FIBER OPTIC CABLE

 FIBER OPTIC CABLE

***Unicode***
Fiber Optic Cable
==================
Fiber Optic အကြောင်းလေးရေးမယ်စဉ်းစားတော့ မထူးပါဘူး ခုမှစပြီးလေ့လာြကတဲ့ Junior တွေအတွက်အခါတည်းဖြစ်သွားအောင် Data Cable လေးတွေအကြောင်းပါအ
ကုန်အခြေခံထဲ့ရေးပေးလိုက်ပါတယ်နော်သိသလောက်ဖတ်သလောက်အခြေခံပေါ့။
Data Cables
==========
များသောအားဖြင့်လက်ရှိအသုံးများဆုံး cable အမျိုးအစားတွေကတော့သိပြီးသားပါ Network သင်တန်းတွေမှာလဲသင်ဖူးမှာပါ
* twisted-pair cables
* coaxial cables
* fiber-optic cables
တို့ဖြစ်ကြပါတယ်။
twisted-pair cables
===================
Twisted pair cable တွေကိုလက်ရှိမှာ တယ်လီဖုန်းလိုင်းတွေနဲ့ Network Ethernet cable တွေအတွက်သုံးကြတာများပါတယ်။ကျွန်တော်တို့ network ကြိုးတွေ
ဖြတ်ကြည့်တဲ့အခါတွေ့မှာ နှစ်ကြိုးလိမ်ပြီးရှိနေတာလေ အရောင်တောင်တူတူလေးတွေနဲ့ ငယ်ငယ်ကကျောင်းတွေမှာကုန်းအော်ဖူးတာတွေရှိမှာပေါ့(ဖြူညိုညိုဖြူပြာစိမ်း ဘလာ ဘလာ ဘလာ
😛)ကျွန်တော်လဲတခါတလေခုထိအော်မိတယ်စိတ်ထဲကနေ 🙂 ၊ထားပါတော့လျှာနဲနဲရှည်တော့အခါတလေလမ်းကြောင်းချော်ချော်သွားရင်ခွင့်လွှတ်။အဲ့တော့ twistd pair cable
တွေက ၂ လွှာပေါင်းမှတစ်ရွက်ဆိုသလိုအချစ်ကြိုးလေးတွေ ၂ ခုပေါင်းပြီးအလုပ်လုပ်ကြတာပေါ့၊ကြိုးလေးနှစ်ခုပေါင်းပြီး circuti လေးတည်စောက်ပြီး data transfer လုပ်ပါတယ်။
ဘာလို့လိမ်ထားတာလည်းဆိုရင်တော့ချစ်လို့လားတော့မသိဘူးပေါ့ အဓိက ၂ ချက်ကတော့ data transfer လုပ်တဲ့အခါမှာကြိုးထဲကိုလျှပ်စစ်လွှတ်လိုက်ပါတယ်အဲ့လျှပ်စစ်ကနေသံလိုက်စ
က်ကွင်းလေးအသေးလေးဖြစ်သွားပါတယ်ကြိုးနှစ်ချောင်းကိုအရမ်းကပ်ပူးထားခြင်းဖြင့်သံလိုက်စက်ကွင်းနှစ်ခုကအခြင်းခြင်းအတွင်းကိုပြန်ထိမ်းထားကြလို့ လျှပ်စစ်သံလိုက်တွေကအပြင်မထွက်
တော့ဘေးကိုအနှောက်အယှက်မဖြစ်ပဲ data ကောင်းကောင်းပို့လို့ရတာပေါ့အဲ့ဒါကြောင့် ၁-သံလိုက်စက်ကွင်း crosstalk ဖြစ်တာကာကွယ်ဖို့နဲ့ ၂-အချင်းချင်းထိမ်းထားတဲ့အတွက်ကိုယ့်
စက်ကွင်းလဲအပြင်မထွက်ဖို့အခြခံအားဖြင့်ပြောလို့ရပါတယ်။အခြေခံအားဖြင့် Netowrk twisted pair ၂မျိုးရှိပါတယ်အဲ့တာကတော့ unshielded twisted pair
(UTP)နဲ့ shielded twisted pair (STP)ပါ။
