ့ပက်သက်သော လုပ်ငန်းများ အဆင်ပြေကောင်းမွန်ပါသည်။တစ်ခုသတိထားရမည်မှာ အလိမ်အညာခံရကိန်းရှိတာမို့ မိမိကို လုပ်ငန်းစီးပွားရေးကိစ္စ လာဆွယ်တာတွေ အကျိုးတူပူးပေါင်းဖို့ ဖိတ်ခေါ်တာတွေ စသည်များကိုတော့ သတိထားပါ။ယခုနှစ်က ဒါတွေ ရှောင်တာ ပိုကောင်းပါလိမ့်မည်။လောဘမကြီးပါနဲ့ မပေါ့ဆပါနဲ့ လျော့မတွက်ပါနဲ့။ယခုနှစ်အတွက် မိမိ မှတ်ထားရမည့်အချက်တွေပဲ ဖြစ်သည်။

မိသားစုရေး
ယခင်နှစ်က သောကြာသားသမီးတွေ မိခင်နဲ့ပက်သက်ပြီး ကံညံ့ခဲ့ပါသည်။ယခုနှစ်ကတော့ ထိုကံအညံ့ကလွတ်လာပြီး အိမ်တွင်းရေးအညံ့တော့ အနည်းငယ် ရှိနေသေးသည်။နေအိမ်မှာ ဗုဒ္ဓဟူးသားသမီး ကြာသပတေးသားသမီးတွေ ရှိနေရင် မိမိနဲ့အဆင်မပြေဖြစ်လိမ့်မည်။​၄င်းတို့နဲ့ ပြောလို့ဆိုလို့ အပေါက်လမ်းမတည့်ဖြစ်တက်သည်။
အိုးအိမ်နေရာ ပြောင်းရွေ့ရခြင်း (သို့) နေအိမ်က မိမိထွက်သွားရခြင်း ဖြစ်တက်သည်။အမိအဘတို့နဲ့ပက်သက်ပြီး အညံ့သိပ်မရှိပေမယ့် တခါတလေ မိမိအပေါ် နားလည်မူ့လွဲနေတက်သည်။မိမိအပေါ် အကောင်းမမြင်ပဲ ရှိနေတက်သည်။ဟိုကိစ္စခွင့်မပြု ဒီကိစ္စခွင့်မပြုနဲ့ဖြစ်နေတက်ပြီး မိမိဆန္ဒနဲ့ မိဘတွေဆန္ဒကွဲလွဲနေတာမျိုး ဖြစ်တက်သည်။လူငယ် လူလွတ်အရွယ်တွေဆိုရင် ချုပ်ချယ်မူ့တွေ ရှိတက်ပြီး မိမိမှာ စိတ်ပင်ပန်းရ စိတ်ကြဥ်းကြပ်ရတက်သည်။
နေအိမ်ရဲ့ တောင်အရပ် အနောက်အရပ်က လူအဝင်အထွက် သတိပြုပါ။ခြေ၄ချောင်း ရွှေထည်ပစ္စည်း ဝင်ပြီးမှ ပြန်ထွက်သွားတက်သည်။ရွှေထည်ပစ္စည်း ဝတ်ဆင်သူများ သတိပြုဝတ်ဆင်ပါ။ပျောက်ပျက်တက်ပါသည်။နေအိမ်အနီးတွင် အိမ်ထောင်ပျက်နဲ့ လူမျိုးခြားရှိက ၄င်းတို့နဲ့ သတိထားဆက်ဆံပါလေ။ယခုနှစ်ထဲတွင် အိုးအိမ်ပြုပြင်ရခြင်း ​အသစ်ဆောက်လုပ်ရခြင်း ရှိတက်သည်။အရက်ပုလင်း လက်ဆောင်ရပါက လူမူ့ရေးနဲ့ စ်ီးပွားရေးတွေမှာ အညံ့ဝင်လာတက်ပါသည်။ လူလိမ်လူညာတို့နဲ့ ပက်သက်ရတက်သည်။ယခုနှစ်သောကြာသားသမီးတွေအတွက် သတိထားရမည့် အချက်တွေ ဖြစ်ပါသည်။

