Server 10 မျိုး
Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း
==============================
ADDC Server, DHCP Server, DNS Server, NAT Gateway Server, ICS Gateway Server, File Server, Web Server, VPN Server, ISA Server, RIS Server တို့ရဲ့ အသုံးပြုရခြင်းအကြောင်းကို လေ့လာကြပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၁) ADDC Server
နာမည်အရှည်က Active Directory Domain Controller ဖြစ်ပါတယ်။ Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုး ရှိပါတယ်။ ချိတ်ဆက်မှု ရရင်ပြီးရော လုံခြုံရေး Security ဗဟို ထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာ ပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်။ Workgroup Network စနစ်ဟာ ကွန်ပျူတာ အလုံးရေ (၂၀) ထိပဲ ကောင်းပါတယ်။ Theory အရတော့ (၁၀) လုံးပေါ့။
Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြ ရပါတယ်။ဥပမာ Microsoft Windows Server 2003 ကို အသုံးပြု တယ်ဆိုကြပါစို့။ အဲဒီအတွက် Server မှာ Active Directory (Domain Controller) Service ကို Install လုပ်ပေးရပါမည်။ IP Address ပေး၊ Domain နာမည်ပေး၊ ADDC Service Install, User Management, Computer Management, Backup စတာတွေကို အခြေခံကနေစပြီး လေ့လာရပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၂) DHCP Server
Network ဆရာတစ်ယောက်က ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ အချင်းချင်း အပြန်အလှန် ချိတ်ဆက်လို့ရအောင် Reply ပြန်အောင် စက်တိုင်းကို IP Address ပေးရပါတယ်။ (၁၀) လုံး (၁၅) လုံး လောက်ဆိုရင်တော့ Manual လိုက်ပေးရလည်း ကိစ္စမရှိပါဘူး။ ကွန်ပျူတာ အလုံးတွေ ရာချီ ထောင်ချီ များလာရင်တော့ Automatic IP Address ချပေးဖို့ လိုအပ်လာပါတယ်။ Networking မှာ ဒီအလုပ်ကို DHCP Server က ပြုလုပ်ပေးပါတယ်။ DHCP ရဲ့အရှည်က Dynamic Host Configuration Protocol ဖြစ်ပါတယ်။
Server OS အားလုံးမှာ DHCP Service ပေးနိုင်တဲ့ System တွေ ပါဝင်ပါတယ်။ DHCP ပေးပုံက Scope Name သက်မှတ်မယ်။ Scope IP အစနဲ့ Scope IP အဆုံး သက်မှတ်မယ်။ Subnet Mask သက်မှတ်မယ်။ ပြီးရင် အသုံးပြုမည့် Scope ကို Activate ပြုလုပ်ရပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၃) DNS Server
အင်တာနက်ခေတ်မှာ ဖော်ပြနေတဲ့ Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ။ DNS ရဲ့ အရှည်က Domain Name System လို့ ခေါ်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ နာမည်တစ်ခု ကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကို လာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာ တစ်ခု ရှိပါတယ်။ ဒါကို IP Address လို့ ခေါ်ပါတယ်။ ဥပမာ www.min zaw htet.com ဖိုဒါရှိတဲ့ ကွန်ပျူတာကို 192.168.1.1 လို့ ပေးထားရင် ဒီနံပါတ်ကို ရိုက်ထည့်ရင် အဲဒီ ဖိုဒါထဲက Web File တွေ အလုပ်လုပ်မှာပါ။
