မန်နေဂျာ
မန်နေဂျာကောင်းတစ်ယောက်ဖြစ်၊ မဖြစ် တိုင်းတာနိုင်မဲ့ အချက်(၁၃)ချက်
∆∆∆∆∆∆∆∆∆∆∆∆∆∆
"သင် မန်နေဂျာကောင်းတယောက်ဖြစ်တာ သေချာပြီလား"ဒီမေးခွန်းလေးက ဖြေရအတော်ခက်ခဲလှပါတယ်. . .
လူတိုင်းသည် မန်နေဂျာဖြစ်နိုင်ပါတယ်----
ဒါပေ့မယ့် မန်နေဂျာကောင်းတယောက်ဖြစ်ဖို့ မလွယ်လှပါဘူး
စီမံခန့်ခွဲမှုနယ်ပယ်က အလွန်ကျယ်ဝန်းပါတယ်။သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက်၊ ဌာနအလိုက် လူတွေရဲ့အမူအကျင့်တွေ ကွဲပြားကောင်း ကွဲပြားနေပါလိမ့်မယ်။
ဒါပေမဲ့ ကိုယ့်နဲ့သက်ဆိုင်တဲ့ဌာနေဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းကတော့ ဘယ်နယ်ပယ်မှာမဆို တူညီနေမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကစီမံခန့်ခွဲတဲ့သူဖြစ်လာတဲ့အခါ တနည်းအားဖြင့် မန်နေဂျာဖြစ်လာတဲ့အခါ ကိုယ်တိုင်မန်နေဂျာတစ်ယောက်ရဲ့ စီမံခန့်ခွဲခြင်းတွေကို လုပ်ဆောင်ရတဲ့အခါမျိုးမှာတော့ မန်နေဂျာကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ပြည့်ဝစေဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ မန်နေဂျာတစ်ယောက်ရဲ့အရည်အချင်း လိုက်နာရမယ့်နည်းနာ နိဿရတွေ တင်ပြမှာတော့ မဟုတ်ပါဘူး။
အခုဖော်ပြပေးမယ့်အချက်အလက်တွေက မန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်အလက်များကိုသာဖော်ပြပေးမှာပဲဖြစ်ပါတယ်။
တနည်းအားဖြင့် မန်နေဂျာကောင်းမဖြစ်သေးတဲ့ အားနည်းချက်တွေကို တင်ပြပေးသွားမှာပါ။
<<< Warranting signs (You need to be better Manager) >>>
1. You’re never ever wrong.
လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး၊ မမှားဘူးတဲ့လူလည်းမရှိဘူး။ လုပ်ငန်းနဲ့ပတ်သတ်လာလို့ အမှားခံလို့မရတာတွေ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ မိမိမှားယွင်းတဲ့အခါ ဝန်ခံရဲတတ်တဲ့စိတ်ကလေးလည်း ရှိတတ်စေဖို့လိုပါတယ်။
တာ၀န်ခံမှုတွေရှိတဲ့ နေရာတစ်ခုကို ရလာပြီဆိုတာနဲ့ တာ၀န်ခံမှု တာ၀န်ယူမှု ထိပ်ဆုံးက ပါလာပါပြီး အလုပ်လုပ်လာတဲ့သက်တမ်း တစ်လျှောက် ဘယ်တော့မှ မမှားဘူးသေးဘူးလို့ ကြွေးကြော်မိရင်တော့ သင်ဟာ မန်နေဂျာကောင်းဖြစ်ဖို့ လိုအပ်နေပါသေးတာ သေချာပါတယ်။
