ဝါဆိုလပြည့်

"ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"
~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် 
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း 
     ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
     တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား 
     စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို 
     ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍ 
     ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
     နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
     နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို 
     စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
     ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့် 
* ဓမ္မစင်္ကြာအခါတော်နေ့နှင့် 
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့ 
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို 
ဟူသော စကားနှင့်အညီ 
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် 
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက် 
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ် 
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ 
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ် 
ယသော်ဓရာနှင့် 
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော 
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက် 
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော 
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ 
အိုခြင်းသဘော, နာခြင်းသဘော, 
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ 
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ 
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ 
တောထွက်ရန် ကြံစည်တော်မူပြီး 
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် 
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့် 
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး 
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် 
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး 
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး 
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ 
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း ) 
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင် 
ပင်းပန်းစွာ ကျင့်ကြံသော်လည်း 
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့် 
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် 
အားထုတ်ခဲ့သော တရားများနှင့် 
လောကကို ဆင်ခြင်ကြည့်သော် 
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် 
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား 
ကိလေသာ အမှောင်တို့ဖြင့်သာ 
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန် 
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု 
ဆင်ခြင်နေစဉ် 
သဟမပှတိ ဗှဟမှာမငှး၏ 
လျှောက်ထား တောင်းပန်ချက်အရ 
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု 
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော 
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား 
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့် 
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား 
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင် 
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ 
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား 
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ 
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ 
မြတ်စွာဘုရား၏ စကားအစသည် 
သူတို့၏ နှလုံးသားဝယ် 
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက 
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း 
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့် 
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည် 
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏ 

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ 
တရား တည်းဟူသော 
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု 
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊ 
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည် 
သစ္စာလေးပါး တရားကို 
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍ 
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို 
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို 
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန် 
ဟောကြားထားသောကြောင့် 
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ် 
"အရှင်ကောဏ္ဍည" သည် 
လူသားများ အနက် ပထမဦးဆုံး 
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည် 
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် 
     ( ၁ ) ရက်နေ့၌ အရှင်ဝပ။
     ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
     ( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
     ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် 
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင် 
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင် 
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို 
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး 
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု 
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍ 
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ 
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့ 
         မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
         ( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့ 
         မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
         ( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
         မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
         ( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့ 
         မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
        ( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ 
         စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့ 
          မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို 
         စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့် 
         တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့ 
         ( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ 
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊ 
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊ 
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ် 
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့် 
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား 
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
      မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credit ပေးပါသည်။...#KuuKuu
======================================

💡မဂ္ဂင် ၈ ပါးတွင် သမ္မာသမာဓိက  ⏪  #တစ်ပါးအပါအဝင်ဖြစ်တယ်။

🙏🏻မြတ်စွာဘုရားရှင်က #ဘာကို #သမ္မာသမာဓိလို့ #ဟောလဲဆို 
✨ပထမဈာန်သမာဓိ 
✨ဒုတိယဈာန်သမာဓိ 
✨တတိယဈာန်သမာဓိ 
✨စတုတ္ထဈာန်သမာဓိ ကို   ⏪ #သမ္မာသမာဓိလို့👈
↔️ #မဟာသတိပဋ္ဌာနသုတ်မှာ ⏪  #အတိအကျဟောတော်မူတယ်။

♥ #ဈာန်တရားက 
     သာသနာတွင်းတရားမဟုတ် #သာသနာပတရား ♥

 💛 #ဝိပဿနာကသာ #သာသနာတွင်းတရားလို့ 💛
     
🔴 #ခေတ်ကပြောတော့ 🔴

 မဂ္ဂင်တစ်ပါးပြုတ်တော့ #မဂ္ဂင် {၇} ပါးနှင့်  ⏪  #မဂ်ဖိုလ်ရနိုင်ပါ့မလား? 
👉 #မရနိုင်ဘူး။ 👈

                   🙏  ကျေးဇူးတော်ရှင် 🙏
💫 ဖါးအောက်တောရရိပ်သာများ၏အဓိပတိနာယကချုပ် 💫
         💫  ရွှေကျင်နိကာယ ရတ္တညူမဟာနာယက 💫
           💫  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ 💫
                  💫  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ 💫
        🙏 ဖါးအောက်တောရ ဆရာတော်ဘုရားကြီး🙏
                🙏ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏ🙏

