office

Office အတွင်းမဖြစ်မနေရှိထားသင့်သော IT System များ 
==================================
TAS မိတ်ဆွေများအားလုံး မဂ်လာပါခင်ဗျာ..ဒီညလေးမှာတော့ မိတ်ဆွေများ Stay Home ရင်း ဗဟုသုတတွေတိုးစေဖို့ ကျွန်တော်တို့ System Integration Company က‌နေ မိတ်ဆွေတို့ရဲ့ Office တွေမှာ မဖြစ်မနေရှိထားသင့်တဲ့ IT System လေးတွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်… 

Ethernet Network 
================ 
ဟုတ်ပါတယ်.. နံပါတ် ၁ အနေနဲ့ကတော့ Ethernet Technology ကို ထောက်ပံ့ပေးနိုင်မယ့် Ethernet Network တစ်ခုမဖြစ်မနေရှိထားဖို့လိုအပ်ပါတယ်.. ဘာဖြစ်လို့ လိုအပ်တာလဲဆိုတော့ မိတ်ဆွေတို့ ရုံးမှာ အသုံးပြုမယ့် Finger Print System, Desktop Computer, Laptp , Printers , Scanner အစရှိတဲ့ Network ချိတ်ဆက်အသုံးပြုရတဲ့ Device တွေကို အထောက်အကူပြုလို့ပဲဖြစ်ပါတယ်… ဒီနေရာမှာ တစ်ချို့တွေမေးကြပါလိမ့်မယ်.. ဟာ.. ဘာလို့ သုံးရမှာလဲ Wifi ကောင်းကောင်းရှိနေရင်ရပြီပဲ.. ဟုတ်ပါတယ်.. Wifi ရှိထားရင် သည်ထဲက တစ်ချို့သော Function တွေကို Handle လုပ်နိုင်ပါလိမ့်မယ်..  များသောအားဖြင့် ရုံးသုံးအဖြစ်ထားရှိမယ့်  Desktop Computer  တွေမှာ Wifi Card ပါလာလေ့မရှိပါဘူး.. သည့်အတွက်ကြောင့် မိမိဟာ လုပ်ငန်းခွင်မှာ Wifi ကိုသာ အသုံးပြုမယ်ဆိုရင် အဆင်မပြေပါဘူး.. တစ်ချို့သော Desktop တွေမှာတော့ Build In Wireless Card ပါလာတာမျိုးရှိပါတယ်.. နောက်တစ်ခုက Finger Print ပါ.. အကယ်၍ Finger Print ကို ရုံးမှာ အသုံးပြုထားရင် Ethernet Network လိုအပ်ပါတယ်… ဒီနေရာမှာ ကျွန်တော် မိတ်ဆွေတို့ကို Wifi နဲ့ Ethernet Network ဘာကွာလဲ ဆိုတာကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်… 