UTP
UTP ကို networking ချိတ်ဆက်တဲ့နေရာတော်တော်များများမှာအသုံးပြုကြပါတယ်။ကြေးကြိုးလေးရှစ်ချောင်းပါြပီးကြိုးတစ်ခုချင်းစီကိုလျှပ်ကာအုပ်ထားပေးပါတယ်။ကြိုးလေးရှစ်ချောင်းက ၂
ချောင်းစီလိမ်ထားတာတွေ့ရမှာပါ twist pair ဆိုတဲ့အတိုင်းပေါ့။ကြိုးအဲ့အလိမ်အရေအတွက်ပေါမူတည်ပြီးဘယ်လောက်အပြင်က electromagnetic interference တွေ
Radio frequency တွေကိုကာကွယ်ိနုင်လဲကွဲပြားပါတယ်။တစ်မီတာမှာဘယ်လောက်အလိမ်လေးတွေရှိရမယ်ဆိုတာတွေလည်းသက်မှတ်ချက်ရှိပါတယ်။ RJ45 network ခေါင်းတွေ
နဲ့သုံးကြတာများပါတယ်။ UTP ကြိုးကိုအသုံးပြုတဲ့နေရာပေါ်မူတည်ပြီးသုံးတဲ့လျှပ်စစ်အားလဲကွာပါတယ် network cable တွေမှာ 100 ohms သုံးပြီး phone ကြိုးတွေမှာဆိုရင်တော့
600 ohms သုံးပါတယ်။ဈေးသက်သာပြီး ကြိုးကလည်းသေးတဲ့အတွက်တော်တော်များများ LAN တွေမှာအသုံးများကြပါတယ်။ဒါပေမဲ့ electrical noise တွေနဲ့
interference တွေများလို့ကျန်တဲ့ coaxial နဲ့ fiber-optic cable တွေထက်တော့အကွာအဝေးရောက်တာနဲပါတယ်။စသုံးကာစကတော့ data transfer နှေး
ပေမဲ့နောက်ပိုင်းနည်းပညာတွေကြောင့် copper wire တွေထဲမှာ transfer အမြန်ဆုံးလိုဖြစ်လာပါပြီ။ UTP cable type တွေကိုပုံမှန်အားဖြင့် လောလောဆယ် ၇မျိုးလော
က်တွေ့ရပါတယ်။ Categoryနဲ့ခွဲထားပြီးကျွန်တော်တို့ခေါ်နေတဲ့ Cat5,Cat6 စသဖြင့်ပေါ့။
-Category 1- ဖုန်းကြိုးအတွက်အသုံးပြုကြပါတယ် ဒေတာအတွက်တော့အဆင်မပြေပါဘူး။
-Category 2- ဒေတာပို့ဖို့အသုံးပြုလို့ရပါတယ် အမြန်နှုန်းကတော့ 4 megabits per second(Mbps)ပါ။
-Category 3- ဒေတာပို့ဖို့အသုံးပြုလို့ရပါတယ် အမြန်နှုန်းကတော့ 10 megabits per second(Mbps)ပါ။
-Category 4- Token Ring Network တွေမှာသုံးတာများပါတယ် ဒေတာအမြန်နှုန်းက 16 megabits per second(Mbps)ပါ။
-Category 5- 100 Mbps ပို့နိုင်ပါတယ်
-Category 5e-1000 Mbps အမြန်နှုန်းရပါတယ် (1gigabit par second (Gbps))
-Category 6- 1000 Mbps အမြန်နှုန်းရပါတယ် (1gigabit par second (Gbps))
-Category 6e- ကတော့ပို bandwidth ကျယ်တယ် Category 6a ကတော့ 10Gbps ထိရတယ်ပြောပါတယ်။
STP