2. You over –Promise.
ကတိတွေ လွယ်လွယ်ပေးသလို၊ မျှော်လင့်ချက်တွေပေးတာ၊ ကျော်လွန်တဲ့ကတိစကားတွေ ပေးတတ်နေတုန်းပဲဆိုရင် သင်မန်နေဂျာကောင်းဖြစ်ဖို့လိုအပ်နေပါသေးတယ်။
အဖွဲ့အစည်းအတွင်းမှာ ဝန်ထမ်းတွေက မျှော်လင့်ချက်ကိုယ်စီနဲ့ ရောက်လာကြတာပါ။ ဒါကို ကိုယ်က လုပ်ငန်းနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ်၊ ရာထူး၊ လစာ၊ တာဝန်တွေကိုပေးမယ်လို့ ကျော်လွန်တဲ့ ကတိစကားဆိုခဲ့မိရင်တော့ နောက်ပိုင်း ပိုမိုများပြားတဲ့ပြသာနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီကနေတဆင့် အဖွဲ့အစည်းပါ ထိခိုက်နိုင်တဲ့အထိ ဖြစ်လာစေတတ်ပါတယ်။ ဒါကလည်း မန်နေဂျာကောင်းတစ်ယောက်အတွက် အရေးကြီးတဲ့အချက်ပါပဲ ။
3. You expect your employees to be just like you.
လူတိုင်းက မတူညီမှုတွေများစွာကနေ ရောက်လာကြတာပါ၊ ဒီတော့ လူတိုင်းကိုယ်လို အယူအဆ အတွေးအခေါ် ရှုမြင်ပုံနဲ့လုပ်ဆောင်ချက်တွေ ကွဲပြားနေမှာပါ။ မတူညီတာတွေကို ကိုယ်ဖြစ်စေချင်သလို မျှော်လင့်ချက်ထားခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်တစ်ခုပါပဲ။
ဝန်ထမ်းတိုင်းက ကိုယ့်လိုချင်တဲ့ပုံစံဖြစ်နေဖို့၊ ကိုယ်လိုဖြစ်နေဖို့ တွေးနေမယ်ဆိုရင်တော့ သင်မန်နေဂျာဖြစ်ဖို့ လိုအပ်နေတဲ့အချက်တစ်ချက်ပါပဲ။
သူတို့တွေရဲ့ မတူညီတဲ့ အရည်အချင်းကနေ အဖွဲ့အစည်းအတွက် တိုးတတ်အောင်မြင်အောင် ဘယ်လိုဖန်တီးယူမလဲ ဆိုတာကို စဉ်းစားဖို့လိုပါတယ်။
အတွေးအခေါ်တွေ လုပ်ငန်းလုပ်ဆောင်ချက်တွေက မတူညီနေဘူးဆိုတာကို သင်လက်ခံထားရမှာဖြစ်ပါတယ်။
4. You have a pesky habit of calling employees on their day off.
ကိုယ်က ဝန်ထမ်းတွေရဲ့ ပိတ်ရက်တွေ၊ အနားယူနေတဲ့အချိန်တွေမှာ မလိုအပ်ပဲ အလုပ်ကိစ္စတွေမေးမြန်း ဆောင်ရွက်ခိုင်းတာ အရေးမကြီးတဲ့ ကိစ္စတွေကို အရေးတကြီးလုပ်ဆောင်ခိုင်းတာတွေက သင့်အပေါ် ဝန်ထမ်းတွေရဲ့ လေးစားအားကိုးမှု လျော့နည်းစေပါတယ်။
ပိတ်ရက်တွေ၊အနားယူချိန်မှာ အနှောင့်အယှက်ပေးတတ်လို့ သင့်အပေါ်တောင် စိတ်ပျက်လာတတ်သလို အရေးတကြီးကိစ္စ ရှိခဲ့လာရင်တောင်အလေးထား ဆောင်ရွက်မှု အားနည်းသွားတတ်ပါတယ်။
ဒီလိုအမူအကျင့်မျိုးရှိရင်တော့ ပြုပြင်ဖို့လိုပါတယ်။ ဒါမှလည်း မန်နေဂျာကောင်းတစ်ယောက်ဖြစ်စေမှာ ဖြစ်ပါတယ်။