💠Credit ### Sayadaw Ashinagginda
====================================

"သုဘဒ္ဒ၊ မဂ္ဂင်ရှစ်ပါး ထင်ရှားမရှိသော သာသနာတွင် သောတာပန်ဟူသော ပထမရဟန်းလည်း မရှိပေ။ 
သကဒါဂါမ်ဟူသော ဒုတိယရဟန်းလည်း မရှိပေ။ အနာဂါမ်ဟူသော တတိယရဟန်းလည်း မရှိပေ။ ရဟန္တာဟူသော စတုတ္ထရဟန်းလည်း မရှိပေ။ မဂ္ဂင်ရှစ်ပါး ထင်ရှားရှိသော သာသနာမှာသာလျှင် ထိုရဟန်းလေးပါးလုံး ရနိုင်ပေသည်။ 
ငါဘုရား၏ ဤသာသနာတော်တွင်ကား မဂ္ဂင်ရှစ်ပါး ထင်ရှားစွာ ရှိနေ၏။ 
ထို့ကြောင့် ရဟန်းလေးပါးလုံး ထင်ရှား ရှိနေကြ၏။ အခြားသော အယူဝါဒများတွင် မဂ်လေးပါးကို ရခြင်းငှာ ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်လေးပါး၊ 
မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးပါး၊ 
ဖလဋ္ဌာန် ပုဂ္ဂိုလ်လေးပါးအားဖြင့် တစ်ဆယ့်နှစ်ပါးသော ရဟန်းတို့ ကင်းဆိတ်နေကြ၏။ 
ငါဘုရား၏ သာသနာမှာ ထင်ရှားရှိနေသော ရဟန်း တစ်ဆယ့်နှစ်ပါးတို့သည် မိမိတို့ ရရှိထားသော တရားကို အခြားသူများထံ ဆင့်ကူးဆင့်ကမ်း ဉာဏ်လက်လှမ်းကာ ပေးသောအားဖြင့် ကောင်းမွန်စွာ နေကြပါလျှင် ဤကမ္ဘာတွင် ဘယ်တော့မှ ရဟန္တာ ဆိတ်သုဉ်းမည် မဟုတ်ချေ ။"

(သုတ်မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇာကဝတ္ထု ပါဠိတော်နှင့် အဋ္ဌကထာ)

## ကမ္ဘာ့ပညာရှင် ##
🙏 ဖားအောက်တောရဆရာတော်🙏
======================================

တုမှေဟိ ကိစ္စမာတပ္ပံ ၊
အက္ခာတာရော တထာဂတာ။ 
ပဋိပန္နာ ပမောက္ခန္တိ၊ 
ဈာယိနော မာရဗန္ဓနာ။ (ဓမ္မပဒ၊၅၂၊ဂါထာ ၂၇၆။)

 သင် ချစ်သား ချစ်သမီးတို့ ပြုသင့်ပြုထိုက်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတည်းဟူသော
လုပ်ငန်းကိစ္စရပ်ကို သင် ချစ်သား ချစ်သမီးတို့ကိုယ်တိုင် အပြင်းအထန်ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ကြပါ။ 
ငါဘုရားရှင်တို့ကတော့ နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသောလမ်းဖြစ်သည့် သတိပဋ္ဌာန်တရားလေးပါးတည်းဟူသောလမ်းကို (တနည်းဆိုရသော်)မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတည်းဟူသောလမ်းကို ဟောပြောပြသ ဆိုဆုံးမတတ်သူတို့သာဖြစ်ကြ၏။ 
မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကို တကယ်လက်တွေ့ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ကြသည့် 
အာရမ္မဏူပနိဇ္ဈာနဈာန် ၊ လက္ခဏူပနိဇ္ဈာနဈာန်ဟူသော နှစ်မျိုးသော ဈာန်တို့ကို ဝင်စားနိုင်သူတို့သည်သာ ကိလေသာမာရ်စစ်သည်တို့၏အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြကုန်၏။ 

🙏 ကမ္ဘာ့ပညာရှင် 🙏
🙏 ဖားအောက်တောရ ဆရာတော်ကြီး 🙏
======================================

🙏......(သဒ္ဓမ္မပ္ပဋိရူပကသုတ္တန်).....🙏

   ချစ်သား ကဿပ...အောက်အဖို့သို့သက်ရောက်စေတက်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရားမှေးမှိန်ုခြင်းငှါ၊
ကွယ်ပျောက်ခြင်းငှါဖြစ်ကုန်၏။ 
အဘယ်ငါးမျိုးတို့နည်းဟူမူ_ချစ်သား ကဿပ..ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည်...