ကတော့ UTP လိုပါပဲ သူ့မျာလည်းကြိုး ၈ ချောင်းပါပါတယ် လိမ်ထားတဲ့၂ ချောင်းစီကိုကာဘာအုပ်ထားသလို အပြင်ကြိုးကိုလည်း metallic shield အုပ်ထားပါတယ်။
UTP ထက်ကြိုးပိုကြီးပြီး installation လုပ်ရတာတော့ပိုခက်ပါတယ်ဒါပေမဲ့ပိုအကြမ်းခံပြီး အပြင်အနှောက်အယှက်ကင်းပါတယ်။ဒါပေမဲ့ installation လုပ်တဲ့အခါမှာ
ground ချဖို့သေချာတပ်ဆင်ဖို့လိုပါတယ်သေချာ ground မချရင် matallic shield က intenna လိုဖြစ်ပြီးအပြင်အမလိုတဲ့ signal တွေအနှောက်အယှက်ဖြစ်ပါတ
တ်ပါတယ်။သူလည်း Category ခွဲထားတဲ့အထဲပါပါတယ်။ရေးရင်းနဲ့ Fiber လိုရင်းမရောက်ပဲများသွားမှာဆိုးလို့ပါ။
Coaxial Cable
=============Coaxial Cable ကတော့အတွင်းပိုင်းမှာ copper wire ကြိုးသေးသေးလေးရှိပါတယ်၊အဲ့တာကိုအပြင်ပိုင်းက copper အမျှင်လေးတွေယက်ထားတဲ့ဟာ
ဖြစ်ဖြစ် သတ္တုကာဘာလေးဖြစ်ဖြစ်နဲ့အုပ်ထားပြီးဒုတိယကြိုးအနေနဲ့လုပ်ဆောင်တာပါ TV အင်တန်နာကြိုးတွေမှာမြင်ဖူးကြမှာပါ။အဲဒိအပြင်ကအုပ်ထားတဲ့ဟာကကြိုးအနေနဲ့အလုပ်လုပ်သလို
outside interference အကာအကွယ် shield အနေနဲ့လည်းအလုပ်လုပ်ပါတယ်။ Coaxial cable တွေက twisted pair ထက်ပိုပြီးအကွာအဝေးပိုရပါတယ်။
အမြန်နှုန်းကတော့ 10 to 100 Mbps လောက်ရပါတယ်။ Ethernet cable တွေက 100 မီတာလောက်ပဲအဝေးကောင်းကောင်းရပေမဲ့ coaxial တွေကတော့ 500
မီတာလောက်ထိကိုကောင်းကောင်းရောက်ပါတယ်။အကွာအဝေးတော်တော်များတဲ့ CCTV, Sattlite Cable TV တွေမှာသုံးတာတွေ့ရပါတယ်။ဒီလောက်ဆိုအခြေခံသိလောက်ပါပြီနော်။
Fiber Optic
============
Fiber Optic Cable ကတော့ Data ပို့တဲ့နေရာမှာ အလင်းရောင် Light signal ကိုအသုံးပြုထားတဲ့နည်းပညာြဖစ်ပါတယ်။ပြစ်လွှတ်လိုက်တဲ့ လေဆာအလင်းရောင်ဟာ
ကြိုးတွင်းမှာရှိတဲ့ ဖန်ပွန်လိုင်း သို့မဟုတ် ပလတ်စတစ်လိုင်းအတိုင်းသွားတာဖြစ်ပါတယ်။ Fiber cable ရဲ့ဖွဲ့စည်းပုံကိုကြည့်ရင် အတွင်းအကျဆုံးအပိုင်းမှာတော့ (Optical Core)
စီလီကွန်ဖန်ချောင်း ဒါမှမဟုတ် ပလက်စတစ်နဲ့လုပ်ထားတဲ့ဖန်ချောင်းလေးပါပါတယ် အဲ့ဒါလေးကိုအပေါ်ကနေအလင်းပြန်နိုင်စွမ်းအားကောင်းအောင် Refractive Coating
(Cladding)အုပ်ထားပေးတဲ့အတွက်အလင်းကအပြင်မထွက်ပဲအထဲမှာပဲအလင်းပြန်ပြီးပို့လိုက်တဲ့နေရာကိုသွားပါတယ်။အဲ့ပေါ်မှာတော့ Buffer Coating ကိုရေငွေ့ပြန်မှုနဲ့အခြားပြင်ပဒ
