ဝန်ထမ်း
ရေးဘူးတဲ့စာစုလေး
*******************
ဘယ်လုပ်ငန်း ပဲ ဖြစ် ဖြစ် လုပ်တော့ မယ်ဆိုရင် လူတစ်ယောက်မှာASK (၃) မျိုး စလုံး ပြီးပြည့်စုံ မှု ရှိသလား က အရေးကြီးပါတယ် ။
ကျွန်တော် ဝန်ထမ်းတစ်ယောက် ကို ရွေးချယ်မယ်ဆိုရင် ဒီ A S K (၃) မျိုး ကို အခြေခံပြီးရွေးချယ်ပါတယ်
ASK ဆို တာ
1. A = Attitude ( စိတ်နေစိတ်ထား)
2. S = Skill (လုပ်ငန်းကျွမ်းကျင်မှု )
3. K = Knowledge ( ဗဟုသုတ ကြွယ်ဝမှု )
စတဲ့ အရာတွေ ဖြစ်ပါတယ် ။
လူတစ်ယောက် ကို ရွေးချယ်မယ်ဆိုရင် ဒီ (၃)မျိုး က မဖြစ်မနေ ပြီးပြည့်စုံဖို့ လိုအပ်တယ် လို့တော့ ကျွန်တော်ထင်တယ် ။ ဒီ(၃) မျိုး ထဲမှာ တော့ အရေးအကြီးဆုံး ကတော့ Attitude စိတ်နေ စိတ်ထား ပဲ ပေါ့ ။
ဥပမာ .. ဝန်ထမ်းတစ်ယောက် က သက်ဆိုင်ရာ ဘာသာ ရပ်တွေ ၊ သက်ဆိုင်ရာ လုပ်ငန်း တွေ နဲ့ ပတ်သက်တဲ့ Skill တွေ ကောင်း တယ် ။ လုပ်ငန်းခွင် ဗဟုသုတ တွေ ကော ပတ်ဝန်းကျင် ဗဟု သုတ တွေ ကော ပြီးပြည့်စုံနေပေမယ့် အများအပေါ် ထားတဲ့ သူ့ ရဲ့ စိတ်ထား က မကောင်း ဘူး ။ ပတ် ဝန်း ကျင် ကို လည်း အကောင်းမမြင်တတ်ဘူး ၊ အများ နဲ့ လိုက်လျောညီ ထွေ စွာ မဆက်ဆံတတ်ဘူး ဆိုရင် တော့ သူ့ တတ်ကျွမ်းထား တဲ့ Skills တွေ ၊သိရှိထား တဲ့ Knowledge တွေ အားလုံးက အဖွဲ့ အစည်း တစ်ခု အတွက် Competency service ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ။
Skills တို့ Knowledge တို့ ကတော့လေ့လာဆည်းပူးမှု ၊ ဖြတ်သန်းလာတဲ့ လုပ်ငန်းအတွေ့အကြုံတို့ များ လာရင် ပြန်လည် တိုးတက် ပြောင်းလဲ လာ ဖို့ရှိနိုင်ပေမယ့် Attitude ပြောင်းလဲ လာနိုင်ဖို့တော့ ခဲယဉ်းတယ် လို့တော့ ကျွန်တော်ထင်တယ် လေ။ ပြောင်းလဲ လာနိုင်ရင် လည်း ပြောင်းလဲ အောင် ကြိုး စား ဖန်တီး တဲ့ သူကိုကော ၊ ကာယကံရှင် ကိုကော ချီးကျူးပါတယ် ။
Competency Service တစ်ခုဖြစ်မြောက် လာဖို့အတွက် တော့ ဒီ (၃) ခု လုံး ပြီးပြည့်စုံအောင် ဝန်ထမ်း များကို ရှာဖွေ နိုင်မယ် ဆိုရင် တော့ အဲဒီ အဖွဲ့အစည်း တစ်ခု ကတော့ အောင်မြင်မှု ရရှိမှာ လက်တစ်ကမ်း ပါ ပဲ ။
ကျွန်တော် ကိုယ်တိုင်လည်း ဒီလို Competency service ဖြစ်နိုင်မယ့် (၃) ချက်လုံးနဲ့ ကိုက်ညီ တဲ့ ဝန်ထမ်း တွေ ကို ရှာဖွေ ရွေးချယ် လေ့ ရှိပါတယ် ။
ဒီ (၃) ချက်ထဲ ကမှ မပြည့်စုံဘူး ဆို ရင်တော့ အတတ်နိုင် ဆုံး လူတစ်ယောက် ရဲ့ Attitude ကို ခန့်မှန်းကြည့်ရှုပြီး ရွေးချယ်ပါတယ်။ ကျန်တဲ့ (၂) ချက်ကတော့ ပြန်လည် မွမ်းမံ ဖြည့် ဆည်း ပေးနိုင်မယ် ထင်လို့ ပါ။
လုပ်ငန်းတစ်ခုမှာ တော့ (၃) မျိုး လုံး ပြီးပြည့်စုံ တဲ့ ဝန်ထမ်း ကတော့ ရှိတော့ ရှိပေမယ့် အရမ်း ရှားပါးပါတယ်။
ကိုယ့်လိုအပ်ချက် ကဘာရှိတယ် ဆို တာ ကိုယ့်ဘာသာကိုယ်ပဲ အသိဆုံးပါ။ ဒါ့ကြောင့် လိုအပ်ချက်ရှိတဲ့အရာ တွေ ကို နေ့စဉ် ဖြည့်ဆည်း ပြုပြင်ပြီးနေမယ် ဆို ရင် Competency ဆိုတာ အမြန်ဆုံး ရလာမှာပါ။
Competency service ရှိတဲ့ ဝန်ထမ်း တစ်ဦး ရလာရင်လည်း အတတ် နိုင်ဆုံး ထိုက်သင့်တဲ့ ချီးမြှင့်မှု တွေ ပေး ရမှာ အမှန်ပါ။
ဒါ့ကြောင့် အားလုံး လည်း ASK (၃) မျိုး လုံး ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်ပြီး ကိုယ်ကျွမ်းကျင် ပိုင်နိုင်တဲ့ ဌာန အသီးသီး မှာ ခေါင်းမော့ ပြီး နေနိုင်ကြပါစေ လို့ မျှ ဝေ ပေးလိုက်ပါတယ် ဗျာ
#sharingiscaring