ဘာသာစကားအနေနဲ့ စက်တွေ ကွန်ပျူတာတွေက Machine Language တွေ ဖြစ်တဲ့ 0 နဲ့ 1 ဘာသာစကားကို အသုံးပြုပြီး လူတွေကတော့ အရောင်တွေ၊ နာမည်တွေ၊ စာသားတွေ၊ ဓာတ်ပုံ ဗွီဒီယို မီဒီယာဖိုင်တွေ နားလည်အသုံးပြု ကြပါတယ်။ ဂဏန်းနံပါတ်တွေ အများကြီးကို လူတွေ အလွယ်တကူ မမှတ်မိနိုင်ပါဘူး။ IP Address ကဲ့သို့သော ဂဏန်းအများကြီးထက် www.mm.net.com က ပိုမှတ်မိပါတယ်။ အဲဒီအတွက် အဆင်ပြေအောင် DNS Server ကို အသုံးပြုကြရပါတယ်။ IP Address ဂဏန်းတွေကို လူတွေ နားလည်တဲ့ နာမည် Web Server တွေ ပြောင်းနိုင်အောင် အပြန်အလှန်အားဖြင့် Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို DNS Service က လုပ်ပေးပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၄) ICS Gateway Server
အင်တာနက်စနစ်ကို Network အတွင်း ဖြန့်ဝေပေးတဲ့လုပ်ငန်းစဉ်ကို Internet Gateway Server လို့ ခေါ်ပါတယ်။ Internet Gateway Server ထိုင်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာမှ အခြေခံအကျဆုံး၊ အလွယ်ကူဆုံး၊ အမြန်ဆုံးဖြစ်တဲ့ ICS (Internet Connection Sharing) ဖြစ်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၅) NAT Gateway Server
အင်တာနက်စနစ် ဖြန့်ဝေပေးတဲ့ နည်းလမ်းအမျိုးမျိုးထဲမှာ NAT လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ICS စနစ်ကို Windows Version တိုင်းမှာ ထည့်သွင်း ပေးထားသော်လည်း NAT ကို Windows Server Version တွေမှာပဲ အသုံးပြုနိုင် ပါတယ်။ ICS ထက် Security ပိုကောင်းတာကလည်း NAT ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်ခြမ်းကနေ Private LAN Network ထဲက ကွန်ပျူတာတွေကို မြင်တွေ့ခွင့် မရှိအောင် ပြုလုပ်နိုင်ပါတယ်။
စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Vmware အသုံးပြု ချိတ်တတ်ဖို့ပါ။ Vmware မှာ ကွန်ပျူတာ (၃) လုံးတောင်းမယ်။ တစ်လုံးကို NAT Server ထိုင်မယ်။ နောက်တစ်လုံးကို အင်တာနက်အတုအနေနဲ့ အသုံးပြုဖို့ Web Server ထိုင်မယ်။ တတိယ တစ်လုံးကို Client အနေနဲ့ထားပြီး NAT Internet Gateway ကို စမ်းသပ်ပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၆) File Server
Networking မှာ အရေးကြီးပြီး မဖြစ်မနေ ထားရှိရမည့် နောက်ထပ် Server တစ်ခု ကတော့ File Server ဖြစ်ပါတယ်။ ကွန်ပျူတာ တစ်လုံးတည်းမှာတောင် ဖိုင်၊ ဖိုဒါ ထားသိုတာ နေရာထားရှိတာ စနစ်တကျ မရှိခဲ့ရင် ပြန်လည်ရယူသုံးစွဲချင်တဲ့အခါမှာ အချိန်ကုန်ခံ လိုက်ရှာနေရတတ်ပါတယ်။ သိမ်းပြီးသားဖိုင်တွေ ထပ်ခါထပ်ခါသိမ်းမိပြီး ဘယ်ဖိုင်နောက်ဆုံးလဲဆိုတာ မသိရှိနိုင်ရင်တော့ ပိုပြီး စိတ်ကသိကအောက် ဖြစ်ရမှာပေါ့။ ဒါက ကွန်ပျူတာတစ်လုံးတည်း တစ်ယောက်တည်းသုံးနေတဲ့အချိန်မှာ ဖြစ်တာနော်။ Network မှာ ကွန်ပျူတာအများကြီး User တွေ အများကြီး ဝိုင်းသုံးမှာ ဘယ်ဖိုင်နောက်ဆုံး Update File ဖြစ်တယ်ဆိုတာ ပိုပြီးတော့ ခွဲခြားရခက်လာပြီ။ ပြီးတော့ File မှာ Private File, Public File စသဖြင့် Security ပေါ်မူတည်ပြီး အနေအထားတွေ ကွဲပြားတယ်။ ဒါတွေကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် သင်ဟာ File Server ကို ထိုင်ထားမှ ရပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၇) Web Server