ဏ်တွေကာကွယ်နိုင်အောင်လုပ်ထားပါတယ်ပြီးတော့ Buffer Coating အရောင်လေးတွေနဲ့အုပ်ထားတာဖြစ်ပြီးကြိုးရဲ့အသုံးပြုမဲ့ color code တစ်ခုအနေနဲ့လည်းသတ်မှတ်ခွဲခြားလို့
ရအောင်လုပ်ထားပါတယ်။ အဲ့လိုတစ်ကြိုးကို 1 core လို့အကြမ်းဖြင်းသုံးပါတယ်။ 4 core,8 core,12 core စသဖြင်အဲ့လိုကြိုးလေးတွေပါတဲ့အရေအတွက်ကိုပြောကြပါတယ်။
အဲ့လို Buffered လုပ်ထားတဲ့ကြိုးလေးတွေကို ပေါင်းထားတဲ့ကြိုးအကြီးမှာလည်း ၂ မျိုးခေါ်ြကပါတယ် Tight Buffered Cable and Loose Tube Buffer
Cable ဆိုပြီး ကျပ်နေအောင်ထဲ့ထားတာနဲ့ကြိုးလုံးကြီးကြီးမှာထဲ့ထားတာ ၂မျိုးလို့ပဲအခြေခံမှတ်ထားလိုက်ပါ။
Fiber Optic တွေကဒေတာတွေကို အလင်း light particles (photons) အနေနဲ့ပို့ဆောင်တာြဖစ်ပါတယ်။လွယ်လွယ်ပဲပြောရရင်ပို့လိုက်တဲ့အလင်းတန်းဟာ
ဖန်ပြွန်လေးထဲမှာဘောင်ဘင်ရိုက်ပြီးအလင်းပြန်းပြီးသွားပါတယ်။ဒါပေမဲ့ အလင်းအမြန်နှုန်းထိတော့မရောက်ပါဘူးထူထပ်တဲ့ Glass layer တွေကိုအလင်းပြန်တဲ့အတွက် အလင်းရဲ့အမြန်နှုန်း
ထက်တော့ ၃၀%လောက်နှေးပါတယ်ဒါပေမဲ့လဲအဲ့လောက်အမြန်ကလဲ ၁ စက္ကန့်ကိုကမ္ဘာတော်တော်ပတ်ပြီးလောက်ပါပြီ။တခါတလေအရမ်းဝေးတဲ့အကွာအဝေအတွက်တော့ repeater တွေ
ဘာတွေလိုတတ်ပါတယ်။
Safety
=======
Fiber အကြောင်းပြေားနဲ့ fiber နဲ့ပတ်သတ်နဲ့ safety အကြောင်းလေးပါထဲ့ရေးပေးလိုက်ပါတယ်။ လေဆာအလင်းတန်းနဲ့သွားတဲ့အရာမို့မျက်လုံးကိုထိခိုက်နိုင်ပါတယ် သာမန်
အရမ်းပြင်းတဲ့လေဆာတွေလောက်မဟုတ်သော်လည်းမျက်စိကိုလေဆာတဲ့တိုက်ရိုက်ထိခိုက်တာတော့မကောင်းဘူးပေါ့ အဲ့တော့ဆင်တဲ့အခါမှာြကိုးထိပ်ပေါက်ကလေးကို တတ်နိုင်သလောက်မကြည့်
တာကောင်းပါတယ်။လေဆာလွှတ်ထားမထားမသိနိုင်ပါဘူးတိုင်းကြည့်မှသိတာပါ အနီအောက်ရောင်ခြည်ဖြစ်နေလို့သာမန်မျက်လုံးနဲ့မြင်နိုင်ဖို့ခက်ပါတယ်။ကျွန်တော်တို့ကတော့တခါတလေ ဖုန်းကင်မ
ရာလေးနဲ့ကြည့်ကြတယ် ဖုန်းကင်မရာပေါ်မှာ infrared ကမြင်ရတာကိုး 😃 အိမ်က TV remote တိုဘာတို့ဖုန်းကင်မရာနဲ့ထိပ်က IR မီးသီးလေးကို video ရိုက်ထားရင်ခလုပ်နိ
ပ်ကြည့်အနီလေးလင်းလာတာတွေ့မှာပေါ့ remote ကောင်းမကောင်းစမ်းတာပေါ့ :)၊ Fiber မှာတကယ့်အရေးကြီးတဲ့ဂရုစိုက်ရမဲ့ဟာကတော့ ကြိုးထိပ်ဖျားလေးက က ဖန်ချောင်းစလေး