၁။ မြတ်စွာဘုရား၌ မရိုသေ ၊မတုပ်ဝပ်ကုန်သည်ဖြစ်၍နေကုန်၏။
၂။ တရားတော်၌ မရိုသေ၊ မတုပ်ဝပ်ကုန်သည်ဖြစ်၍နေကုန်၏။
၃။ သံဃာတော်၌ မရိုသေ၊ မတုပ်ဝပ်ကုန်သည်ဖြစ်၍နေကုန်၏။
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ မရိုသေ၊ မတုပ်ဝပ်ကုန်သည်ဖြစ်၍နေကုန်၏။
၅။ ဈာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ မရိုသေ၊ မတုပ်ဝပ်ကုန်သည်ဖြစ်၍နေကုန်၏။
   ချစ်သား ကဿပ...အောက်အဖို့သို့ သက်ရောက်စေတက်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရားမှေးမှိန်ခြင်းငှါ၊ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ 

.. (မှတ်ချက်)အာရမ္မဏူပနိဇ္ဈာနဈာန်=ရူပဈာန်လေးပါး၊ အရူပဈာန်လေးပါး=သမာပတ်ရှစ်ပါး=သမာဓိကို ရအောင်အားမထုတ်နိုင်ပါက သမာဓိ သာသနာကွယ်ပျောက်၏၊ ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာသာသနာလည်းကွယ်ပျောက်တော့၏။ သတိကြီးကြီးထားကြကုန်လော့ သူတော်ကောင်းအပေါင်းတို့...။

🙏 ကမ္ဘာ့ပညာရှင် 🙏
🙏 ဖားအောက်တောရ ဆရာတော်ကြီး 🙏
=====================================

ဈာန်ရအောင် အားမထုတ်နိုင်တော့
နီဝရဏကို ခပ်ကြာကြာမခွါနိုင်
နီဝရဏကို ခပ်ကြာကြာမခွါနိုင်တော့
ရုပ်ဃန နာမ်ဃန မပြို
ရုပ်ဃန နာမ်ဃန မပြိုတော့
ရုပ်ပရမတ် နာမ်ပရမတ်ကို ထိုးထွင်း၍ မမြင်
ရုပ်ပရမတ် နာမ်ပရမတ်ကို ထိုးထွင်း၍ မမြင်တော့
ဝိပဿနာ ရှု၍ မရ
ဝိပဿနာ ရှု၍ မရတော့
မဂ်ဉာဏ် ဖိုလ်ဉာဏ် မရ
အော်...ဒုက္ခ ဒုက္ခ။

ဓမ္မဒါန-အရှင်အဂ္ဂိန္ဒ (မအူပင်)
====================================

# နိဗ္ဗာန်မပြောနဲ့ ဘုရားတောင်ဖြစ်တဲ့ ကျင့်စဥ်အမှန် #
အာနာပါနစတုတ္ထဇ္ဈာနံ သမာပဇ္ဇိတွာ တဒေဝ 
ပါဒကံ ကတွာ၊ ဝိပဿနာ ဝဎ်ဍေတွာ မဂ္ဂပဋိပါဋိယာ
အဂ္ဂမဂ္ဂေန သဗ္ဗကိလေသေ ခေပေတွာ သမ္မာသမ္ဗောဓိံ ပတိသမ္ဗုဇ္ဈတိ။
( မဇ္ဈိမနိကာယ်၊ ဥပက္ကိလေသသုတ်၊ အဋ္ဌကထာ)

အာနာပါနစတုတ်ထဇ်ဈာနံ = အာနာပါနစတုတ်ထဈာနျကို။
သမာပဇ္ဇိတွာ = ဝင်စား၍။
တဒေဝ = ထိုအာနာပါနစတုတ္ထဈာန်ကို။
ပါဒကံ = ဝိပဿနာ၏ အခွပေါဒကကို။
ကတွာ = ပြု၍။
ဝိပဿနံ = ဝိပဿနာဉာဏ်ကို။
ဝဎ်ဍေတွာ = တိုပွားစေ၍။
မဂ္ဂပဋိပါဋိယာ = မဂ်ဉာဏ်အစဥ်အားဖြင့်။
အဂ္ဂမဂ္ဂေန = အရဟတ္တမဂ်ဖြင့်။
သဗ္ဗကိလေသေ = အလုံးစုံသော ကိလေသာတရားတို့ကို။
ခေပေတွာ = ကုန်ခန်းစေ၍။
သမ္မာသမ္ဗောဓိံ = သဗ္ဗညုတဉာဏ်တော်မြတ်ကို။
ပတိသမ္ဗုဇ္ဈတိ = ထိုးထွင်း၍ သိတော်မူ ရရှိတော်မူ၏။