ငွေကြေးကံ
၁၃၈၄ခုနှစ်က သောကြာသားမီးတွေ ငွေကံအညံ့ကလွတ်လာပါပြီ သို့ပေမယ့် ငွေမမြဲတဲ့အချက်တော့ ကျန်နေသေးတာကြောင့် ဂရုစိုက်ရပါဦးမည်။ငွေကြေး ဝင်သလောက် စုဆောင်းမရဖြစ်နေတက်သည်။တဖက်ကငွေဝင်ရင် တဖက်ကပြန်ကုန်ဖြစ်နေပြီး တခါတလေ ငွေကြေးအဖက်မတင်ရှိနေလိမ့်မည်။လွယ်လွယ်ရ လွယ်လွယ်သုံးမိတာမျိုး အထူးဂရုပြုပါ။စည်းစနစ်ကျတဲ့သူတွေတောင် ယခုလိုနှစ်ဟာ အနည်းနဲ့အများ အကုန်ကျများလေ့ရှိတက်သည်။မိမိအတွက် အကျိုးမရှိပဲ အကုန်အကျများရတာမျိုး ဖြစ်လေ့ရှိတက်ပြီး
အချေးအငှားနဲ့ ကြားကကူညီအာမခံတာတွေ မလုပ်သင့်ပါ။မိမိက ဘာမှမရပဲ ကြားက စိတ်ညစ်ရ ​စိုက်လျော်ရတက်သည်။လောင်းကစားကိစ္စတွေမှာလည်း လောဘထိန်းဖို့လိုပါသည် အစပိုင်းမှာ အဆင်ပြေမလိုလိုနဲ့ နောက်ပိုင်းမှာ အရူံးများလာတက်သည်။
မိမိယုံကြည်ရလို့ဖြစ်စေ ရင်းနှီးလွန်းလို့ဖြစ်စေ အားနာခြင်း သနားခြင်းကြောင့်ဖြစ်စေ မချေးငှားပါနဲ့ မကူညီပါနဲ့။ရောင်းမှားဝယ်မှားဖြစ်ခြင်းကြောင့်လည်း ငွေကြေးကုန်ကျမူ့ရှိတက်သည်။ငွေကြေးကိစ္စတွေမှာ သတိရှိပါလို့ပဲ ပြောပါရစေ...။

ကျန်းမာရေး
ကောဇာကံအရ ယခုနှစ်သောကြာသားသမီးတွေအတွက် ကျန်းမာရေး ချူချာနိုင်သောနှစ်ဖြစ်သည်။
ကြီးကြီးမားမား စိုးရိမ်ရတာမျိုးမဟုတ်ပဲ အပေါ့ရိကလေးတွေ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက် ဖြစ်တက်သည်။အစားအသောက်ကတော့ အခါးနဲ့အရည် ၊အချို စသည်များကို လျော့စားပါ သတိပြုပါ။ကျန်းမာရေးပက်သက်ပြီး ဖြစ်တက်တာတွေကတော့ လေ၊ဝမ်းဗိုက် ပြဿနာ၊ဖျားနာခြင်း ၊အကြောအချဥ် ပြဿနာ၊မတော်တဆထိခိုက်မူ့လေးတွေ ရှိတက်ပါသည်။
ကျန်းမာရေး လိုက်စားသင့်သောနှစ်ဖြစ်ပါသည်။၁၃၈၅ခုနှစ်လည်း ကျန်းမာရေးအညံ့တွေ ဆက်လက်ရှိလာပါလိမ့်မည်။ယခုနှစ်အတွက် ကျန်းမာရေး သီးသန့်ယတြာအနေနဲ့ မိမိနေ့တွင် နေအိမ်ဘုရားမှာ ဆီမီးသက်စေ့ လှူ၍ ဆုတောင်းပါ။