Wifi Standard ဟာ IEEE 802.11 ဖြစ်ပြီး 802.11b/g/n နဲ့ ac အစရှိသည်ဖြင့် ရှိကြတယ်ပေါ့.. များသောအားဖြင့် 2.4 GHz မှာဆိုရင် 450 Mbps လောက်ပဲ ရနိုင်တယ်.. နောက်တစ်ခုက လိုင်း Stable မဖြစ်ဘူးပေါ့.. ထားပါတော့ ကျွန်တော်တို့ လူ၂ ယောက် ယှဉ်ပြီးသုံးနေရင်တောင် တစ်ယောက်က ဆွဲထားတာ များနေတယ်ဆို တစ်ယောက်က လိုင်းကျတောမျိုးဖြစ်နိုင်တယ်.. နောက်တစ်ခုကတော့ Signal ပြဿနာပေါ့ .အကာအကွယ်အတားအဆီးတွေရှိရင် Signal  ပြဿနာကလည်း ကြုံရသေးတယ်… Ethernet ကတော့ ကျွန်တော်တို့ Cat6 Cable ကိုအသုံးပြုမယ်ဆိုရင် 10Gbps လောက်အထိ Speed ကရနိုင်တယ်.. တကယ့် Actual Bandwidth ကတော့ ကိုယ်ယူထားတဲ့အပေါ်မူတည်တာပေါ့နော်.. ဘယ်လိုနေရာတွေမှာ သိသာလဲဆိုရင် ကိုယ့်ရုံးတွင်းမှာရှိတဲ့ Server တစ်ခုကနေ ဖိုင်တွေကို လှမ်းပြီး Access လုပ်တဲ့အခါမျိုး ကွန်ပျူတာ ၁ လုံးနဲ့ ၁ လုံး Data တွေ Send တဲ့အခါမျိုးမှာ  Cable ကို သုံးထားတဲ့ Ethernet Network ဟာ ပိုပြီး မြန်ဆန်တာကိုတွေ့ရတယ်.. နောက်ပြီး Interent လိုင်းလည်း Wifi ထပ်ပိုပြီး Stable ဖြစ်တယ်.. 
Security  ပိုင်းအရကြည့်မယ်ဆိုရင်လည်း ကောင်းတယ် ၊  နောက်တစ်ခုက Network Printer တွေသုံးမယ်ဆိုရင်လည်း Wifi ကို သုံးမယ်ဆိုရင် သိပ်ပြီးအဆင်မပြေဘူး.. လိုင်းက မငြိမ်တဲ့အခါကျတော့ ကိုယ်ကထုတ်တယ်.. print က မထွက်ဘူး.. ဒါမျိုးတွေဖြစ်နိုင်တယ်.. ဆိုချင်တာကတော့ Ethernet Network ကမရှိဖြစ်လိုအပ်တယ်ပေါ့ဗျာ.. ဒီလိုပြောလို့လည်း Wifi မရှိရဘူးပေါ့လို့ မေးရင်လည်း မဟုတ်ပြန်ပါဘူး.. Wifi ကလည်း ကျွန်တော် ပြောမယ့်အချက်တွေထဲက တစ်ခုပါပဲ.. 

Wifi 
====== 
ဟုတ်ပါတယ်.. ရုံးတွေမှာ နောက်ထပ် မရှိမဖြစ်လိုတာကတော့ Wifi ပါပဲ.. Ethernet Network ဟာ Data Trasnsfer ပြုလုပ်ရာမှာ  Printer ၊ Scanner တွေ ၊ Finger Print တွေနဲ့ Desktop တွေမှာ သုံးရအဆင်ပြေပေမယ့် 
Mobile ဖုန်းတွေအတွက်ကိုတော့ အဆင်မပြေနိုင်ပါဘူး….ဒါ့ကြောင့် ရုံးတွင်းဝန်ထမ်းတွေလိုအပ်ရင် Communication အတွက်သုံးနိုင်ဖို့ နဲ့ ရုံးကို လာလည်တဲ့ Guest တွေအတွက် Wifi ကောင်းကောင်း တစ်ခုလောက်တော့ ရှိဖို့လိုအပ်ပါတယ်.. SSID ၂ ခုထားရှိပြီး Bandwidth ကန့်သတ်ထားရင် ပိုပြီးအဆင်ပြေပါတယ်.. Seurity အတွက်လည်းအထောက်အကူဖြစ်စေပါတယ်.. 