====================================

 " ဝ "ရှိမှ " ဝိ " လုပ်လို့ရမယ်၊
ဝ = သမထရှိမှ ၊ လုံးကြီးတင် = ဝိပဿနာရှုလို့ရမယ်။

ဒွေ မေ ဘိက္ခဝေ ဓမ္မာ ဘာဝေတဗ္ဗာ၊
သမထော စ ဝိပဿနာ။ (မြတ်ဗုဒ္ဓ)
ရဟန်းတော်များ အို ချစ်သားတို့....
သမထကို (ရူပဈာန်လေးပါး၊အရူပဈာန်​လေးပါးကို)ပေါက်​မြောက်​အောင် ပွါးပြီးရင်၊
ဝိပဿနာ ရှုကြရမယ်။

အရှင်အဂ္ဂိန္ဒ
======================================

# ဘုရားအဆူဆူတို့၏ အဆုံးမ #

ဈာနသမာပတ်(၈)ပါး(ရူပဈာန် ၄ ပါး၊ အရူပဈာန် ၄
ပါး)တည်းဟူသော အဓိစိတ္တသိက္ခာကို 
ပွားများအားထုတ်ရာ၏။ 
(အဓိစိတ္တေစ အာယောဂေါ
ဧတံ ဗုဒ်ဓါနသာသနံ။) (ဓမ်မပဒ ၊ ၁၈၅)

======================================

သမာပတ်ဈာန် မရရှိသော ယောဂီ
ဝိပဿနာပညာ မဂ်ပညာ မရရှိနိုင်။
(ပညာ နတ္ထိ အဈာယတော။ဓမ္မပဒ၊၃၇၂။)

=====================================

# စဉ်တိုင်းကျင့်မှ နိဗ္ဗာန်ရ
================
ပတ္ထနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ
ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ
ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ (ပဋ္ဌာန်း ပါဠိတော်)

ပတ္ထနံ=နိဗ္ဗာန်လိုချင်ခြင်းကို။
ဥပနိဿာယ=အကြောင်းပြု၍။

ဒါနံ=ဒါနကုသိုလ်ကို။ ဒေတိ=ပေးလှူ၏။

သီလံ=သီလကို။ သမာဒိယတိ=ကောင်းစွာစောင့်ထိမ်း၏။

ဥပေါသထကမ္မံ=စိတ်စင်ကြယ်ကြောင်းဖြစ်သော(နီ၀ရဏစင်ကြယ်ကြောင်းဖြစ်သော)သမထဘာ၀နာကံကို။
ကရောတိ=ပွားများအားထုတ်၏။

ဈာနံ=ရူပဈာန် အရူပဈာန်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။

ဝိပဿနံ=ဝိပဿနာဉာဏ်ကို။ ဥပ္ပါဒေတိ= ဖြစ်စေ၏။

မဂ္ဂံ=မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။

အဘိညံ=အဘိညာဥ်ကို၊ ဥပ္ပါဒေတိ=ဖြစ်စေ၏။

သမာပတ္တိံ=သမာပတ်ကို။ ဥပ္ပါဒေတိ=ဖြစ်စေ၏။ 

=====================================

🙏🙏🙏 ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး။🙏🙏🙏

ဗုဒ်အစ = ဗုဒ္ဓဂေါတမ သဗ္ဗညုဘုရားရှင်။
ဗုဒ်အလယ် = အရှင်မဟာဗုဒ္ဓဃောသ(ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာအစရှိသော အဋ္ဌကထာကျမ်းပြုအကျော်ဆရာတော်။
ဗုဒ်အဆုံး = အရှင်မဟာဗုဒ္ဓအာစိဏ္ဏ
ဒါနကုသိုလ်၊
သီလကုသိုလ်၊
ရူပဈာန်၊ အရူပဈာန်ကုသိုလ်၊
ဝိပဿနာ ကုသိုလ်၊
မဂ်ဉာဏ် ၊ဖိုလ်ဉာဏ်၊
အဘိညာဏ်၊
ဈာန၊ ဖလ၊ နိရောဓ သမာပတ်တို့ကို ကိုယ်တော်တိုင်လည်းသိ၊ တပည့်တို့ကို သိအောင်လည်း ဟောကြား ပြသ ဆိုဆုံးမတော်မူတတ်သော ဖားအောက်တောရ ဆရာတော်ဘုရား။