5. You’re a Micro manager.
အသေးစိတ်ကအစ အရာအရာလိုက်ကြည့်နေတတ်တဲ့ အထက်လူကြီးမျိုးကို ဝန်ထမ်းအများစုက မကြိုက်ကြပါဘူး။ ကိုယ့်ရဲ့အဆင့်အတန်း တနည်းအားဖြင့် "Manager Role" အရ ဝန်ထမ်းတွေကို ရလဒ်ကောင်းတွေရယူနိုင်ဖို့ ဘယ်လိုအားပေးအားမြှောက်ပြုရမယ်ဆိုတာမျိုးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးရမယ့်နေရာပါ။
Day to Day routing process တွေမှာ အသေးစိတ်ကအစ မလိုအပ်ပဲ ဝင်မပါသင့်ပါဘူး။ ခုချိန်ထိ သင်ကဒါကိုလုပ်ဆောင်နေသေးတယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ လိုအပ်နေပါသေးတယ်။
6. You don’t want to hear your employee’s view point.
တစ်ခါတစ်လေမှာ အလုပ်နဲ့ပတ်သတ်ပြီး ကိုယ်မြင်တာကတစ်မျိုးဖြစ်ပေမဲ့၊ ဝန်ထမ်းရဲ့အမြင်ကလည်း တစ်မျိုးတစ်ဖုံကွဲပြားစေနိုင်ပါတယ်။ အလုပ်ထဲမှာ အောက်လူပေးတဲ့ အကြံညာဏ်ကို မယူချင်ကြတာ တော်တော်များများတွေ့လာရပြန်ပါတယ်။
ဒီတော့ ဝန်ထမ်းတွေက အရေးကြီးတဲ့ အချက်အလက်တွေ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အကြံပြုစကားတွေ ကြားရတော့မှာ မဟုတ်တော့ပါဘူး။ ဒါကို သေချာစွာပြင်ဆင်နိုင်ဖို့လိုပါတယ်။
7. Your feedback isn’t relevant.
ကိုယ့်အောက်က ဝန်ထမ်းကအလုပ်တစ်ခုလုပ်ပြီးလို့ပဲဖြစ်ဖြစ်၊ လုပ်နေဆဲပဲဖြစ်ဖြစ် သင်ကတစ်ခုခု ပြန်လည်တုံပြန်ပြောဆိုပေးရတော့မယ်ဆိုရင် သင့်ရဲ့ပြောဆိုချက်က သက်ဆိုင်သင့်လျော်မှုရှိဖို့လိုပါတယ်။ Feedback တွေက တကယ်တမ်းဝန်ထမ်းတွေနဲ့ ဆက်ဆံတဲ့အခါ Effective ဖြစ်စေဖို့လိုပါတယ်။
ပြီးပြီးရော ပြောလိုက်တာမျိုးတွေ၊ ဘာလာလာ ဒါပဲပြောတတ်တာတွေကို ကိုယ်ရဲ့ လိုအပ်ချက်ကို ပြသနေတာပဲဖြစ်စေတတ်ပါတယ်။ သူတို့အတွက်တိကျတဲ့ ညွန်ကြားချက်၊ လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ဖြစ်နိုင်ချေရှိတာတွေကို ပြောပြပေးနိုင်ဖို့လိုပါတယ်။