ပါပဲအဲ့တာလေးကအန္တရယ်ကြီးပါတယ် သူကဖန်ချောင်းလေးကိုဖြတ်ထားတာဆိုတော့အရမ်းထက်အရမ်းရှပြီးအရေပြားထဲလွယ်လယ်နဲ့စိုက်ဝင်သွားနိုင်ပါတယ်၊မျက်လုံးထဲအဲ့အစလေးဝင်သွားရင်တော့
ထုတ်ဖို့တော်တော်ခက်သလိုမျက်လုံးအတွင်သားကိုလိုက်ရှတော့မှာလက်နဲ့တော့စွတ်မပွတ်မိစေနဲ့ ဗိုက်ထဲဝင်သွားရင်တော့လားပြောရင်းလန့်တယ်။အဲတော့သတိထားကြပါ။ အဲ့တော့ Fiber
ကြိုးသုံးရင်
၁-ကြိုးစကြိုးနတွေသေချာရှင်းပြစ်ပါ
၂-လွတ်ပြစ်ရင်လဲသေချာထုပ်ပြီးပြစ်ပါ fiber ကြိုးတွေဖြတ်တာဆက်တာတွေက အမဲရာင်အောက်ခံပြားပေါ်တင်လုပ်ရင်တော့ပိုကောင်းပါတယ် ငွေရောင်အမျှင်လေးတွေမြင်ရလွယ်တာပေါ့၏
၃-ကော်ဇော်ပေါ်တွေ ဖိနပ်တွေနား ဆောင်တွေဘာတွေ ပျောက်လွယ်တဲ့နေရာတွေမှာလဲမလုပ်တာကောင်းပါတယ်၊ စားတာသောက်တာလဲ လုပ်ငန်းခွင်အနီးအနားမစားတာကောင်းပါတယ်။
Fiber cable ကြိုးဆက်တဲ့အချိန်သုံးတဲ့ cleaner တွေဘာတွေလဲသေချာစနစ်တကျသိမ်းတာကောင်းပါတယ်။
Dirt
=====
Fiber ကြိုးမျှင်လေးတွေကအရမ်းသေးငယ်ပြီးအလင်းသွားတဲ့အခါအနှောက်အယှက်မဖြစ်အောင်သန့်ရှင်းနေဖို့လိုပါတယ်။လေထာမှာြပန်ဝဲနေတဲ့ဖုံမှုန့်လေးတွေက Fiber core အရွယ်အ
စားလောက်လေးတွေပါ အဲ့တာလေးတွေကပ်နေရင်တော့အလင်းယိုင်ပြီးကောင်းကောင်းအလုပ်လုပ်မှာမဟုတ်ပါဘူး။အဲ့တာကြောင့်သန့်ရှင်းတဲ့နေရာတွေမှာလုပ်ပါ ပတ်ဝန်းကျင်ကိုနဲနဲသန့်သန့်လေးဖြ
စ်အောင်ပေါ့ နမူနာ တစ်ယောက်ကကြီုးဆက်နေပါတယ်ဆိုနောက်တစ်ယောက်က ဘေးမှာဖုန်ထမဲ့ဟာတွေထုထောင်းနေတာမျိုးလုပ်နေတာမျိုးပေါ့။အမြဲဆက်မဲကြိုးစလေးတွေကိုအရက်ပြန်လိုဟာ
မျိုးလေးနဲ့သန့်ရှင်းပေးပါမဆက်ခင်။
Fiber Specification
===================
Fiber specification အနေနဲ့ကတော့အကြမ်းအားဖြင့်ပြောရင် ကြိုးအရွယ်အစား၊ core အရွယ်အစား နဲ့ bandwidth တွေပေါမူတည်ပြီးကွာြကပါတယ်။ထုတ်လုပ်တဲ့ စက်
ရုံတွေကအဲ့တာတွေပေါမူတည်ပြီးထုတ်ကြပါတယ်။အလင်းသွားမဲ့ဒေါင့်လေးတွေကောင်းအောင်တို့အပေါ်ဖန်မျှင်လေးတွေဝိုင်းနေတာတို့စတို့ Connection ပေါ်ကောင်းစေတဲ့အချက်တွေပေါ်မူတ
ည်ပြီး Quality ကွာသွားကြတာများပါတယ်။
Multimode & Singlemode Fiber
============================
Fiber cable မှာ ၂ မျိုးရှိပါတယ် multimode နဲ့ Singlemode ဆိုပြီးတော့နှစ်ခုလုံးရဲ့ core လုံးပတ်ကတော့ 123 microns ရှိတယ်လို့ဆိုပါတယ်။ Fiber ကြိုး