ပတ္ထနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ
ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ
ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ (ပဋ္ဌာန်း ပါဠိတော်)

အရှင်အဂ္ဂိန္ဒ(မအူပင်)
======================================

◇ နိဗ္ဗာန်ရောက်ကြောင်းတရား (၄) ပါး ◇
━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ━
(၁) သမာဓိ = ဈာနသမာပတ်(၈)ပါးတို့နှင့်ပြည့်စုံသူ။

(၂) နိပက = ကမ္မဋ္ဌာန်း၌ မပြတ်အားထုတ်လေ့ရှိသော ဥာဏ်နှင့်ပြည့်စုံသူ။

(၃) စျာယီ = 
အာရမ္မဏူပနိဇ္ဈာနဈာန် =ဈာနသမာပတ် ၈ ပါး၊
လက္ခဏူပနိဇ္ဈာနဈာန်=ဝိပဿနာဉာဏ်၊မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊(တတ္ထ အဋ္ဌသမာပတ္တိယော ပထဝီကသိဏာဒ်ိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ အာရမ္မဏူပနိဇ္ဈာနန္တိ သချင်္ံ ဂတာ ၊ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနန္တိ နာမ_(အဋ္ဌသာလိနီ အဋ္ဌကထာ)
ယင်းဈာန်နှစ်ပါးတို့နှင့်ပြည့်စုံသူ။

(၄) သံယောဇနံဇာတိဇရာယဆေက = မွေးသေဒုက္ခကိုဖြစ်စေတတ်သည့် သံယောဇဉ်ကို ဖြတ်နိုင်သူ။

⇨ ထိုလေးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မြတ်သောနိဗ္ဗာန်သို့ ရောက်နိုင်၏။

➢ အာတာပီသုတ် ဣတိဝုတ်ပါဠိတော် (နှာ-၂၁၄)။
=====================================

🙏🙏🙏 ​ဗုဒ္ဓ ဓမ္မ အနှစ်ချုပ် 🙏🙏🙏

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော ---။

ရှေးရှေးဖြစ်ကုန်သော ကာမကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကုန်သော ရူပဈာန်​ကုသိုလ်တရားတို့အား ကြီးမားသောအကြောင်းအထောက်အပံ့ဖြင့် ကျေးဇူးပြုတတ်ကုန်၏။
             
ရှေးရှေးဖြစ်ကုန်သော ရူပဈာန်ကုသိုလ်တရားတို့သည် 
နောက်နောက်ဖြစ်ကုန်သော အရူပဈာန်​ကုသိုလ်တရားတို့အား ကြီးမားသောအကြောင်းအထောက်အပံ့ဖြင့် ကျေးဇူးပြုတတ်ကုန်၏။

ရှေးရှေးဖြစ်ကုန်သော အရူပဈာန်ကုသိုလ်တရားတို့သည် 
နောက်နောက်ဖြစ်ကုန်သော လောကုတ္တရာ(မဂ်လေးပါး ဖိုလ်လေးပါး)ကုသိုလ်တရားတို့အား ကြီးမားသောအကြောင်းအထောက်အပံ့ဖြင့် ကျေးဇူးပြုတတ်ကုန်၏။

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

ဈာနသမာပတ်ကို ရအောင်အားထုတ်နိုင်မှ
ဖလသမာပတ်ကို ရမည်။

ဖလသမာပတ်ကို ရအောင်အားထုတ်နိုင်မှ
နိရောဓသမာပတ်ကို ရမည်။

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
====================================

မေး။ သမ္မာသမာဓိသည်ကား မဂ်၏ရှေ့အဖို့၌၎င်း
မဂ်၏ခဏ၌၎င်း သမ္မာသမာဓိသည်သာဖြစ်၏-ဆိုရာဝယ် မဂ်၏ရှေ့အဖို့၊ မဂ်၏ခဏ၌ အဘယ်မည်သော သမ္မာသမာဓိများဖြစ်ကြပါသနည်း အကြောင်းနှင့်တကွဖြေဆိုပါ။(ဂဏ္ဌိနှင့်အညီ)