အချစ်ရေး
စန်းကောင်းမည်။သွားလေရာမှာ မျက်နှာပွင့်လန်းပြီး မိမိအား ချစ်ကြိုက်သူ ချဥ်းကပ်သူ ပေါလာလိမ့်မည်။ချစ်သူရည်းစားမရှိသူတွေ ချစ်သူရလိမ့်မည်။ရပ်ဝေးကသူနဲ့ ချစ်သူဖြစ်တက်သည်။လွယ်လွယ်ထား လွယ်လွယ်ပျက်တက်သော နှစ်ဖြစ်တာကြောင့် အမျိုးသမီးတွေအတွက် အချိန်ယူစဥ်းစားပြီးမှ ထားသင့်သည်။ချစ်သူနဲ့မမြဲတက်သော နှစ်ပါ။ချစ်သူရည်းစားရှိသူတွေကတော့ ချစ်သူနဲ့ အနေဝေးရခြင်း၊နားလည်မူ့မကြာခဏလွဲခြင်း နှစ်ဦးကြား ထင်မြင်လွဲမှားမူ့တွေ ဖြစ်တက်ပြီး မာနတွေကြောင့် ဝေးသွားရတက်သည်။အချစ်ဟောင်းရှိသူတွေကတော့ အချစ်ဟောင်းနဲ့ လက်ရှိချစ်သူနဲ့ကြား မပြက်မသားဖြစ်​နေရတက်သည်။ပြက်ပြက်သားသားရှိဖို့တော့ အထူးသတိထားစေချင်သည်။အချစ်ဟောင်းကံလည်း မကောင်းသေးတာမို့ ပြန်ဆက်သွယ် ပက်သက်လာရင် လက်မခံတာ ပိုကောင်းပါလိမ့်မည်။သို့မဟုတ်ရင် နောက်တကြိမ် စိတ်ဒုက္ခပြန်ပေးလိမ်​့မည် မိမိနားက ပြန်ထွက်သွားပါဦးမည်။စိတ်အစွဲလမ်းတွေလျော့ပြီး တည်တည်ငြိမ်ငြိမ် ပြက်ပြက်သားသားနေထိုင်ပါ။သာမှန်ဆက်ဆံရေးနဲ့ပဲ မိမိကိုလာပက်သက်သူတွေကို ဆက်ဆံပါ။အယုံမလွယ်ပါနဲ့ မပုံ​လိုက်ပါနဲ့ အစွဲလမ်းမကြီးလိုက်ပါနဲ့ ဒါတွေပြုမိရင်တော့ စိတ်ဆင်းရဲရမည်အမှန်ပါ။ချစ်သူရှိသူတွေအတွက် နှစ်ဦးကြား ပွင့်လင်းမူ့ရှိပါ။နားလည်မူ့ အပြည့်အဝထားပါ။တစ်ခါတစ်လေ မိမိဘက်က စိတ်ဆိုးပြီး မိမိပဲမနေနိုင် ပြန်ဆက်သွယ်ရတာမျိုး၊မိမိရဲ့စိတ်ခံစားလွယ်မူ့တွေကြောင့် အကြောင်းအရာအသေးမွှားလေးတွေကနေ ကြီးမားတဲ့အထိတွေးမိပြီး ဝမ်းနည်းကြေကွဲနေတက်တာမျိုး ဖြစ်လေ့ရှိတက်သည်။
သောကြာသားသမီးတွေအပေါ် ချစ်တဲ့စိတ်နဲ့ပိုကြည့်ပေးပါ ပိုဂရုစိုက်ပေးပါ ပြောချင်သည်။သောကြာသားသမီးတွေအနေနဲ့လည်း မလည်ရူပ်မလုပ်မိဖို့ မပွင့်မလင်း မပြက်မသား မလုပ်မိဖို့ သတိပြု ဆင်ခြင်စေချင်သည်။၁၃၈၄ခုနှစ် သောကြာသားသမီးတွေအတွက် အချစ်ရေးက လိုတာမရ ရတာမလို ဖြစ်နေတက်သော နှစ်ဖြစ်တာကြောင့် မိမိမချစ်မနှစ်သက်သူတွေက မိမိအပေါ်ကောင်းမွန်နေတက်ပေမယ့်
မိမိချစ်ခင်ရတဲ့သူက မိမိကိုအဖက်မလုပ်တာ ဂရုမစိုက်တာတွေ ရှိတက်ပါသည်။ဒီအချက်တွေကြောင့် ချစ်သူကိုရွဲ့တာ စိတ်ထွက်ပေါက်ရှာတာတွေ မိမိကိုဂရုစိုက်သူအပေါ် သာယာမိတာတွေ ဖြစ်လာတက်သည်။ဒါတွေကိုတော့ မလုပ်စေချင်ပါ နောက်အကျိုးဆက်တွေမှာ မိမိအတွက်ပဲ ပြန်ခံစားစေရနိုင်ပါသည်။မိမိအနေဖြင့် အချစ်ရေးမှာ တည်တည်တံ့တံ့ပဲ ရှိနေလိုက်ပါ။ပြောရရင် ခပ်ချေချေပဲနေလိုက်ပါ ။