အရွယ်အစားတိုင်းတဲ့နေရာမှာ micron unite ကိုသုံးကြပါတယ် 1 micron ကတော့ ၁မီတာရဲ့အပုံ တစ်သန်းပုံ တစ်ပုံဖြစ်ပါတယ်(1/1000000 meter)ကိုပြောတာဖြစ်ပြီး
125 microns ဆိုတာ 0.005 လက်မရှိပြီးလူ့ဆံပင်ထက်နဲနဲလေးကြီးပါတယ်။အဲ့တာကတော့ဖန်ပြွန်လေးတစ်ချောင်းရဲ့အရွယ်ကိုပြောတာပါ။ Multimode Fiber ကတော့အဲ့အမျှ
င်ထဲမှာအင်းတန်းလေး(mode)တွေအများကြီးသွားတာကိုပြောတာပါ။အဲ့တာကြောင့်သူကအတွင်းလှိုင်ပေါက်ကကြီးပါတယ်။ခုပြောတဲ့လှိုင်ပေါက်ဆိုတာခုနကပြောတဲ့ဆံပင်လောက်ရှိတဲ့ဖန်ပြွန်ထဲကလှို
င်ပေါက်ကိုပြောတာနော်။လှိုင်ပေါက်အကျယ်ကတော့ 62.5 microns လောက်ရှိပါတယ်ပြီးတော့ light အတွက် LED သို့မဟုတ် Laser ကိုသုံးပါတယ်။ Single Mode
Fiber ကတော့ခုနကပြောတဲ့ ဖန်ပြွန်ထဲကလှိုင်ပေါက်လေးကအရမ်သေးပါတယ်ဘာလို့လဲဆိုတော့သူကဖန်သားထူပြီးအတွင်းသေးသေးလေးမှာ အလင်းတန်း ၁ခုပဲသွားလို့ပါ။သူ့လှိုင်ပေါက်အရွယ်
အစားကတော့ 9 microns ပဲရှိပါတယ်။အပေါ်ကပြေသလိုပဲ plastic နဲ့လုပ်တဲ့ fiber core ကတော့ကြီးပါတယ် 1mm လောက်ရှိပြီးနီးနီးလေးပဲရပါတယ် နောက်ပိုင်းသိပ်မ
တွေ့တော့ပါဘူး။
Step Index multimode > ကတော့အလင်းတန်းတွေကလမ်းကြောင်းတစ်လျောက်အလင်းပြန်တဲ့အခါ ဒေါင့်ချိုးတွေက ရိုက်ချင်တဲ့နေရာရိုက် ပြီးစနစ်တကျမရှိပါဘူး ဟိုးအရင်
plastic fiber core တွေမှာတွေ့ရတဲ့ mode ပေါ့
Graded index moultimode > အလင်းတန်းတွေကို တစ်စုတစ်စည်းတည်းတဲ့ဒေါင့်တွေတူတူစနစ်တကျအလင်းပြန်နိုင်အောင်လုပ်ထားလို့ ရှုပ်မနေတော့ပဲသေချာသွားနိုင်လို့
signal ပို့ရတာလဲအစီအစဉ်တကျဖြစ်လိုဒေတာ speed ကောင်းပြီး 2 Gigahertz ထိသွားနိုင်ပါတယ်။
Singlemode > ကတော့သေးငယ်ပြီးအလင်းကတစ်ကြောင်းထဲသွားရလို့အရမ်းမြန်ပြီး Bandwidth ကလည်းတွက်မရလောက်တဲ့နည်းပါးများပါတယ်။လက်ရှိတော့ bandwidth ကို
100,000 gigahertz ထိပဲသက်မှတ်ပြီးသုံးနေကြပါတယ်။
(ဒီနေရာမှာတစ်ခုမရှင်းဖြစ်ကြတာက ကြိုးကြီးတာကနှေးပြီး ကြိုးလေးသေးလေးကြတော့အရမ်းမြန်တယ်ဆိုတာကိုပါ အခြေခံပြေရရင် light နဲ့ signal ပို့တာကလွယ်လွယ်ပြောရရင်