ဖြေ။ သမ္မာသမာဓိစေတသိက်၏ ဝိတက်အစရှိသော ဈာန်အဂ်ါကိုလွန်သဖြင့် ငါးပါးအပြားရှိသည်၏အဖြစ် ပြီးလျှင်မူလည်း သတိစေတသိက် ဝီရိယစေတသိက်တို့သည် လေးပါးအပြားရှိသော သတိပဋ္ဌာန်ကိစ္စ ၊ လေးပါးအပြားရှိသော သမ္မပ္ပဓာန်ကိစ္စကို ပြီးစေကုန်သကဲ့သို့ 
သမ္မာသမာဓိ၏လေးပါးအပြားရှိသော သမာဓိကိစ္စကို မပြီးစေတတ်သည်၏ဖြစ်ကြောင့် 
မဂ်၏ရှေ့အဖို့၌လည်း
ပဌမဈာန်သမာဓိသည် ပဌမဈာန်သမာဓိသာမည်၏။
မဂ်ခဏ၌လည်း ပဌမဈာန်သမာဓိသည် ပဌမဈာန်သမာဓိသာမည်၏။

ဒုတိယဈာန်သမာဓိသည် ဒုတိယဈာန်သမာဓိသာမည်၏။

တတိယဈာန်သမာဓိသည် တတိယဈာန်သမာဓိသာမည်၏။

ထို့အတူ မဂ်၏ရှေ့အဖို့၌လည်း
စတုတ္ထဈာန်သမာဓိသည် စတုတ္ထဈာန်သမာဓိသာလျှင်မည်၏။
မဂ်ခဏ၌လည်း စတုတ္ထဈာန်သမာဓိသည် စတုတ္ထဈာန်သမာဓိသာလျှင်မည်၏-ဤသို့အနက်အဓိပ္ပါယ်ကိုပြခြင်းငှာ " သမ္မာသမာဓိ ပန "အစရှိ​ေသာစကားကိုဆို၏။(ဂဏ္ဌိ၊ ၁၃၂)

အရှင်ဥတ္တမသာရ(ဝိနယပါဠိပါရဂူ)
ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ နှင့် ဂဏ္ဌိပဒ မြန်မာဂုဏ်ထူးကျမ်း(စာမျက်နှာ- ၄၆၁)

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

အို...သူတော်ကောင်းအပေါင်းတို့....ဝိမုတ္တိခေတ်ကြီးတစ်ပတ်ပြန်လည်လာပြီး၊အစဉ်အတိုင်းကျင့်ကြကုန်လော့။
(၁)တဒင်္ဂဝိမုတ္တိ=ဒါန-သီလ-ဘာဝနာဆိုတဲ့ကာမကုသိုလ်ပြုလုပ်ပြီး။
(၂)ဝိက္ခမ္ဘနဝိမုတ္တိ=နီဝရဏတရားတွေ ကွာအောင်ဈာန်ရအောင် အားထုတ်။
(၃)သမုစ်ဆဒေဝိမုတ်တိ=မဂျဉာဏျ။
(၄)ပဋိပဿမ္ဘနဝိမုတ္တိ=ဖိုလ်ဉာဏ်။
(၅)နိဿရဏဝိမုတ္တိ=ကိလေသာအားလုံးတို့မှလွတ်မြောက်သောနိဗ္ဗာန် ရမည်။

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

သမ္မာဒိဋ္ဌိငါးမျိုးကို အစဉ်အတိုင်းကျင့်မှ
နိဗ္ဗာန်ရမည်။
(၁)ကမ္မဿကတာသမ္မာဒိဋ္ဌိ=ဒါန-သီလ-ဘာဝနာဆိုတဲ့ကာမကုသိုလ်(အာနာပါနဿတိ= ဝင်လေထွက်လေကို ရိုရိုသေသေ စွဲစွဲမြဲမြဲ အားထုတ်ရမည်)ပြုလုပ်ရမည်။
(၂)ဈာနသမ္မာဒိဋ္ဌိ=ဈာန်(ရူပဈာန်၊အရူပဈာန်)ရအောင်အားထုတ်မှ နီဝရဏတရားတွေကွာမည်။
(၃)ဝိပဿနာသမ္မာဒိဋ္ဌိ=နီဝရဏတရားတွေကွာမှဝိပဿနာရှုလို့ရမည်။
(၄)မဂ္ဂသမ္မာဒိဋ္ဌိ=မဂ်ဉာဏ်။
(၅)ဖလသမ္မာဒိဋ္ဌိ=ဖိုလ်ဉာဏ်ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ရမည်။

