ဝန်ထမ်း

ဝန်ထမ်းတွေမှာ လိုအပ်နေတဲ့ အရည်အချင်း(၉)ခု
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ဒီတခါတော့ ဝန်ထမ်းတွေမှာ လိုအပ်တဲ့အရည်အချင်း (၉)ခုနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်နော်. . .
အဲဒါတွေကတော့. . .
1) Global Skill

ဘာသာစကားတတ်ကျွမ်းမှုမှာ သူများပြောတာနားလည်ဖို့ သူများနားလည်အောင် ပြောဖို့လိုတယ်။ ခုခေတ်မှာအနည်းဆုံး သုံးဘာသာလောက်တောင် တတ်ကျွမ်းထားဖို့လိုလာပြီ။ နောက်တစ်ချက်က ဘာသာစကားသာမက Culture ကိုပါနားလည်ဖို့ အရေးကြီးလာပါပြီ။

2) Computing Skill

ကွန်ပျူတာနဲ့ပတ်သက်ရင်လည်း အရင်ကလို Microsoft Word ၊ Excel ၊ Power Point တွေကို ရိုးရိုးသုံးတတ်ရုံနဲ့မရတော့ဘူး။ Business Communication တွေအတွက် ဘယ်လိုထိရောက်အောင်သုံးမလဲ။ Client တွေကိုဘယ်လို Database တွေသုံးပြီး ရှင်းမလဲဆိုတာအထိ ကျွမ်းကျင်ရပါမယ်။

3) Initiative

အရေးကြီးပါတယ်။ ထားတဲ့နေရာမှာ ထိုင်နေ၊ အပေါ်ကချပေးတာကို လုပ်နေလို့ ရှေ့ဆက်ဘာမှမလုပ်တတ်တော့ဘူး၊ ဘာမှထွင်းထွင်းဖောက်ဖောက် မလုပ်တတ်တော့ဘူးဆိုရင် နောက်မှာကျန်ခဲ့မှာ သေချာပါတယ်။ အကြံဉာဏ်တွေ ပေးနိုင်ရမယ်။ ပြဿနာဖြစ်လာရင် ဖြေရှင်းတတ်ဖို့ ကြိုးစားရပါမယ်။

4) Action Planning

Management ညွှန်ကြားထားတဲ့အတိုင်း အောင်မြင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ စီစဉ်ထားမှုရှိဖို့လိုပါတယ်။

5) Critical Thinking

ပြိုင်ဆိုင်မှုတွေများလာချိန်မှာ ကျဉ်းထဲကျပ်ထဲရောက်ရင် ဘာလုပ်ရမလဲဆိုတာစဉ်းစားပါ။ စဉ်းစားတဲ့အခါမှာ အကျိုးအကြောင်းဆီလျော်မှုရှိရှိ အချက်အလက်အပြည့်အစုံနဲ့ ဟာကွက်မရှိအောင် စဉ်းစားတတ်ဖို့လိုပါတယ်။

6) Professionalism

ကိုယ်ရွေးထားတဲ့အလုပ်မှာ Professional ဖြစ်ဖို့ လိုပါတယ်။ သူများခိုင်းမှလုပ်တတ်တာမျိုး မဖြစ်ရပါဘူး။ CV မှာ ရေးထားတာပဲ ခိုင်းကြည့်လေဆိုတဲ့ Mentality မျိုး မရတော့ဘူး။

7) Enthusiasm

လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ကလည်း အဓိကကျပါတယ်။ လက်ရှိလုပ်နေတာမှာလည်း သင်ယူလေ့လာနေရတယ်။ နောက်တက်မယ့်နေရာတွေအတွက်လည်းအဆင်သင့်ဖြစ်အောင် အသင့်ပြင်ထားရမယ်။ ဆုံးဖြတ်ချက်ချတာတွေ မှားလို့မရတော့ဘူး။ အထူးသဖြင့် Capital Market ဝင်လာရင် Decision တွေ မှားသွားရင် နာလန်မထူနိုင်တော့ဘူး။

8) Management

တခြားသူတွေကိုစီမံခန့်ခွဲတယ်ဆိုတာ တစ်ဖက်လူကို Motivate လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။ ကိုယ်က Sale တို့ Marketing တို့လုပ်နေတာကြောင့် Management နဲ့ မဆိုင်ဘူးလို့ ပြောလို့မရဘူး။ ကိုယ့် Client တွေ Suppiler တွေ၊ Customer တွေကို ထိန်းထားနိုင်အောင်ဆွဲဆောင်နိုင်အောင်လုပ်တာလည်း Management လုပ်တာပါပဲ။

9) Stress Tolerance

အခုလူငယ်တွေက အလုပ်တစ်ခုက နည်းနည်း Stress များလာတာနဲ့ တခြားအလုပ်တစ်ခုကို ပြောင်းသွားရော။ တကယ်တော့ဝန်ထမ်းဘဝဆိုတာပန်းပဲဖိုထဲကသံလိုပဲ။ 

ပန်းပဲဆရာက ကောင်းမယ်ထင်တဲ့ သံချောင်းကိုယူ၊ မီးနီရဲနေအောင်ဖုတ်၊ အပြင်ထုတ်ပြီး တူနဲ့ထု၊ ရေနဲ့လောင်း၊ မီးနဲ့ပြန်ဖုတ် အကြိမ်ကြိမ်အထုထောင်းခံပြီးမှ ဓားကောင်းတစ်လက် ဖြစ်လာတာဆိုတော့ အလုပ်ခွင်မှာတွေမှာ ကြုံတွေ့ရတဲ့ Stress ကိုတော့ ခံနိုင်ရမယ်။ ဆတ်ဆတ်ထိ မခံရင်တော့ ဘာအရည်အချင်းမှရှိလာမှာ မဟုတ်ပါဘူးနော်။
ပျော်ရွှင် အောင်မြင်ကြပါစေလို့. . .
Credit:CEO Magazine

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