ကျွတ်တော်တို့ခေတ်ကပေါ့နော် 😛 ရည်းစားထားကောင်မလေးနဲ့တွေ့ချင်တော့သူအိမ်ဘေးညဘက်သွားပြီးဓာတ်မီးလေးနဲအချက်ပြကြသလိုပေါ့ ဖွင်လိုက်ပိတ်လိုက် ဘယ်နှခါလုပ်ရင် ချစ်တယ်
ပြောတာ ဘယ်နှခါလုပ်ရင်တော့ တွေ့ချင်တယ်ပြောတာ ကောင်မလေးကလည်းအိမ်ထဲကနေ ဘယ်နှခါြပန်လုပ်ရင်တော့ ရှင်လစ်တော့ အဖေဓားနဲ့လိုက်လာြပီပေါ့ အဲ့လိုပါပဲ Data
comunication အာလုံးက အခြေခံ signal နည်းပါပဲ ligh လဲခုလိုပဲအပိတ်အဖွင့်တွေပါပဲ အဲတော့အလင်းမြန်မြန်ရောက်တာပိုမြန်တာပေါ့ အဲ့သဘောပါ ကောင်မလေးစီလေဆာ
နဲ့ထိုးပြီအချက်ပြပါတယ်ဆိုမှသူ့တည့်မရောက်ပဲ ယွခမ အခန်းကမှန်ကနေတဆင့်အလင်းပြန်ထိုးနေရင်တော့ transfer rate နဲတာပေါ့နော် 😃 )
Single mode fiber တွေကိုတော့ long distance နဲ့ backbone တွေမှာသုံးကြပါတယ်။ Multimode ကိုတော့ indoor တွေ LAN တွေမှာအသုံပြုကြပါတ
ယ်။ တစ်ခုသတိထားရမှာကတော့ single mode နဲ့ multimode ဆက်သုံးလို့မရပါဘူး အဲ့တော့ fiber ရှိပြီးသား network တခုကိုထပ်တိုးရင်း ကြိုးအမျိုးအစားသတိထားပါ
မှားဝယ်နိုင်ပါတယ်။ နောက်တစ်ခုက သုံးတဲ့ခေါင်းတွေconnector တွေ termination လုပ်မဲ့ဟာတွေလဲမှားတတ်ပါတယ်။
Fiber Optic Termination
=======================
Fiber Termination လုပ်တဲ့ဟာအတွက်တော့အခြေခံအားဖြင့် ၂ မျိုးလုပ်ကြပါတယ်။တစ်မျိုးကတော့ connectors တွေသုံးပြီး Fiber network ကိုယာယီဖြုတ်တတ်လို့
ရတဲ့ဟာမျိုးပေါ့ switch တွေ Fiber Patchpanel တွေသုံးတဲ့အခါမှာလုပ်ကြသလိုပေါ့။နောက်တစ်ခုကတော့ Fiber Splicer တွေနဲ့တခါတည်းအသေဆက်လိုက်တာမျိုးဆို
ပြီးလုပ်ကြပါတယ်။အဲ့လိုတွေဆက်ကြတဲ့အခါမှာလည်း နည်းစနစ်မှန်မှန်ကန်ကန်နဲ့ light loss အနဲ့ဆုံးဖြစ်အောင် ဖုံမှုန်တွေကင်းအောင်ဂရုစိုက်ရပါမယ်။ Fiber Cabling လောက
မှာတော့ termination ကအဓိကအကျဆုံးလိုဖြစ်နေတာပေါ့ ဆက်တဲ့နေရာမှာတော့ connectors တွေမျိုးစုံရှိသလို နည်းလမ်းတွေလည်းအများကြီးရှိပါတယ်။အဲ့မှာလည်းပေါ်ကပြော
သလို singlemode နဲ့ multimode ဆက်တာအချို့မတူပါဘူးအဲ့တော့ကိုယ်လုပ်မဲ့ ကြိုးအမျိုးအစားကိုလည်းသေချာသိဖိုလိုပါတယ်။
Connectors
==========
Fiber optic နည်းပညာကို ၁၉၇၀ နောက်ပိုင်းလောက်ကစလေ့လာအသုံးပြုခဲ့ကြတော့ connectors တွေလဲအမျိုးမျိုးထက်ထက်ပြီးပေါ်လာပါတယ် နောက်ပိုင်းထွက်လာတာတွေ