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

###(...လင်္ကာ...)###

သီလနှစ်ဖြာ၊ နှစ်ဖြာသုတ၊ ဈာနနှစ်ခု၊ နှစ်ခုပညာ၊ ပြည့်စုံပါက၊နိဗ္ဗာန၊မုချရမည်သာ။

သီလနှစ်ဖြာ=စာရိတ္တသီလနှင့်ဝါရိတ္တသီလ။
နှစ်ဖြာသုတ=အာဂမသုတ{သင်သ်ိ) နှင့်အဓိဂမသုတ( ကျင့်သိ-) ။
ဈာနနှစ်ခု=ဥပစာရဈာန်နှင့် အပ္ပနာဈာန်။
နှစ်ခုပညာ=မဂ်ပညာနှင့်ဖိုလ်ပညာတို့နှင့်ပြည့်စုံမှနိဗ္ဗာန်ရကြမည်။

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

### (လင်္ကါ) ###
သီ ဣန် ဘော ဇာ၊သဒ္ဓမ္မာနှင့်ဈာနလေးခု၊ ရအောင်ပြု၊ ပု ဒိ အာသို့တိုင်၊ ဝိဇ္ဇာ စရဏ၊ ပြည့်စုံမှ၊ သုခနိဗ္ဗာန်ပိုင်လိမ့်မယ်၊ သုခနိဗ္ဗာန်ပိုင်လိမ့်မယ်။

(၁)သီ...သီလသံဝရ= ရဟန်းဖြစ်ရင်ရဟန်းသီလ၊ လူဖြစ်ရင်လူ့သီလကိုစင်ကြယ်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၂)ဣန်...ဣနြ္ဒိယေသု ဂုတ္တဒွါရတာ= မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်တို့မှအကုသိုလ်တရားတွေမဝင်ရောက်နိုင်အောင်မဖြစ်ရအောင်ကမ္မဋ္ဌာန်းအာရုံတစ်ခုခုထဲမှာမိမိတို့ရဲ့စိတ်ကိုအမြဲသွတ်သွင်းထားခြင်း။
(၃)ဘော...ဘောဇနေမတ္တညုတာ =ဘောဇဉ်မှာအတိုင်းအရှည်ပမာဏကိုသိခြင်း။
(၄)ဇာ...ဇာဂရိယာနုယောဂ =နိုးကြားမှုနှင့့်ယှဉ်ခြင်း၊နိုးကြားမှုကိုအဖန်ဖန်အထပ်ထပ်အားထုတ်ခြင်း။
(သတ္တသဒ္ဓမ္မ= သူတော်ကောင်းတရားခုနှစ်ပါး။)
(၅)သဒ်ဓါ ၊(၆)သတိ၊(၇)ဟိရီ ၊(၈)ဩတ်တပ်ပ ၊(၉)ဗာဟုဿစ်စ၊ (၁၀)ဝီရိယ၊ (၁၁)ဝိပဿနာပညာ။
(၁၂)ပဌမဈာန်၊
(၁၃)ဒုတိယဈာန်၊
(၁၄)တတိယဈာန်၊
(၁၅)စတုတ္ထဈာန် စုစုပေါင်း စရဏတရား ၁၅ ပါး။