File Server 
======== 
မိတ်ဆွေတို့ရဲ့ လုပ်ငန်းဟာ သာမာန်အားဖြင့် လူဉီးရေ ၁၀ ယောက်ထပ်ကျော်တဲ့ အဖွဲ့အစည်းတစ်ခုဆိုရင် File Server ကိုသုံးဖို့ စဉ်းစားသင့်ပါပြီ.. File Server ကတော့ မိမိတို့အဖွဲ့အစည်းရဲ့ ဒေတာအချက်အလက်တွေကို တစ်နေရာတည်းမှာ Centrallize အနေနဲ့ထိမ်းသိမ်းထားပေးနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး User တွေအနေနဲ့ မိမိတို့ ရဲ့ ဒေတာ အချက်အလက် တွေကို Server ထဲမှာ သိမ်းဆည်းထားနိုင်သလို၊ လိုအပ်တဲ့အချိန်မှာလည်း Department အလိုက် သက်ဆိုင်ရာ User Name ၊ Password များဖြင့် Access ရယူနိုင်မှာဖြစ်ပါတယ်.. ဒါ့အပြင် User အနေနဲ့အသုံးပြုလိုက်တဲ့  Priner ၊ Scanner အစရှိသည့် Document များကိုလည်း Server ထဲတွင် သိမ်းဆည်းထားနိုင်တဲ့အတွက် ဒေတာ ပျောက်မှာစိုးရိမ်းစရာမရှိတော့ပါဘူး.. Server ကို အသုံးပြုရာတွင် Microsoft Widnows Server များကိုအသုံးပြုနိုင်သလို သာမန် Windows 10 Dekstop တွင် Storage ထားရှိခြင်းဖြင့်လည်း File Server Function  ကိုအလွယ်တကူရယူနိုင်မှာဖြစ်ပါတယ်… အကယ်၍ မိမိတို့အနေနဲ့ ဒေတာတွေကို ရေရှည် တည်မြဲလိုတယ်.. Backup လည်း မဖြစ်မနေကျန်နေစေချင်တယ်ဆိုရင်တော့ NAS လို့ခေါ်တဲ့ RAID Technology Support ပေးတဲ့ Netwok Attached Storage Device ကိုအသုံးပြုနိုင်ပါတယ်.. 

PBX/ IP PBX (Telephone System) 
==========================
နောက်ထပ် အရေးကြီးတဲ့ ရုံးတွင်းသုံး System တစ်မျိုးကတော့ Telephone System ပါ.. ဟုတ်ပါတယ်.. မိတ်ဆွေတို့ရဲ့ ကုမ္ပဏီမှာ Department ကွဲတွေရှိနေနိုင်တာကြောင့် မိမိတို့အချင်းချင်း Communicate လုပ်ချင်လျှင်ဖြစ်စေ.. သို့တည်းမဟုတ် ပြင်ပရှိ Customer များနှင့် ဆက်သွယ်ပြောဆိုမှုပြုရလျှင်ပင်ဖြစ်စေ PBX / IP PBX Telephone System တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်..  ဒါမှသာ Extension လိုင်းခွဲနံပါတ်များသတ်မှတ်ထားနိုင်ပြီး မိမိ ခေါ်ဆိုလိုသော Department ကို အချိန်တိုအတွင်း ငွေကုန်ကြေးကျသက်သာစွာ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်သလို၊ ပြင်ပ Customer များနှင့်လည်း အဆင်ပြေချောမွေ့စွာ ဆက်သွယ်မှုပြုနိုင်မှာဖြစ်ပါတယ်..  PBX နဲ့ IP PBX တို့ရဲ့ ကွာခြားချက်ကိုကျွန်တော် အချိန်ရရင် အလျဉ်းသင့်သလို ထပ်မံရေးသားဖော်ပြပေးပါဉီးမယ်.. 