8. You’re passive aggressive or ignore employees.
၀န်ထမ်းတွေရဲ့ လေးစားမှုကို ရရှိဖို့ကလည်း မန်နေဂျာတစ်ယောက်အတွက် အရေးကြီးတဲ့အချက်ပါပဲ။ ကျွန်တော်တို့ ဆီမှာက "လေးစားမှုကို အကြောက်တွေတရား"နဲ့ တည်ဆောက်ချင်ကြတယ်။
ဝန်ထမ်းက အထက်လူကြီးကိုကြောက်နေမှ ခိုင်းတာလုပ်မယ်ဆိုတဲ့ အစွဲအလန်းတွေကြောင့်လားမသိပါဘူး။ ဒါပေမဲ့ လေးစားမှုကတော့ မရှိမဖြစ်လိုအပ်ပါတယ်၊ မဟုတ်ရင် ဝန်ထမ်းက ကိုယ့်အပေါ်လစ်လျူရှလာတတ်တယ်၊ အလုပ်ခိုင်းရင် တာဝန်ပေးရင် တလေးတစား မဆောင်ရွက်ချင်တော့ဘူး။
ဒါတွေက ကိုယ်စီမံခန့်ခွဲတဲ့အလုပ်အတွက် အရေးပါတဲ့အချက်အလက်တွေပါပဲ။ သင့်လက်အောက်ဝန်ထမ်းတွေ ဒါမျိုးတွေဖြစ်နေရင်တော့ သတိထားကိုင်တွယ်ဖို့ စီမံဆောင်ရွက်ထားပါလို့ အကြုံပြုချင်ပါတယ်။
9. You hog the limelight.
အလုပ်ခွင်ထဲမှာ အောင်မြင်မှုတွေရလာခဲ့ရင် ဒါဟာ ဝန်ထမ်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကိုကိုယ်တစ်ယောက်တည်း မောင်ပိုင်စီး၊ လက်ဝါးကြီးအုပ်ထားရင်တော့ စီမံခန့်ခွဲမှုရှူထောင်အနေနဲ့ပြောရင် ကျင့်ဝတ်မရှိဘူးလို့တောင် စွပ်စွဲလို့ရပါတယ်။
ကိုယ့်ရဲ့ ပြုမူဆောင်ရွက်ချက်တွေထဲမှာ ဒီအချက်က အဆိုးဝါးဆုံးအခြေအနေဖြစ်စေနိုင်ပါတယ်။ အောင်မြင်မှုကို ခွဲဝေတတ်အောင်အသုံးချပါ။
10.You constantly change your mind.
စိတ်အပြောင်းအလဲများတဲ့၊ အပြောင်းအလဲမြန်တဲ့ အထက်လူကြီးတွေကို လက်အောက်ငယ်သားဝန်ထမ်းတွေက စိတ်ပျက်ကြတတ်ပါတယ်။ အခုဒါလုပ်၊ ခဏနေမလုပ်နဲ့၊ တအောင်နေတော့ ဒါပြန်လုပ်နဲ့ ခဏခဏစိတ်အပြောင်းအလဲမြန်တဲ့ အထက်လူကြီးတွေကို အားကိုးဖို့ရာ သင်ကိုယ်တိုင်ရော ယုံကြည်လို့ရပါ့မလားဆိုတာ တွေးတောဖူးပါရဲ့လား။
သင့်ရဲ့ဦးတည်ချက်ကိုက ဘာမှန်းမသိရင် လုပ်ဆောင်ချက်ပါ ဝေးဝါးလာတတ်ပါတယ်။ ဒီအချက်သင်မှာ ရှိနေရင်တော့ မန်နေဂျာကောင်း မဖြစ်သေးပါဘူး။
11. You’re quick to blame employees for mistakes, but rarely express gratitude when they succeed.
၀န်ထမ်းတစ်ယောက် လုပ်ငန်းလုပ်ဆောင်ရာမှာ အမှားတွေအတွက် အလျင်အမြန်အပြစ်တင်မယ်၊ အောင်မြင်ခဲ့ရင်တော့ မရှိသလောက်ကျေးဇူးကို အကျယ်တဝင့်ဖော်ပြတတ်ခြင်းဟာလည်း မန်နေဂျာကောင်းဖြစ်စေဖို့ ဟန့်တားနေတဲ့ အချက်အလက်ပါပဲနော်. . .
