rule

“စည်းကမ်းသိတတ်ပြီး၊ စည်းကမ်းရှိတတ်ပါစေ”

စည်ကမ်းဆိုတာ ဘယ်သူ့အတွက်လဲလို့မေးရင် တော်တော်များများက လူတိုင်းအတွက်လို့ ဖြေတတ်ကြပါလိမ့်မယ်။

တကယ်တမ်းက 

စည်းကမ်းရှိတယ်ဆိုတာဘာလဲဆိုတာကို နားလည်သူတွေအတွက်ရယ်၊

စည်းကမ်းရှိတယ်ဆိုတာကိုနားလည် မလည် စိတ်လဲမဝင်စားတဲ့သူတွေရယ် အတွက်ပါ။

- အိမ်မှာ အိမ်စည်းကမ်း

- ကျောင်းမှာ ကျောင်းစည်းကမ်း

- ရုံးမှာ ရုံးစည်းကမ်း အစရှိသဖြင့် ဆောင်ရမည့်၊ ရှောင်ရမည့် စည်းကမ်းတွေ ရှိနေတတ်ပါတယ်။

တကယ်တမ်းတော့ စည်းကမ်းဆိုတဲ့ စကားလုံးမှာ “စည်း”ရယ် “ကမ်း” ရယ်ဆိုပြီး စကားနှစ်လုံးပါဝင်ပါတယ်။

စည်း ဆိုတာက မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်ရအောင် သတ်မှတ်ပေးထားတဲ့ အနားသတ်မျဉ်း တစ်ခုလိုပါပဲ။

ကမ်းဆိုတာက လိုက်နာကျင့်သုံးစေချင်လို့ “ကမ်းလှမ်း” ထားတဲ့အရာပါ။

လိုက်နာနိုင်တဲ့သူတွေအတွက် စိတ်အေးချမ်းစွာ ပြုမှုနေနိုင်သလို 

မလိုက်နာနိုင်တဲ့သူတွေအတွက် လက်ရှိအခြေအနေထက်ပိုဆိုးမသွားအောင် ထိမ်းကွပ်ပေးထားနိုင်တဲ့အရာပါ။

စည်းကမ်းလိုက်နာခြင်းက ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုကို အစပြုစေတယ်။

ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်တဲ့သူတွေက ကိုယ့်ကိုယ်ကို လေးစားတဲ့သူတွေဖြစ်တယ်။

ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် ဘယ်တော့မှ မလုပ်တတ်ကြတဲ့သူတွေဖြစ်တယ်။

ဒါကြောင့် “စည်းကမ်းသည်လူ၏တန်ဖိုး” လို့ သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။

Discipline ဆိုတာကို ဒီလို အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။

Design - စီစဉ်ထားရှိခြင်း၊
Instruction – ညွှန်ကြားချက်ပေးထားခြင်း၊
Secure -လုံခြုံစိတ်ချမှုနိုင်ခြင်း၊
Control - ထိမ်းချုပ်ထားခြင်း၊
Irrefutable – ငြင်းပယ်လို့မရခြင်း ၊
Participate  - ပါဝင်ပေးရခြင်း၊
Limited - ကန့်သတ်ထားခြင်း
Implement- အထမြောက်အောင်လုပ်ဆောင်ပေးရခြင်း၊
Non Negotiable - ညှိနှိင်းလို့မရ၊
Ethic - ကျင့်ဝတ်နဲ့အညီနေထိုင်ခြင်း၊

တန်ဖိုးရှိတဲ့လူတွေဟာ စည်းကမ်းကိုနှစ်သက်မြတ်နိုးတတ်ပြီး အသေးစိတ်လေးတွေက ဂရုတစိုက်ထိမ်းသိမ်းပြုမှုနေထိုင်တတ်တာကြောင့် စိတ်အေးချမ်းငြိမ်းချမ်းမှုတွေနဲ့အတူ ကျက်သရေရှိနေတတ်ကြပါတယ်။

စည်းကမ်းတကျပြုမှုနေထိုင်တတ်လေလေ ဘဝအနေလှပလေလေဖြစ်ပြီး နေထိုင်ပြုမှုပြောဆိုမှုမှာ အထက်တန်းကျပြီး မျက်နှာပန်းလှနေမှာ မလွဲဧကန်ပါပဲ။

💪နေ့စဉ်ဘဝအမောတွေ ဝေးပါစေ။

💪ဒီနေ့ ကိုယ့်နေ့ဖြစ်ပါစေ။

သင်ယူလေ့လာလျက်
Ko Ko Aung
NLP Master Trainer & Business Coach

U Ko Ko Aung သည် Breakthrough Coaching, Training & Consulting ရဲ့ Managing Director တစ်ဦးဖြစ်ပြီး လုပ်ငန်းရှင်များကို Coaching နှင့် Training ဝန်ဆောင်မှုများ ပေးနေသည့် Master Coach တစ်ဦးလည်း ဖြစ်ပါတယ်။ U Ko Ko Aung ရဲ့ ကိုယ်ရေးအကျဉ်းကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://breakthroughleadershipacademy.com/instructor-profile-ko-ko-aung/

Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