Business Email Accounts
====================
ဒီအချက်ကလည်း မိမိကုမ္ပဏီမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်.. မိတ်ဆွေတို့ဟာ မိတ်ဆွေတို့ ကုမ္ပဏီမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ Mail အသုံးပြုမှုကို စနစ်တစ်ကျစီမံခန့်ခွဲနိုင်ဖို့နဲ့ Security ပိုင်းအရ ကောင်းမွန်စေဖို့အတွက် Business Email Account ကိုအသုံးပြုသင့်ပါတယ်.. နောက်တစ်ချက်အနေနဲ့ကတော့ Customer များနဲ့ ဆက်သွယ်တဲ့အခါမှာလည်း Business Mail တွေဟာ ရိုးရိုး သာမန် Personal သုံး Mail တွေထပ် ပိုပြီး မိမိလုပ်ငန်းအပေါ် Customer များရဲ့ ယုံကြည်မှုကို တိုးလာစေပါတယ်.. နောက်ထပ်ကောင်းမွန်တဲ့ အချက်ကတော့ မိမိ Organization ထဲမှာရှိတဲ့ ဝန်ထမ်းများရဲ့ Mail တွေကို Administrator ကန Manangement အလွယ်တကူ လုပ်နေနိုင်တာကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းအတွက် လုံခြုံစိတ်ချမှုကို ရရှိစေပါတယ်.. 
Business Mail ကို အသုံးပြုနိုင်ဖို့ Website Domain တစ်ခုလိုအပ်မှာဖြစ်ပြီး Domain ၁ ခု ဝယ်ယူထားယုံနှင့် များစွာသော Business Email Account တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်.. Business Eamil ဆိုတာကတော့ yourname@gmail.com မျိုးမဟုတ်ဘဲ.. yourname@company.com (ကုမ္ပဏီ  Website) လိပ်စာပါဝင်တဲ့ Mail တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

Company Webpage Website 
=====================
ယနေ့ခေတ်ဟာ တိုးတက်နေတဲ့ အိုင်တီ (IT) ခေတ်ဖြစ်တာနဲ့အညီ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိ ကုမ္ပဏီရဲ့ Product / Service တွေကို လူအများစိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိတဲ့ Web Page တစ်ခုဖန်တီးထားဖို့ လိုအပ်ပါတယ်.. ယခုအခါမှာ ၈၁ ရာခိုင်နှုန်းလောက်သော စားသုံးသူ Customer တွေဟာ Online Platform တွေကနေဝယ်ယူဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေကြပါပြီ။ မိတ်ဆွေအနေနဲ့ Web Page တစ်ခုကို ပိုင်ဆိုင်ထားခြင်းမရှိဘူးဆိုရင် အခုလို အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရမှာလည်းဖြစ်ပါတယ်.. နောက်ထပ်အားသာချက်တစ်ခုက မိတ်ဆွေတို့ ဝန်ထမ်းတွေအနေနဲ့  Sale Call တွေခေါ်ရတဲ့အခါမှာ Email တွေပို့ရတဲ့အခါမှာ စာတွေအများကြီးထည့်သွင်းရေးသားစရာမလိုတော့ဘဲ Website လိပ်စာလေးထည့်သွင်းပေးလိုက်ယုံဖြင့် မိမိ ကုမ္ပဏီရဲ့ Product / Service တွေအကြောင်းကို Customer က အချိန်တိုအတွင်း ဝင်ရောက်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်..  အချိန်အကြာကြီး ရှင်းပြနေစရာမလိုတော့တဲ့အတွက် အချိန်ကုန်လည်းသက်သာပါတယ်.. 