Web Server ထိုင်နည်းကို Networking ခေါင်းစဉ်အောက်မှာထားမှာလား၊ Web Development ခေါင်းစဉ်အောက်မှာထားမှာလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ Microsoft Window Server 2016 ပေါ်ကနေ ထိုင်ပြထားတာပါ။ Website တစ်ခု လွှင့်တင်ဖို့အတွက် Hosting Server တစ်ခုလိုအပ်ပါတယ်။ Web Server ထိုင်နည်းကို သင်ကြားရင်နဲ့ ဘာတွေပါ သင်ရအုံးမလဲဆိုတော့ IP Address, DHCP, DNS အကြောင်းတွေပါ သင် သိမြင်ရအုံ:မှာပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၈) ISA Server
ISA ရဲ့ အရှည်က Internet Security & Acceleration ဖြစ်ပါတယ်။ သူကလည်း Internet Gateway Server အမျိုးအစား ဖြစ်ပါတယ်။ Security မြင့်မြင့်မားမား ထားလို့ရနိုင်တဲ့ Policy တွေ ချမှတ်နိုင်ပါတယ်။ ISA ကို Firewall Software တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အရင်က ထုတ်ဝေခဲ့တဲ့ NAT Internet Gateway ကိုလည်း ISA မှာ Setting ချပြီး အသုံးပြုနိုင်ပါတယ်။ Web Proxy, Cache Memory, Virtual Private Network တို့ကိုလည်း ISA Server မှာ အသုံးပြုနိုင်ပါတယ်။
စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Vmware အသုံးပြု ချိတ်တတ်ဖို့ပါ။ Vmware မှာ ကွန်ပျူတာ (၃) လုံးတောင်းမယ်။ တစ်လုံးကို ISA Server ထိုင်မယ်။ နောက်တစ်လုံးကို အင်တာနက်အတုအနေနဲ့ အသုံးပြုဖို့ Web Server ထိုင်မယ်။ တတိယ တစ်လုံးကို Client အနေနဲ့ထားပြီး ISA Internet Gateway ကို စမ်းသပ်ပါမည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၉) Virtual Private Network
VPN Server ရဲ့ အရှည်က Virtual Private Network ဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ ရုံးချုပ်၊ ရုံးခွဲ၊ စက်ရုံ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ Whole Sale Shop၊ Retail Sale Shop၊ ဖြန့်ချိတဲ့ ကိုယ်စားလှယ်ဆိုင်များ စသဖြင့် Business Infrastructure ရှိပါတယ်။ ဒါတွေ အကုန်လုံးကို တစ်ပေါင်းတည်း Network ချိတ်ချင်ရင် VPN System ကို အသုံးပြု ရပါတယ်။ Server OS တော်တော်များများက VPN Network ကို Support လုပ်ကြပါတယ်။ ကိုယ်က အသုံးချတတ်ဖို့ပဲ လိုတာပါ။ နေရာဒေသ အနည်းငယ် ဝေးရင် (၂ မိုင်အတွင်း) ဆိုရင်တော့ CPE Router တွေ အသုံးပြုပြီး ချိတ်ဆက်နိုင်ပါတယ်။ မြို့ခြား၊ နိုင်ငံခြားဆိုရင်တော့ တစ်ကမ္ဘာလုံးချိတ်ဆက်ထားတဲ့ Network စနစ်ဖြစ်တဲ့ Internet ကို အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ Data တွေကို ခိုးယူဖို့ Hacker တွေက အဆင်သင့် ရှိနေတတ်တာ ကြောင်း လုံခြုံရေးဆိုင်ရာ Security Protocol တွေ အသုံးပြုဖို့ လိုအပ်လာပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔖 ၁၀) RIS Server
Remote Installation Server ဖြစ်ပါတယ်။ Server 2008 အထက်မှာတော့ နာမည်ပြောင်းသွားပါတယ်။ WDS လို့ခေါ်ပါတယ်။ Window Development Server ဖြစ်ပါတယ်။ RIS ဆိုတာ Network ပေါ်ကနေ Windows OS တင်တဲ့ နည်းစနစ်ပါ။ DVD Drive တွေ စက်တိုင်းရှိဖို့ မလိုအပ်သလို Windows Installor CD ခွေလည်း အများကြီး မလိုအပ်တော့ပါဘူး။ ကွန်ပျူတာအားလုံးကို တပြိုင်နက်တည်း ဝင်ဒိုးတင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ Network မှာ ရှိတဲ့ ကွန်ပျူတာအလုံးရေ အများကြီးကို Clone မရိုက်ချင်ဘူး ဆိုရင် ဒီစနစ်နဲ့ Window တင်ရပါမည်။
RIS Service ကို အသုံးပြုဖို့ဆိုရင် Domain Server, DNS Server, DHCP Server, RIS Server တွေလည်း နားလည် အသုံးပြုတတ်ရပါမည်။