အိိမ်ထောင်ရေး
အိမ်ထောင်ဘက်နဲ့ မိမိကြား အလုပ်တာဝန်ကိစ္စတွေကြောင့်ဖြစ်ဖြစ် အနေဝေးနေရတက်သည်။အလုပ်တာဝန်ကိစ္စ အခြားသောကဏ္ဍတွေကြောင့် အိမ်ထောင်ဘက်နဲ့ နီးနီးစပ်စပ်ရှိနေရချိန် နည်းတက်ပါသည်။နှစ်ဦးကြား နားလည်မူ့လွဲခြင်း မကြာခဏ ကတောက်ကဆလေးတွေ ဖြစ်တက်ပါသည်။ဗုဒ္ဓဟူးသားသမီး တနင်္ဂနွေသားသမီးတို့နဲ့ အိမ်ထောင်ဘက်ဖြစ်နေရင်တော့ ယခုနှစ်အိမ်ထောင်ရေး သာယာမူ့ အရမ်းကိုနည်းပါးပါလိမ့်မည်။အဆိုးဆုံးအနေအထားဆိုရင် အိမ်ထောင်ဘက် အိမ်ပေါ်ကဆင်းသွားတာမျိုးထိဖြစ်လိမ့်မည်။ဂရုစိုက်ပါ။
လုပ်ငန်းပိုင်း ငွေကြေးပိုင်း လူမူ့ရေးကဏ္ဍပိုင်းတွေမှာပါ အိမ်ထောင်ရေးကသက်ရောက်လာတက်သည်။သားရေးသမီးရေးကံကတော့ ညံ့တဲ့နှစ်ပါ။သားသမီးနဲ့ပက်သက်ပြီး စိတ်ညစ်နေရတက်သလို မိမိရဲ့ပြောဆိုစကား မနာခံတာတွေ သားသမီးအတွက် စိုးရိမ်ပူပန်ရတာတွေ ဖြစ်တက်သည်။အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် ခွဲခွာနေရတာတွေ တရပ်တကျေးရောက်နေလို့ ပူပန်နေရတာတွေ ဖြစ်တက်သည်။၁၃၈၄ခုနှစ် သောကြားသမီးအိမ်ထောင်သည်တွေအနေနဲ့ သားသမီး ယူမယ်ဆိုရင် မယူသင့်သေးတဲ့နှစ်ပါ။ယူချင်ရင် ရှေ့တစ်နှစ်လွန်ပြီးမှပဲ ယူပါ။မိမိအနေဖြင့် တရပ်တကျေးရောက်သည့်အခါ အိမ်ထောင်ရေး ဖောက်ပြန်မူ့၊အပျော်အပါးလွန်ကြူးမူ့၊စိတ်လွတ်ကိုယ်လွတ်နေထိုင်မူ့၊ပေါ့ပေါ့ဆဆနေထိုင်မူ့ အပြင်တွင်အချိန်ကုန်နေထိုင်မူ့တွေအပြင် အိမ်ထောင်ဘက်အပေါ် အလေးမထား၊ဂရုမစိုက်မူ့တွေ ရှိတက်သည်။ဒီအချက်တွေက သောကြာသားသမီးတိုင်းအတွက်မဟုတ်ပေမယ့် သောကြာသားသမီးအများစု ဖြစ်လေ့ဖြစ်ထ ရှိတက်တဲ့နှစ်ဖြစ်သည်။အသိသတိရှိတဲ့သောကြာတွေ ကိုယ်ကျင့်တရားကောင်းတဲ့သောကြာတွေ ရှောင်ကြဥ်နိုင်ပါလိမ့်မည်။ကိုယ်ကျင့်တရားထိန်းသိမ်းပြီး အိမ်ထောင်ဘက်နဲ့ အဆင်ပြေအောင်နေထိုင်ပါခဗျာ။