       ( ဝိဇ္ဇာ-၈-ပါး)
[၁]   ဝိပဿနာဉာဏ်=ဒုက္ခသစ္စာအမည်ရသောဥပါဒါနက္ခန္ဓာငါးပါး၊ရုပ်တရား၊နာမ်တရား။သမုဒယသစ္စာအမည်ရသောအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသောအကြောင်းတရားတို့၏အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာတို့ကိုထွင်းဖောက်သိမြင်သောဉာဏ်။
 [၂]  မနောမယိဒ္ဓိဉာဏ်=စိတ်ဖြင့်ပြီးသောခန္ဓာကိုယ်ကိုအရာအထောင်စသည်ဖြင့့်ဖန်ဆင်းနိုင်သောဉာဏ်။
 [၃] ဣဒ္ဓိဝိဓဉာဏ်=မြေလျှိုးမိုးပျံခြင်းစသည့်တန်ခိုးအမျိုးမျိုးတို့ကိုဖန်ဆင်းနိုင်သောဉာဏ်။
[၄] ဒိဗ္ဗသောတဉာဏ်=နတ်နားကဲ့သို့အဝေးအနီးရှိသမျှအလုံးစုံသောအသံကိုအလိုရှိကကြားနိုင်သောဉာဏ်။
 [၅] စေတောပရိယဉာဏ်=သူတပါး၏စိတ်ကိုသိနိုင်သောဉာဏ်။
 [၆] ပုဗ္ဗေနိဝါသာနုဿတိဉာဏ်=ရှေး၌နေခဲ့ဖူးသောခန္ဓာအစဉ်ကိုလျောက်၍သိနိုင်သောဉာဏ်။
 [၇] ဒိဗ္ဗစက္ခုဉာဏ်=နတ်မျက်စိကဲ့သို့အဝေးအနီးရှိသမျှရူပါရုံအမျိုးမျိုးကိုအလိုရှိကမြင်နိုင်သောဉာဏ်။
 [၈] အာသဝက္ခယဉာဏ်=အရိယသစ္စာလေးပါးအထွက်အထိပ်သို့ရောက်အောင်ထွင်းဖောက်သိမြင်သောက်ိလေသာအာသဝေါတရားတို့၏ကုန်ရာကုန်ကြောင်းဖြစ်သည့်အရဟတ္တမဂ်ဉာဏ်။
                        ( အမ္ဗဋ္ဌသုတ္တန်၊ဒီ၊၁၊၉၄။)
  ပတ္ထနံ ဥပနိဿာယ ဒါနံဒေတိ၊သီလံသမာဒိယတိ၊ဥပေါသထကမ္မံ ကရောတ်ိ၊ဈာနံ ဥပ္ပါဒေတိ၊ဝိပဿနံ ဥပ္ပါဒေတိ၊မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊သမာပတ္တိံ ဥပ္ပါဒေတိ။   (ပဋ္ဌာန်းပါဠိတော်။)

ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
======================================

🙏🙏🙏 ပိဋကတ်အနှစ်ချုပ် ဂါထာတော် 🙏🙏🙏

နတ်ထိ ဈာနံ အပညဿ၊ 
ပညာ နတ္ထိ အဈာယတော။
ယမှိ ဈာနဉ္စ ပညာစ၊ 
သ ဝေ နိဗ္ဗာနသန္တိကေ။ (ဓမ္မပဒ၊ ဂါထာ၊ ၃၇၂)

အပညဿ=ဝိပဿနာပညာ မဂ်ပညာ မရရှိသော ​​ယောဂီအား။
ဈာနံ=သမာပတ်ဈာန်သည်။
နတ္ထိ=မရှိ။
အဈာယတော=သမာပတ်ဈာန် မရရှိသော ယောဂီအား။
ပညာ=ဝိပဿနာပညာ မဂ်ပညာသည်။
နတ္ထိ=မရှိ။
ယမှိ=အကြင်​ ယောဂီ၌။
ဈာနဉ္စ=သမာပတ်ဈာန်ကို၎င်း။
ပညာစ=ဝိဿနာပညာ မဂ်ပညာကို၎င်း။
အတ္ထိ=ရရှိအောင်ကြိုးစားပွားများအားထုတ်၏။
သ သော=ထို ယောဂီသည်။(သမာပတ်ဈာန် ဝိပဿနာပညာ မဂ်ပညာတို့ကို 
ရရှိအောင် ကြိုးစား ပွားများ အားထုတ်သော ထို ယောဂီသည်)။
ဝေ=စင်စစ် ဧကန် အမှန် မုချ။ 
နိဗ္ဗာနသန္တိကေ=နိဗ္ဗာန်နှင့် နီး၏။   (ဓမ္မပဒ၊၃၇၂)

ဈာန်ကိုပယ်ရင် နိဗ္ဗာန်နှင့် ဝေပြီ
စင်စစ်ဧကန်အမှန်မုချ အဝီစိငရဲနှင့် နီး၏။
======================================
ဤဓမ္မဒါန ကုသိုလ်ထူးကြောင့်
အဓမ္မကွယ်ပြီး
မြန်မာနိုင်ငံကြီး
ကပ်ကြီးသုံးပါး ဘေးမှ 
အမြန်ဆုံး လွတ်မြောက်ပါစေ။
မေတ္တာဖြင့်
ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်)
(၁၁....၇...၂၀၂၂)

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