Baofeng
BAOFENG UV 5R အကြောင်းအပိုင်း(၇)
၃၅။ STE
၃၆။ RP-STE
၃၇။ RPT-RL ဒီ၃ခုက Repeater လိုင်းနဲ့ပဲ ဆိုင်ပါတယ်။ စက်ကလေးနဲ့ Repeater ခံပြောတဲ့အခါပဲ ဖြစ်ဖြစ်၊ စက်ကလေးကို Repeater လုပ်သုံးတဲ့အခါပဲဖြစ်ဖြစ် နောက်ပိတ်အသံလေးတွေ၊အဆုံးသတ်အသံ ဖြတ်တောက်မှုလေးတွေကို ချိန်ညှိရတာပါ။ မြန်မာပြည်မှာတော့ ဘာမှထူးခြားမှု မရှိပါ။
၃၈။ PONMSG ဒါကလည်း စက်စဖွင့်တဲ့အခါ ကိုယ့်နမယ်လေးဖြစ်ဖြစ် တပ်ဖွဲ့နမယ်လေးဖြစ်ဖြစ် ပေါ်လာအောင် လုပ်တာပါ။ ဦးစွာ ကွန်ပျူတာနဲ့ နမယ်ရေးထည့်ထားပြီး သွင်းကာမှ စအလုပ်လုပ်ပါလိမ့်မယ်။ တချို့စက်တွေမှာတော့ ကွန်ပျူတာမလိုပဲ Setting ထဲမှာတင် ဝင်ရေးလို့ရပါတယ်။
၃၉။ ROGER ဒါကတော့ PTT နှိပ်ရင် တဖက်စက်မှာ ကလု. ကလုပ် ဆိုပြီး အသံတွဲလျက် ရောက်သွားတဲ့ စနစ်ပါ။ တဖက်သား နားထောင်သူ အာရုံနောက်ပါတယ်။ ပိတ်ထားတာ အကောင်းဆုံးပါ။
၄၀။ RESET ဒါကတော့ အထက်ပါအတိုင်း ဟိုဟိုဒီဒီ လိုက်ကလိပြီး ဘယ်လိုမှ ပြန်မဖြည်တတ်တော့ရင် နောက်ဆုံးပိတ် လုပ်ရမယ့် နည်းလမ်းပေါ့။ ဝင်ပြီး Full ကိုရွေး OK ဆိုရင် သွင်းထားတဲ့လိုင်းတွေလည်း အကုန်ပျက်သွားမယ်။ စက်ကလည်း စက်ရုံက ထုတ်ပေးလိုက်တဲ့ Setting အတိုင်း ပြန်ဖြစ်သွားမယ်။ ကိုယ့်စက်ကို စိတ်တိုင်းမကျလို့ ပြင်ဆရာဆီ မသွားခင် ကိုယ့်လက်ထဲမှာ နောက်ဆုံး ကြိုးစားကြည့်ရမယ့် Setting လေးပါ။ တခြားစက်တွေမှာတော့ Reset ကို Setting ထဲမှာ ပေါ်တင်ကြီး မထည့်ထားတတ်ကြပဲ ခလုတ် ၂ခု ၃ခု တွဲနှိပ်ပြီး ပါဝါဖွင့်လိုက်မှ Reset ဖြစ်သွားတာမျိုးပါ။