ကတော့ပိုကောင်းပြီးပိုလွယ်ကူလာတာပေါ့။ကြိုးဆက်တဲ့နေရာမှာလဲ light loss ဖြစ်ပုံတွေ error တွေလည်းမတူကြပါဘူး။ဒါကတော့ pratical သင်ခန်းစာတွေမှာသေချာသင်
တာပိုကောင်းပါတယ်။အချို့ အသုံးများတဲ့ connector လေးတွေတော့မိတ်ဆက်ပေးလိုက်ပါမယ် ညောင်းမဲ့အတူတူတော့
ST = ST ကတော့ multimode network အတွက်အသုံးတော်တော်များတဲ့ connector အမျိုးအစားတစ်ခုပါ။အစောက်အဉီးတွေ၊LAN တွေတော်တော်များများမှာလည်းသုံးကြ
ပါတယ်
FC/PC = ကတော့ singlemode တွေမျာသုံးတာများတဲ့ connector တစ်ခုပါနဲနဲတော့တတ်ရတာခက်တဲ့ထဲပါပါတယ်အဲ့ခေါင်းတွေက သေချာချိန်ရပါတယ်။နောက်ပိုင်းတော့ SCs
and LCs တွေနဲ့အစားထိုးသုံးလာကြပါတယ်။
SC = SC connector ကတော့ snap-in connector အမျိုးအစားပေါ့ လှဲ့နေကျတ်နေစရာမလိုပဲ ပလက်တပ်သလိုထိုးထဲ့လိုက်ရုံပဲ singlemode တွေမှာအသုံးများပါ
တယ်။ duplex connector အမျိုးအစားတွေမှာလဲ ဒီကောင်သုံးကျတာများပါတယ်။
အောက်ကဟာတွေကတော့နောက်မှပေါ်လာကြတဲ့အသစ်တွေပါ ပိုသေးအောင်လွယ်ကူအောင်လုပ်ထားတဲ့ Small Form Factor( FSS) connector လေးတွေပါ
LC = LC ကတော့ 1.25 mm ပဲရှိတဲ့ခေါင်းလေးတဲ့လုပ်ထားတာပါ ST ရဲ့တစ်ဝက်လောက်ပဲရှိပါတယ်။ standard size တစ်ခုလိုသက်မှတ်ထားပြီးလုပ်ထားတာြဖစ်တဲ့အတွက် အသုံးပြုရလွယ်ကူပြီး singlemode တွက်တော်အသုံးဝင်တဲ့ connector တစ်ခုပါ။
MT-RJ = ကတော့ duplex connector ဖြစ်ပြီးခေါင်းသေးသးလေးတစ်ခုတည်းမှာပဲ ၂ ကြိုးလုံးထဲ့ထားတာပါ။ပြီးတော့သူက male နဲ့ female version ခေါင်းတွေရှိတော့တပ်ဆင်တဲ့နေရာမှာလည်းအထောက်အကူပြုပါတယ်။ multimode တွေမှာပဲအသုံးပြုကြတာပါ။
Opti-Jack ကတော့ duplex အတွက်ဖြစ်ပြီး network RJ45 အရွယ်လောက်ထဲမှာ ST-Type ၂ခုပေါင်းထဲ့ထားတာပါ။သူလည်း male and female (Plug and jack)ရှိပါတယ်။
ဒါတွေကတော့အသုံးများတဲ့ connector လေးတွေပါကျန်တာတွေလည်းအများကြီးရှိပါတယ်။Termination လုပ်တာနဲ့ Tools တွေအကြောင်းတော့နောက်မှထက်ရေးပါတော့မယ်။



Popular posts from this blog

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ

ဝါယာ

Hacker ဖြစ်ချင်လား

အုိင္ဒီယာကို သေဘာက်လို႔ပါ

စက်

ခေါင်းဆောင်

အငုံစိတ်

အလုပ်အတွက်

မိမိ