 CCTV System 
===========
 ဒီ System ဟာလည်း မိတ်ဆွေတို့ ရုံးခန်းတွေမှာ မရှမဖြစ်ရှိထားသင့် ပါတယ်.. လုပ်ငန်းက ကြီးလာတာနဲ့အမျှနေ့စဉ်ဘဝမှာ အပြင်ဘက် Security တွေဟာလည်း အရေးပါသလို ၊ အတွင်းပိုင်းက Security ကိုလည်း သတိမပြုမိဘူးဆိုရင် လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်သလို၊  အလုပ်သမားတွေအနေနဲ့လည်း စည်းကမ်းမလိုက်နာမှုတွေကိုကြုံတွေ့နိုင်ပါတယ်.. CCTV System ကို အသုံးပြုထားတဲ့အခါမှာ Admin တစ်ယောက်က Monitoring လုပ်နေလို့ရတာကြောင့် ရုံးဝန်ထမ်းတွေ အလွယ်တကူစည်းကမ်းချိုးဖောက်တာမျိုး၊ မသမာမှုတွေ လုပ်ဆောင်တာမျိုးရန်ကနေ ကင်းဝေးနိုင်ပါတယ်.. ဒါ့အပြင် အလုပ်ပိတ်ရက်တွေ ၊ သို့တည်းမဟုတ် မိမိ အဝေးရောက်နေတဲ့ အခါမျိုးမှာလည်း မိမိ ကုမ္ပဏီရဲ့အခြေအနေကို အမြဲလိုလို သိရှိနိုင်မှာလည်းဖြစ်ပါတယ်.. 

IT Support / Technician 
==================
နောက်ဆုံး တစ်ခုအနေနဲ့ မိတ်ဆွေတို့မှာ မဖြစ်မနေရှိထားသင့်တာက IT Support / Technician  သို့ IT Department ပဲဖြစ်ပါတယ်… ဟုတ်ပါတယ်.. ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ IT System တွေဟာ အမြဲလိုလို အဆင်ပြေနေမှာ မဟုတ်ပါဘူး.. user Fault တွေကြောင့်လည်း တစ်နေ့တစ်နေ့ အဆင်မပြေတာမျိုးတွေကြုံတွေ့လာနိုင်ပါတယ်.. ဒီလိုအချိန်မျိုးမှာ IT Support ရှိခြင်းဟာ အရမ်းကို အရေးပါပါတယ်.. ဒါ့အပြင် Printer တွေ၊ scanner  လိုအပ်သလို Maintenance ပြုလုပ်နိုင်ဖို့နဲ့ ရုံးတွင်း ဝန်ထမ်းတွေရဲ့ Desktop တွေကို ပုံမှန် Error စစ်ဆေးခြင်း၊ Virus စစ်ဆေးခြင်း ၊ HDD စစ်ဆေးခြင်း တွေအပြင် စက်ကို မြန်ဆန်နေအောင် အမြဲတမ်းပုံမှန် Check up လုပ်ဖို့တွေဟာလည်း လိုအပ်ပါတယ်.. မိမိ ကုမ္ပဏီအတွင်း IT Team (or) Support  ရှိထားခြင်းဖြင့် ထိုအချက်တွေကို နေ့စဉ်ပြေလည်စေမှာဖြစ်ပြီး လုပ်ငန်းကို မြန်ဆန်စေနိုင်မှာဖြစ်ပါတယ်.. အကယ်၍ မိမိအနေနဲ့  ကုမ္ပဏီအတွင်း IT သမားမထားလိုပါကလည်း ထို ဝန်ဆောင်မှုများကို ပေးနိုင်သော SI  ( System Integration )  ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ မိမိလိုအပ်သည့် အချက်အလက်များကို တင်ပြဆွေးနွေး ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်.. 

#ဪ မိတ်ဆွေတို့ အနေနဲ့ မိမိ ကုမ္ပဏီ ၊ ရုံးခန်းတွေအတွင်းမှာ ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ service  တွေလိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့  TAS System Integration မှ ကျွမ်းကျင် Network , System  Engineer များဖြင့် လူကြီးမင်းတို့ စိတ်ကြိုက် တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.. Covid ကာလအတွင်း Client များ ရုံးတွင်း IT  အခက်အခဲများပြေလည်စေရန်လည်း ကျွန်တော်တို့ TAS System Integration မှ  Remote Service များဖြင့် စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်..  

ဆက်သွယ်ရန် ။ ။ TAS System Integration  
Building 2 , Room 202, Parami Housing, Parami Road, Hlaing Tsp 
Ph : 09443237265

#TAS #ConnectingTheUniverse #hmm

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