ပညာရေး
 မျှော်မှန်းထားသလောက် ခရီးမရောက် ခရီးမပေါက်တဲ့ ပညာရေးနှစ်တစ်နှစ်ပါပဲ။ဘယ်ကဏ္ဍမဆို ပေါ့ပေါ့တွေးလို့မရတာ ဒီနှစ်ပါ။ပညာရေးမှာလည်း ​ပေါ့ပေါ့တွေးရင် အလကားဖြစ်မယ် ပင်ပန်းတာအဖက်တင်သွားမယ်။လွယ်တယ်ထင်ရတဲ့ကိစ္စတွေက လက်တွေ့ခက်ခဲတာတွေ ရှိလာတက်သည်။အလေးနက်ထားပါ မပေါ့ဆပါနဲ့ အထင်မသေးပါနဲ့။ပညာရေးနဲ့ပက်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းကတော့ ဒီနှစ်မမြင်သေးပါ။ရှေ့လာမယ့်နှစ်မှာတော့ အဆင်ပြေလိမ့်မည်။ပညာရေးအခွင့်အလမ်းတွေပေါ်လာနိုင်သည်။ပညာရေးနဲ့ပက်သက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ရနိုင်သည်။ကျောင်းသူကျောင်းသာတွေအဖို့ ပူပန်ကြောင်းကြမူ့​မများစေပါနဲ့။အလေးနက်ထား ကြိုးစားပါ။အာရုံစူးစိုက်မူ့ လျော့နည်းခြင်း၊အခြားသောကိစ္စအပေါ် စိတ်ရောက်နေခြင်း၊ကျန်းမာရေးညံ့ခြင်း ၊ဝိရိယအားနည်းပြီး ပေါ့ပေါ့​နေထိုင်ခြင်း လုံးဝရှောင်သင့်သည်။ဗုဒ္ဓဟူးနေ့ ကြာသပတေးနေ့တွေမှာ ပို၍အလေးနက်ထားသင့်သည်။ပညာရေးကဏ္ဍကတော့ ဒီလောက်ပါပဲ။

☪ဒီနှစ်အတွက် အထူးဆောင်ရန် ရှောင်ရန်များ☪

💡အရောင်💡
ဆောင်ရန်......နံ့သာရောင်၊ပန်းရောင်၊လိမ္မော်ရောင်
ရှောင်ရန်.......အစိမ်း၊အနီ ၊နီညို

🍜အရသာ🍝
ဆောင်ရန်......အချဥ်၊အဖန်
ရှောင်ရန်....... အချို၊အခါး၊အစပ်

🏃 အရပ်မျက်နှာ🏃‍♀️
ကောင်းသောအရပ်.....အရှေ့တောင်၊အနောက်တောင်၊အရှေ့
သတိပြုရန်အရပ်........တောင်အရပ်၊အရှေ့မြောက်

📅 နေ့များ📆
ကောင်းသောနေ့......အင်္ဂါနေ့၊စနေနေ့၊သောကြာနေ့
သတိပြုရန်နေ့........ ဗုဒ္ဓဟူးနေ့၊တနင်္ဂနွေနေ့

🔢ဂဏန်းများ🔢
 ကောင်းသော.....၃၊၇၊၂၊၀
မကောင်းသော.....၄၊၈၊၁

🔯ယတွာ🔯
၁။မိမိနေ့နံနက်တွင် နေအိမ်ဘုရားမှာ ဆီမီးသက်စေ့ ရေချမ်းသက်စေ့ လှူပေးပါ။
၂။မိမိနေ့ကိုရောက်တိုင်း နေအိမ်ဘုရားမှာ မနက်စောစော နွားနို့ကပ်လှူပေးပါ။
၃။တစ်နှစ်တာလုံး ကံကောင်းစေရန်
ရေတွင်းရေကန် ပြုပြင်ပေးပါ။၄င်းနေရာများကို အလှူငွေထည့်ပါ။မိမိနေ့တွင် ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးပါ။
~~~~~~~~~~~~~~~~~~~~~~~

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