တနည်းဆိုရရင် (သတိပေးနေတဲ့ လက္ခာတစ်ရပ်) ပဲဖြစ်ပါတယ်။ အမှားအယွင်းအတွက် တာဝန်ယူမှုအကြောင်းပြောရရင် ကိုယ်က အရင်ဆုံးတာဝန်အရှိဆုံးဆိုတာက လက်ခံထားစေချင်ပါတယ်။
အဆင်ပြေမှ ငါဘယ်လို သွန်သင်ပြသ လမ်းညွန်မှုပေးခဲ့တာဆိုတာမျိုးကတော့ တာဝန်ခံမှုနည်းပါးနေတာပါပဲ။ ဒီအချက်က ကျွန်တော်တို့ဆီက အဖွဲ့အစည်းတော်တော်များများမှာ ရှိနေကြပါတယ်။
12. You don’t discuss your employees’ future.
လူတိုင်းမှာ အနာဂတ်မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေကိုယ်စီ ရှိနေကြတာပါ။ကျွန်တော်တို့ ဝန်ထမ်းတွေကကော ဘဝအတွက်အလုပ်အတွက်၊ မိသားစုအတွက် မျှော်လင့်ချက်ကိုယ်စီ ရှိကြပြန်တော့ ကိုယ့်ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်အတွက် သူတို့နဲ့မကြာခဏဆိုသလို ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။
အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင်စရာတွေ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သင်တန်းတွေပြင်ဆင်ဖို့ ဆွေးနွေးစီစဉ်ပေးရပါမယ်။ ဒီအချက်တွေကို မလုပ်မိသေးဘူးဆိုရင်လည်း အဖွဲ့အစည်းအတွက်ကော ဝန်ထမ်းအတွက်ပါ မန်နေဂျာကောင်းတစ်ယောက်မဖြစ်သေးပါဘူး။
13. You throw tantrums easily.
စိတ်မထင်သလို စိတ်ဆိုး၊ ဒေါသထွက်၊ ဝိုင်းဒိုင်းကြဲခြင်းကလည်း စီမံခန့်ခွဲမှုတာဝန်ယူထားတဲ့သူတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အပြုအမူလို့ပဲ ယူဆပါတယ်။ ခုထက်ထိ ဒီအပြုအမူမျိုး ရှိနေဦးမယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ မလွယ်သေးပါဘူး။
ဒီအချက်တွေသင့်မှာ အနည်းငယ်ပဲဖြစ်ဖြစ် ရှိနေခဲ့ရင်တောင် ပြင်ဆင်ဖို့ စတင်ဆောင်ရွက်သင့်ပါပြီ။ ဖော်ပြခဲ့တဲ့ အချက်အလက်တွေ အနည်းငယ်သာ ရှိနေခဲ့ရင်ပြသာနာ ကြီးကြီးမားမားမရှိနိုင်ပေမဲ့ အချက်အလက်တွေ များနေခဲ့ရင်တော့သင်ကိုယ်သင်ပြန်မေးပြီး သုံးသပ်သင့်တဲ့အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။
ဒီဆောင်းပါးရဲ့ အစမှာ မေးခဲ့တဲ့မေးခွန်းကိုပဲ ပြန်မေးပါမယ်. ..
သင် မန်နေဂျာကောင်းတစ်ယောက်ဖြစ်တာ သေချာပြီလား?
မဖြစ်လာသေးဘူး လိုအပ်နေသေးတယ်ဆိုတာ သိနေပြီဆိုရင် သင့်အနေနဲ့ ဘယ်လိုအချက်တွေကို ပြုပြင်ပြီး မန်နေဂျာကောင်းတယောက် ဖြစ်လာအောင် ဘာတွေကိုဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိရှိနားလည်ပြီးအမြန်ဆုံးဆောင်ရွက်နိုင်ကြပါစေလို့. . .
Ref:Are you sure You are a good Manager?
Credit:
Reshare by MBA Soe KhantOo